Breaking News
ထူးခြားဆန်းပြားတဲ့ ကမ္ဘာတစ်ဝှမ်းက တရားဥပဒေများ။
၁။ စျေးဝယ်ထွက်မယ်ဆိုရင် အကြွေစေ့အသုံးပြုလို့မရတဲ့ ကနေဒါ။
တကယ်လို့ သင့်အနေနဲ့ ကနေဒါမှာ စျေးဝယ်ထွက်တော့မယ်ဆိုရင် သင်ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေအတွက် ငွေပေးချေရာမှာ သတ်မှတ်ထားတဲ့ အကြွေစေ့ထက် ပိုသုံးခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ ငွေပေးချေမှုကို လက်ခံမှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် အကြွေစေ့အသုံးပြုပြီး ငွေပေးချေမယ်ဆိုရင် (၁၀)ပြားစေ့ (၂၅)စေ့ထက်ပို၍ သုံးစွဲလို့မရပါဘူး။
၂။ ကလေးငယ်တွေကို နာမည်ပေးဖို့ ကန့်သတ်ထားတဲ့ ဒိန်းမတ်။
မိဘတိုင်းဟာ သူတို့ရဲ့ ရင်သွေးငယ်တွေကို နာမည်ပေးရာမှာ ထူးခြားဆန်းပြားတဲ့ နာမည်မျိုးတွေကို ပေးချင်ကြပါတယ်။ ဒါပေမယ့် ဒိန်းမတ်နိုင်ငံမှာတော့ ထူးထူးဆန်းဆန်း နာမည်အလုံးရေ (၇၀၀၀)ကို ကန့်သတ်ထားပြီး မိဘတွေအနေနဲ့ သူတို့ရင်သွေးငယ်တွေကို နာမည်ပေးတော့မယ်ဆိုရင် ထိုသတ်မှတ်ထားတဲ့ နာမည်စာရင်းထဲကနေပဲ ပေးလို့ရပါတယ်။ တကယ်လို့ သင့်အနေနဲ့ နာမည်အသစ်တစ်မျိုးပေးမယ်ဆိုရင်တော့ အစိုးရဆီကနေ ခွင့်ပြုချက် တောင်းခံရမှာ ဖြစ်ပါတယ်။
၃။ ရေသေနတ်နဲ့ ဆော့ကစားလို့မရတဲ့ ကမ္ဘောဒီးယား။
၂၀၀၁ ခုနှစ်ကတည်းက စတင်ပြီးတော့ ကမ္ဘောဒီးယားအစိုးရက ရေသေနတ်တင်သွင်းခြင်းနဲ့ ဖြန့်ဖြူးရောင်းချခြင်းတို့ကို တင်းတင်းကြပ်ကြပ် တားဆီးပိတ်ပင်ထားပါတယ်။ ရေသေနတ်ဆော့ကစားရင်းကနေ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိနိုင်တဲ့အတွက်ကြောင့် ယခုလို တားဆီးပိတ်ပင်ခဲ့တာဖြစ်တယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။
၄။ တိတ်ဆိတ်ငြိမ်သက်တာကို ကြိုက်တဲ့ ကနေဒါ။
ကနေဒါနိုင်ငံ အော်တာရီယိုပြည်နယ်ရှိ ပက်ထရိုးလီးယားမြို့လေးကို “ Footloose ” ဇာတ်ကားထဲက စိတ်ကူးယဉ်မြို့လေးဖြစ်တဲ့ ဘိုမောင့်မြို့လေးနဲ့ အထင်မှားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပက်ထရိုးလီးယားမြို့မှာ အဖွဲ့လိုက်ဖြစ်စေ၊ တစ်ယောက်ချင်းဖြစ်စေ ကခုန်ခြင်းကို တားမြစ်ပိတ်ပင်ထားတာမျိုး မရှိပေမယ့် ည (၁၁)နာရီကနေ မနက် (၇)နာရီအတွင်းကို အလွန်အမင်း ဆူညံအောင် ပြုလုပ်ခြင်း၊ သီချင်းဆိုခြင်း၊ လေချွန်ခြင်နဲ့ အော်ဟစ်ပြောဆိုခြင်းတို့ကို တားဆီးပိတ်ပင်ထားပါတယ်။
၅။ ဒေါက်မြင့်ဖိနပ်စီးလို့မရတဲ့ ဂရိ။
သမိုင်းဝင်ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုပဲ ဖြစ်ပါတယ်။ အရမ်းရှေးကျတဲ့ နေရာဒေသတွေမှာ ဒေါက်မြင့်ဖိနပ်စီးခြင်းကို တားဆီးပိတ်ပင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သမိုင်းဝင် ရှေးကျတဲ့ အဆောက်အဦးတွေ၊ နေရာဒေသတွေရဲ့ အလှအပကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အကြောင်းအရင်းကြောင့်ဖြစ်တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
၆။ ပိုက်ဆံကို တရိုတသေ ကိုင်တွယ်ဖို့ အမိန့်ထုတ်ထားတဲ့ ထိုင်းနိုင်ငံ။
ငွေကို အကျိုးရှိရှိအသုံးပြုရမယ့်အကြောင်းတော့ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာတော့ ပိုက်ဆံပစ်ပေးခြင်းကို ပြစ်မှုတစ်ခုအနေနဲ့ သတ်မှတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံရဲ့ ငွေစက္ကူတွေပေါ်မှာ ထိုင်းတော်ဝင်မျိုးနွယ်တွေရဲ့ပုံကို တံဆိပ်နှိပ်ထားလို့ပဲဖြစ်ပါတယ်။ ၁၉၀၈ခုနှစ်ကတည်းက စတင်၍ တော်ဝင်မိသားစုရဲ့ ရုပ်ပုံတွေကို မရိုမသေ ပြုလုပ်ခြင်းဟာ ဥပဒေကို ချိုးဖောက်ရာရောက်ပြီး ထောင်ကျနိုင်တဲ့အထိ ပြစ်ဒဏ်ကြီးပါတယ်။
၇။ မိဘတွေဆီကို မကြာခဏ အလည်အပတ်သွားရောက်ဖို့ တိုက်တွန်းထားတဲ့ တရုတ်။
၂၀၁၃ခုနှစ်ကနေ စတင်ပြီးတော့ တရုတ်နိုင်ငံဟာ သက်ကြီးရွယ်အိုတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ အရွယ်ရောက်ပြီးသား သားသမီးတွေဟာ သူတို့ရဲ့ အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ မိဘတွေဆီကို မကြာခဏ အလည်အပတ်သွားရောက်ဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ သားသမီးတွေအနေနဲ့ ပျက်ကွက်ခဲ့တယ်ဆိုရင် တရားရုံးကနေ သွားရောက်တွေ့ဆုံဖို့အတွက် ဖိအားပေး စေခိုင်းနိုင်ပါတယ်။
၈။ ပိုလန်က အာလူးတွေကို တင်သွင်းဖို့ ပိတ်ပင်ထားတဲ့ အင်္ဂလန်။
၂၀၀၄ ခုနှစ်ကနေ စတင်ပြီးတော့ အင်္ဂလန်ဟာ ပိုလန်ကနေ အာလူးတင်သွင်းတာကို တရားဝင်ပိတ်ပင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပိုလန်က အာလူးတွေမှာ စိုက်ခင်းကို ဖျက်ဆီးပစ်နိုင်တဲ့ ရောဂါပိုးတွေ ပါဝင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
၉။ စာမေးပွဲမှာ စာခိုးချလို့မရတဲ့ ဘင်္ဂလားဒေ့ရှ်။
စာမေးပွဲမှာ စာခိုးချတယ်ဆိုတာ မကောင်းတဲ့အလေ့အကျင့်ဆိုတာ လူတိုင်းသိထားသင့်ပါတယ်။ တက္ကသိုလ်တွေသာမက အထက်တန်းကျောင်းတွေမှာလည်း ကျောင်းသား၊ ကျောင်းသူများအနေနဲ့ စာခိုးချတာကို မိခဲ့မယ်ဆိုရင်တော့ အပြစ်ပေးလေ့ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ အပြစ်ဒဏ်က ပိုကြီးပါတယ်။ အသက် (၁၅)နှစ်နဲ့အထက် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စာခိုးချတာ မိခဲ့ရင်တော့ ထောင်ကျနိုင်လောက်သည်အထိ ပြစ်ဒဏ်သတ်မှတ်ထားပါတယ်။
၁၀။ ညစ်ညစ်ညမ်းညမ်း ပြောဆိုလို့မရတဲ့ ကာရစ်ဘီယန်။
စိန့်ခရစ်စတိုဖာကျွန်းမှာတော့ ညစ်ညမ်းတဲ့အပြုအမူတွေ၊ ညစ်ညမ်းတဲ့စကားတွေကို လူစည်ကားရာနေရာမှာ ပြုမူပြောဆိုလို့ မရတဲ့ တင်းကြပ်တဲ့ ဥပဒေတစ်ခု ထုတ်ပြန်ထားပါတယ်။ ၂၀၁၆ခုနှစ်က Rapper 50 Cent မှ စင်ပေါ်မှာ ဖျော်ဖြေနေစဉ်အတွင်း ရိုင်းပြတဲ့ အသုံးအနှုန်းသုံးစွဲခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရဖူးပါတယ်။
<Unicode Version>
၁။     ဈေးဝယ်ထွက်မယ်ဆိုရင် အကြွေစေ့အသုံးပြုလို့မရတဲ့ ကနေဒါ။
<Zawgyi Version>
#ST(Soshwe)
#SoshweLifestyle
#SoshweForYourDailyLife
#Like&Share
About admin
Check Also
မိန်းမ ၉ ယောက် ပိုင်ဆိုင်ထားတဲ့ ဘရာဇီးမော်ဒယ်။
မိန်းမ ၉ ယောက်ရှိပြီး ကလေးယူဖို့ပါ စီစဉ်နေတဲ့ အမျိုးသားတစ်ဦးဟာ ဘယ်သူနဲ့ ကလေးအရင်ယူမလဲဆိုတာကို ‘Fisrt Come, First Served’ ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကိုလည်း …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro