တနင်္ဂနွေနေ့တစ်နေ့မှာ ဆွဲဆောင်မှုရှိတဲ့ အဝတ်အစားတွေဝတ်ဆင်ပြီး ကိတ်မုန့်အတူတူခွဲကာ အိမ်တစ်အိမ်လုံးမှာလည်း ဘောလုံးတွေအလှဆင်လျက် ပါတီပွဲကျင်းပနေပုံကို ကြည့်ခြင်းအားဖြင့် Miley နဲ့ Liam တို့ တိတ်တဆိတ်မင်္ဂလာဆောင်လိုက်ပြီလားလို့ ထင်မိပါတယ်။
သူတို့စုံတွဲနဲ့ အနီးစပ်ဆုံး သူငယ်ချင်းတစ်ယောက်က Instagram Story မှာ ပုံတင်ထားတာကိုတွေ့ပြီးနောက် ပုရိသတ်များကလည်း အံ့အားသင့်နေကြပါတယ်။ ထို instagram story အရ Miley ဟာ အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သတို့သမီးတစ်ယောက်ကဲ့သို့ လှပနေတာကို တွေ့မြင်ရမှာပါ။
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share