၁၉၉၄ခုနှစ်က ထွက်ရှိခဲ့တဲ့ Speed ဇာတ်ကားထဲတွင် Annie က Jack ကို သဘောကျခဲ့သလို အပြင်မှာလည်း Sandra Bullock အနေနဲ့ Keanu Reeves ကို သဘောကျခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။
အော်စကာဆုရှင်ဖြစ်တဲ့ Sandra Bullock မှ သူမရဲ့ Netflix ကနေ အသစ်ထွက်ရှိလာတော့မယ့် Bird Box ရုပ်ရှင်အကြောင်းကို The Ellen DeGeneres Show မှာရှင်းလင်းပြောကြားရင်းကနေ ယခုလို ထုတ်ဖော်ပြောကြားလာခြင်း ဖြစ်ပါတယ်။ “ ကျွန်မအနေနဲ့ Keanu Reeves ဟာ ဘယ်လောက်ထိ သဘောကောင်းလိုက်မလဲ၊ ဘယ်လောက်ဆွဲထိဆောင်မှုရှိမလဲဆိုတာ စဉ်းစားခဲ့မိတယ်၊ ဒါပေမယ့်လည်း ကျွန်မအနေနဲ့ သူ့ကို ဖွင့်ပြောဖို့ဆိုတာ အရမ်းကို ခက်ခဲနေခဲ့တယ် . . . ” ဆိုပြီး Sandra မှ DeGeneres ကို ပြောပြခဲ့ပါတယ်။
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share