Breaking News

သင့်ရဲ့လုပ်ငန်းခွင်အတွင်း အလုပ်များများပြီးမြောက်နိုင်ဖို့ အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းများ။

၁။ နေ့တစ်နေ့ရဲ့ အစောပိုင်းအချိန်မှာ ခေတ္တခဏ အနားယူပေးပါ။

လေ့လာတွေ့ရှိချက်တစ်ခုအရ မနက်ပိုင်း ရုံးရောက်တဲ့အချိန်ကနေ နေ့လည်စာစားချိန်အတောအတွင်း ခေတ္တခဏအနားယူခြင်းဟာ အကောင်းဆုံးအချိန်ပဲဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ အချိန်အကြာကြီး အနားယူမယ့်အစား အချိန်နည်းနည်းနဲ့ မကြာခဏအနားယူပေးခြင်းဟာ စိတ်ပိုင်းဆိုင်ရာသာမက ခန္ဓာကိုယ်ပိုင်းဆိုင်ရာအတွက်ပါ လိုအပ်တဲ့ ခွန်အားတွေကို ပိုမိုဖြည့်ဆည်းပေးနိုင်ပါတယ်။ “ လက်ကိုင်ဖုန်းတွေနဲ့မတူတဲ့အချက်က များသောအားဖြင့် လူတော်တော်များများဟာ လက်ကိုင်ဖုန်းကို အားကုန်တဲ့အထိ အသုံးပြုပြီးမှ အားပြန်သွင်းကြပါတယ်။ ဒါပေမယ့် လူတွေအနေနဲ့ကတော့ နေ့တစ်နေ့လုံး ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ Energy တွေကို ကုန်သည်အထိ အသုံးမပြုဘဲ မကြာခဏဆိုသလို အနားယူပေးဖို့လိုအပ်ပါတယ် . . . ” ဆိုပြီး သုတေသနပြုလုပ်သူတစ်ယောက်ဖြစ်တဲ့ အီမလီဟန်တာက ရှင်းပြခဲ့ပါတယ်။

 

၂။ တိရိစ္ဆာန်လေးတွေရဲ့ပုံကို ကြည့်ရှုပေးပါ။

လေ့လာတွေ့ရှိချက်တစ်ခုအရ ချစ်စရာကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေဖြစ်တဲ့ ကြောင်လေးတွေ၊ ခွေးလေးတွေပုံကို ကြည့်ရှုပေးခြင်းအားဖြင့်လည်း သင့်ရဲ့လုပ်ငန်းဆောင်တာတွေကို အလွယ်တကူ ပြီးမြောက်အောင်မြင်နိုင်အောင် လုပ်ဆောင်နိင်ဖို့အတွက် အထောက်အကူပြုပါတယ်။

 

၃။ ပီကေ ဝါးပါ။

တကယ်လို့ ပီကေဝါးခြင်းဟာ သင့်ရဲ့လုပ်ငန်းဆောင်တာတွေ ပြီးမြောက်အောင် ကူညီပေးနိုင်တယ်ဆိုရင်တော့ ပီကေဝါးခြင်းကို မကောင်းတဲ့အလေ့အကျင့်လို့ သတ်မှတ်လို့မရပါဘူး။ အဲ့ဒါကြောင့် သုတေသနပြုလုပ်သူတွေကလည်း စတင်လေ့လာပြီး သူတို့တွေ့ရှိချက်တွေကို ယခုလို ပြောပြထားပါတယ်။ “ လုပ်ငန်းခွင်ထဲမှာ ပီကေဝါးပြီး အလုပ်လုပ်ခြင်းဟာ အလုပ်တွေကို ပိုမိုပြီးမြောက်စေပါတယ်။ အဲ့ဒါဟာ ကျွန်တော်တို့ လေ့လာတွေ့ရှိချက်နဲ့ ထပ်တူကျပါတယ်. . . ” ဆိုပြီး ပရောဖက်ဆာ အန်ဒရူးစမစ်မှ ပြောကြားခဲ့ပါတယ်။ “ ပီကေဝါးနေခြင်းဟာ ဦးနှောက်ထဲရှိ အာရုံကြောတွေကို လှုံ့ဆော်ပေးနေပြီး ထိုမှတစ်ဆင့် ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်မှုစွမ်းအားကို ပိုမို မြင့်တက်စေပါတယ် . . .” ဆိုပြီး အန်ဒရူးမှ ဆက်လက်ပြောကြားခဲ့ပါတယ်။

 

၄။ သင့်ရဲ့အချိန်တွေကို ကန့်သတ်ထားပါ။

သင့်ရဲ့အလုပ်ချိန်တွေကို (၂၅)မိနစ် တစ်ပိုင်းစီ ကန့်သတ်ပြီး ခေတ္တခဏ အနားယူတာမျိုး ပြုလုပ်ပါ။ အဲ့ဒီကန့်သတ်ထားတဲ့ အချိန်အတိုင်းအတာမှာလည်း ကိုယ်လုပ်စရာရှိတာတွေကို အာရုံစူးစိုက်ပြီး ပြုလုပ်ဖို့ အရေးကြီးပါတယ်။ နောက်ပြီး အရေးကြီးတဲ့ကိစ္စရပ်တွေကို ဦးစားပေးပြုလုပ်ပေးခြင်းဖြင့်လည်း သင့်လုပ်ငန်းဆောင်တာတွေ အလွယ်တကူပြီးမြောက်ဖို့ အထာက်အကူဖြစ်စေပါတယ်။

 

၅။ (၂) မိနစ်စည်းမျဉ်းအတိုင်း လုပ်ဆောင်ပါ။

အချိ်န် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ အောင်မြင်တဲ့ စာရေးဆရာဖြစ်သူ ဒေးဗစ်အယ်လန်မှ အချိန်ကို အကျိုးရှိရှိအသုံးချနိုင်မယ့် နည်းလမ်းကောင်းတစ်ခုကို ချပြခဲ့ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အလုပ်တစ်ခုဟာ (၂)မိနစ်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်တယ်လို့ ထင်မြင်ယူဆတယ်ဆိုရင် ထိုအလုပ်ကို အရင်ဦးဆုံးပြုလုပ်ပေးပါ။ “ တကယ်လို့ သင့်အနေနဲ့ လုပ်ဆောင်ရမယ့် အလုပ်ကိစ္စလေးတွေကို အပိုင်းလေးတွေပိုင်းပြီး တစ်ပိုင်းကို အချိ်န် (၂)မိနစ်စီ သတ်မှတ်ပြီး လုပ်ဆောင်ပါက သင့်ရဲ့ အလုပ်တွေကို ပိုမိုပြီးမြောက်အောင်မြင်နိုင်ပါတယ် . . .” ဆိုပြီး အယ်လန်မှ success.com နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

<Unicode Version>

 

 

 

သင့္ရဲ႕လုပ္ငန္းခြင္အတြင္း အလုပ္မ်ားမ်ားၿပီးေျမာက္ႏိုင္ဖို႕ အလြယ္တကူျပဳလုပ္ႏိုင္တ့ဲ နည္းလမ္းေကာင္းမ်ား။

၁။       ေန႕တစ္ေန႕ရဲ႕ အေစာပိုင္းအခ်ိန္မွာ  ေခတၱခဏ အနားယူေပးပါ။

ေလ့လာေတြ႕ရွိခ်က္တစ္ခုအရ မနက္ပိုင္း ရုံးေရာက္တ့ဲအခ်ိန္ကေန ေန႕လည္စာစားခ်ိန္အေတာအတြင္း  ေခတၱခဏအနားယူျခင္းဟာ အေကာင္းဆုံးအခ်ိန္ပဲျဖစ္တယ္ဆိုၿပီး  ေဖာ္ျပထားပါတယ္။ အခ်ိန္အၾကာႀကီး အနားယူမယ့္အစား အခ်ိန္နည္းနည္းနဲ႕ မၾကာခဏအနားယူေပးျခင္းဟာ စိတ္ပိုင္းဆိုင္ရာသာမက ခႏၶာကိုယ္ပိုင္းဆိုင္ရာအတြက္ပါ လိုအပ္တ့ဲ ခြန္အားေတြကို ပိုမိုျဖည့္ဆည္းေပးႏိုင္ပါတယ္။ “ လက္ကိုင္ဖုန္းေတြနဲ႕မတူတ့ဲအခ်က္က မ်ားေသာအားျဖင့္ လူေတာ္ေတာ္မ်ားမ်ားဟာ  လက္ကိုင္ဖုန္းကို အားကုန္တ့ဲအထိ အသုံးျပဳၿပီးမွ အားျပန္သြင္းၾကပါတယ္။ ဒါေပမယ့္ လူေတြအေနနဲ႕ကေတာ့ ေန႕တစ္ေန႕လုံး ေကာင္းေကာင္းမြန္မြန္ လုပ္ေဆာင္ႏိုင္ဖို႕အတြက္ ခႏၶာကိုယ္ရဲ႕ Energy ေတြကို ကုန္သည္အထိ အသုံးမျပဳဘဲ မၾကာခဏဆိုသလို အနားယူေပးဖို႕လိုအပ္ပါတယ္ . . . ” ဆိုၿပီး သုေတသနျပဳလုပ္သူတစ္ေယာက္ျဖစ္တ့ဲ အီမလီဟန္တာက ရွင္းျပခ့ဲပါတယ္။

 

 

၂။       တိရိစာၦန္ေလးေတြရဲ႕ပုံကို ၾကည့္ရႈေပးပါ။

ေလ့လာေတြ႕ရွိခ်က္တစ္ခုအရ ခ်စ္စရာေကာင္းတ့ဲ အိမ္ေမြးတိရိစာၦန္ေလးေတြျဖစ္တ့ဲ ေၾကာင္ေလးေတြ၊ ေခြးေလးေတြပုံကို ၾကည့္ရႈေပးျခင္းအားျဖင့္လည္း သင့္ရဲ႕လုပ္ငန္းေဆာင္တာေတြကို အလြယ္တကူ ၿပီးေျမာက္ေအာင္ျမင္ႏိုင္ေအာင္ လုပ္ေဆာင္နိင္ဖို႕အတြက္ အေထာက္အကူျပဳပါတယ္။

 

 

၃။       ပီေက ဝါးပါ။

တကယ္လို႕ ပီေကဝါးျခင္းဟာ သင့္ရဲ႕လုပ္ငန္းေဆာင္တာေတြ ၿပီးေျမာက္ေအာင္ ကူညီေပးႏိုင္တယ္ဆိုရင္ေတာ့ ပီေကဝါးျခင္းကို မေကာင္းတ့ဲအေလ့အက်င့္လို႕ သတ္မွတ္လို႕မရပါဘူး။ အ့ဲဒါေၾကာင့္ သုေတသနျပဳလုပ္သူေတြကလည္း စတင္ေလ့လာၿပီး သူတို႕ေတြ႕ရွိခ်က္ေတြကို ယခုလို ေျပာျပထားပါတယ္။ “ လုပ္ငန္းခြင္ထဲမွာ ပီေကဝါးၿပီး အလုပ္လုပ္ျခင္းဟာ အလုပ္ေတြကို ပိုမိုၿပီးေျမာက္ေစပါတယ္။ အ့ဲဒါဟာ ကၽြန္ေတာ္တို႕ ေလ့လာေတြ႕ရွိခ်က္နဲ႕ ထပ္တူက်ပါတယ္. . . ” ဆိုၿပီး ပေရာဖက္ဆာ အန္ဒရူးစမစ္မွ ေျပာၾကားခ့ဲပါတယ္။ “ ပီေကဝါးေနျခင္းဟာ ဦးေႏွာက္ထဲရွိ အာရုံေၾကာေတြကို လႈံ႕ေဆာ္ေပးေနၿပီး ထိုမွတစ္ဆင့္ ဦးေႏွာက္ရဲ႕ အလုပ္လုပ္ႏိုင္မႈစြမ္းအားကို ပိုမို ျမင့္တက္ေစပါတယ္ . . .” ဆိုၿပီး အန္ဒရူးမွ ဆက္လက္ေျပာၾကားခ့ဲပါတယ္။

 

 

၄။       သင့္ရဲ႕အခ်ိန္ေတြကို ကန္႕သတ္ထားပါ။

သင့္ရဲ႕အလုပ္ခ်ိန္ေတြကို (၂၅)မိနစ္ တစ္ပိုင္းစီ ကန္႕သတ္ၿပီး ေခတၱခဏ အနားယူတာမ်ိဳး ျပဳလုပ္ပါ။ အ့ဲဒီကန္႕သတ္ထားတ့ဲ အခ်ိန္အတိုင္းအတာမွာလည္း ကိုယ္လုပ္စရာရွိတာေတြကို အာရုံစူးစိုက္ၿပီး ျပဳလုပ္ဖို႕ အေရးႀကီးပါတယ္။ ေနာက္ၿပီး အေရးႀကီးတ့ဲကိစၥရပ္ေတြကို ဦးစားေပးျပဳလုပ္ေပးျခင္းျဖင့္လည္း သင့္လုပ္ငန္းေဆာင္တာေတြ အလြယ္တကူၿပီးေျမာက္ဖို႕ အထာက္အကူျဖစ္ေစပါတယ္။

 

 

၅။       (၂) မိနစ္စည္းမ်ဥ္းအတိုင္း လုပ္ေဆာင္ပါ။

အခ်ိ္န္ စီမံခန္႕ခြဲမႈဆိုင္ရာ ကၽြမ္းက်င္ပညာရွင္နဲ႕ ေအာင္ျမင္တ့ဲ စာေရးဆရာျဖစ္သူ ေဒးဗစ္အယ္လန္မွ အခ်ိန္ကို အက်ိဳးရွိရွိအသုံးခ်ႏိုင္မယ့္ နည္းလမ္းေကာင္းတစ္ခုကို ခ်ျပခ့ဲပါတယ္။ တကယ္လို႕ သင့္အေနနဲ႕ အလုပ္တစ္ခုဟာ (၂)မိနစ္အတြင္း ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္တယ္လို႕ ထင္ျမင္ယူဆတယ္ဆိုရင္ ထိုအလုပ္ကို အရင္ဦးဆုံးျပဳလုပ္ေပးပါ။ “ တကယ္လို႕ သင့္အေနနဲ႕ လုပ္ေဆာင္ရမယ့္ အလုပ္ကိစၥေလးေတြကို အပိုင္းေလးေတြပိုင္းၿပီး တစ္ပိုင္းကို အခ်ိ္န္ (၂)မိနစ္စီ သတ္မွတ္ၿပီး လုပ္ေဆာင္ပါက သင့္ရဲ႕ အလုပ္ေတြကို ပိုမိုၿပီးေျမာက္ေအာင္ျမင္ႏိုင္ပါတယ္ . . .” ဆိုၿပီး အယ္လန္မွ success.com နဲ႕ အင္တာဗ်ဴးမွာ ေျပာၾကားခ့ဲပါတယ္။

<Zawgyi Version>

 

#SoshweLifeStyle

#soshweForYourDailyLife

#Like&Share

About admin

Check Also

သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။

Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro