အလုပ်ပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ အပြင်မထွက်ဘဲ အိမ်မှာပဲ အေးအေးဆေးဆေးနှပ်ချင်တဲ့ သူငယ်ချင်းတွေအတွက် Netflix က လူကြိုက်များတဲ့ ဇာတ်လမ်းတွေကို Trailer လေးတွေနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။
- The Crown
ဘုရင်မကြီး အဲလီဇဘက် (1209၂)ရဲ့ ဘဝအကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။
- Stranger Things
လျှို့ဝှက်ချက်တွေနဲ့အတူ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းတဲ့ ခံစားမှုရသကို တစ်ပြိုက်နက်တည်း ပေးစွမ်းနိုင်တဲ့ ဆုတွေရရှိထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။
- Riverdale
အထက်တန်းကျောင်းသားတွေကြားမှာ ကြောက်လန့်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။
- Friends From College
တကယ်လို့ သင်ဟာ ဟာသဇာတ်မြူးကားတွေ ကြိုက်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းတွဲကို လက်မလွှတ်သင့်ပါဘူး။
- Marvel’s Jessica Jones
Marvel ရဲ့ ဟီးရိုးဇာတ်ကောင်တစ်ခုဖြစ်တဲ့ Jessica Jones ဇာတ်လမ်းတွဲကတော့ ကမ္ဘာကြီးမှာ မိန်းကလေး လူစွမ်းကောင်းတွေ လိုအပ်နေတယ်ဆိုတာကို သက်သေပြနေပါလိမ့်မယ်။
- Dear White People
ဒီဇာတ်လမ်းတွဲလေးကတော့ ဝင်ချက်စတာတက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသားတွေကြား အသားအရောင်ခွဲခြားမှုတွေ၊ တရားမျှတမှုမရှိတာတွေကို မီးမောင်းထိုးပြနေတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။
- Shameless
ဟာသဇာတ်မြူးဇာတ်လမ်းတွဲတစ်ခုဖြစ်လို့ ဟာသဇာတ်ကားကြိုက်နှစ်သက်သူတွေ သဘောကျမှာ ကျိန်းသေပါတယ်။
- Arrested Development
Horrible Bosses ထဲမှ ဟာသမင်းသားကြီး Jason Bateman ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသဇာတ်မြူး ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။
- Pretty Little Liars
မင်းသမီးချောလေးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။
- How To Get Away With Murder
လျှို့ဝှက်ချက်တွေနဲ့ ရှုပ်ထွေးနေတဲ့ အချစ်ဇာတ်လမ်းဖြစ်သလို အံ့အားသင့်ဖွယ် အရည်အချင်းရှိတဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေနဲ့ အကောင်ဆုံးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။
- Sherlock
BBC ရုပ်သံလိုင်းရဲ့ ခေတ်သစ် ရှားလော့ဟုမ်း ဇာတ်လမ်းတွဲကလည်း သင့်ကို စိတ်ကျေနပ်မှုအပြည့် ပေးနိုင်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။
- Black Mirror
နည်းပညာတွေရဲ့ အံ့အားသင့်ဖွယ် ကြောက်ရွံ့ဖို့ကောင်းတဲ့အကြောင်းကို ဖော်ပြနေတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။
- Schitt’s Creek
အရာရာအားလုံး ဆုံးရှုံးသွားပြီး သေးငယ်တဲ့ မြို့လေးတစ်မြို့ကို ပြောင်းရွှေ့ဖို့အကြောင်းဖြစ်လာတဲ့ မိသားစုတစ်စုအကြောင်းကို ရိုက်ကူးထားတဲ့ ကနေဒါဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။
#ST(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share