Breaking News

ကျန်းမာကောင်းမွန်တဲ့ သည်းခြေအိတ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် အဓိက စားသုံးသင့်သော အစားအစာများ။

သစ်တော်သီးပုံစံ ကိုယ်တွင်းအင်္ဂါဖြစ်တဲ့ သည်းခြေအိတ်ရဲ့ အဓိကလုပ်ငန်းကတော့ အဆီတွေကို ချေဖျက်ပေးဖို့ပဲဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့သည်းခြေအိတ်ဟာ ပုံမှန်အလုပ်မလုပ်ဘူးဆိုရင် ကိုယ်တွင်း အက်ဆစ်တွေပြန်စီးခြင်း၊ လေကန်ခြင်း၊ အော့အန်ခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့ကို ဖြစ်စေပါတယ်။ သင့်ရဲ့ သည်းခြေအိတ်ကို ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် အစားအစားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ထောပတ်သီး

ထောပတ်သီးတွင် ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် သည်းခြေအိတ်ကျန်းမာဖို့အတွက် အကောင်းဆုံးအသီးတစ်မျိုးဖြစ်ပါတယ်။ “ ထောပတ်သီးမှာ ပိုတက်စီယမ်ဓာတ် အများဆုံးပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးကောင်းမွန်ဖို့အတွက် ပုံမှန်စားသုံးသင့်ပါတယ် . . . ” ဆိုပြီး ဒေါက်တာ ကယ်ရီဘားရိုးက ပြောကြားခဲ့ပါတယ်။ “ ပိုတက်စီယမ်ဟာ ရေဓာတ်ဆုံးရှုံးမှုမရှိအောင် ခန္ဓာကိုယ်တွင်းစီးဆင်းနေတဲ့ အရည်ဓာတ်တွေရဲ့ အဓိက လိုအပ်တဲ့အာဟာရဓာတ်ပဲဖြစ်ပါတယ် . . . ” ဆိုပြီး သူမက ထပ်မံဖြည့်စွက် ပြောဆိုခဲ့ပါတယ်။

 

၂။ ပဲပင်၊ ပဲစေ့။

ပဲပင် ပဲစေ့လေးတွေကနေလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ အမြောက်အမြား ရရှိနိုင်ပြီး သည်းခြေအိတ်ကျန်းမာရေးအတွက် စားသုံးသင့်တဲ့ အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။ “ သင့်ရဲ့ အစားအစာတွေထဲမှာ ကိုလက်စထရောတွေ၊ အဆီဓာတ်တွေ အမြောက်အမြား ပါဝင်နေမယ်ဆိုရင် သည်းခြေရည်တွေကို ခဲစေပြီး သည်းခြေကျောက်ဖြစ်စေပါတယ် . . . ” ဆိုပြီး အစာအိမ်ရောဂါအထူးကုဆရာဝန် ရှီလာရက်ဒီမှ ပြောကြားခဲ့ပါတယ်။ အသားစားတာကို လျှော့ချပြီး အသီးအရွက်များများစားမယ်ဆိုရင် ကိုလက်စထရောပမာဏကိုထိန်းသိမ်းပေးပြီး သည်းခြေကျောက်ဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါတယ်။ “ အပင်ကရရှိပြီး ပရိုတင်းဓာတ်ပါဝင်တဲ့ ပဲစေ့တွေ၊ ပဲနီလေးနဲ့ တို့ဟူးတွေဟာ သည်းခြေအိတ်ကျန်းမာရေးအတွက် အကောင်းဆုံးအစားအစားတွေပဲ ဖြစ်ပါတယ် . . . ” ဆိုပြီး သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

 

၃။ လိမ္မော်သီး

လိမ္မော်သီးဟာဆိုရင် ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အထောက်အကူပြုတဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။ “ ဗီတာမင် – စီ ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ရှောက်ချိုသီးတွေ၊ လိမ္မော်သီးတွေ၊ ဘယ်ရီသီးတွေဟာလည်း ကျန်းမာတဲ့ သည်းခြေအိတ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်တွေအရ ဗီတာမင် – စီဟာ သည်းခြေကျောက်တည်ခြင်းတွေကို ချေဖျက်ပေးနိုင်စွမ်း ရှိပါတယ် . . . ” ဆိုပြီး ဂျာမနီသုတေသနပညာရှင် ဘူစီဝီးဇ်မှ ပြောကြားခဲ့ပါတယ်။

 

၄။ အစိမ်းရောင် ဟင်းသီးဟင်းရွက်

အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်တွေဟာ ကိုယ်တွင်းရှိ အဆီဓာတ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။ “ ပဲတောင့်ရှည်၊ ပန်းဂေါ်ဖီအစိမ်း စသဖြင့် အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်တွေဟာ သည်းခြေရည် ထုတ်ပေးနိုင်ဖို့အတွက် အကူအညီပေးပါတယ်။ တကယ်လို့ သည်းခြေအိတ်ဟာ သည်းခြေရည်တွေကို လုံလုံလောက်လောက် ထုတ်ပေးနိုင်စွမ်းမရှိဘူးဆိုရင်တော့ ရောဂါလက္ခဏာတွေ စတင် ဖြစ်ပေါ်လာပါလိမ့်မယ် . . . ” ဆိုပြီး ဒေါက်တာ တာရာက ပြောပြခဲ့ပါတယ်။

 

၅။ ရေ

ကျန်းမာကောင်းမွန်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ရေဓာတ်ဆုံးရှုံးမှုမဖြစ်အောင် နေထိုင်ဖို့က အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ “ သည်းခြေရည်အပါအဝင် ခန္ဓာကိုယ်တွင်းရှိ အရည်စီးဆင်းမှုအတွက် ရေဓာတ်ဟာ အဓိက အရေးပါတာကြောင့် သင့်အနေနဲ့ ရေဓာတ်ဆုံးရှုံးမှုမဖြစ်အောင် နေထိုင်ဖို့ အရေးကြီးပါတယ် . . .” ဆိုပြီး ဒေါက်တာ နာရက်မှ ပြောကြားခဲ့ပါတယ်။

<Unicode Version>

 

 

က်န္းမာေကာင္းမြန္တ့ဲ သည္းေျခအိတ္ကို ပိုင္ဆိုင္ႏိုင္ဖို႕အတြက္ အဓိက စားသုံးသင့္ေသာ အစားအစာမ်ား။

သစ္ေတာ္သီးပုံစံ ကိုယ္တြင္းအဂၤါျဖစ္တ့ဲ သည္းေျခအိတ္ရဲ႕ အဓိကလုပ္ငန္းကေတာ့ အဆီေတြကို ေခ်ဖ်က္ေပးဖို႕ပဲျဖစ္ပါတယ္။ တကယ္လို႕ သင့္ရဲ႕သည္းေျခအိတ္ဟာ ပုံမွန္အလုပ္မလုပ္ဘူးဆိုရင္ ကိုယ္တြင္း အက္ဆစ္ေတြျပန္စီးျခင္း၊ ေလကန္ျခင္း၊ ေအာ့အန္ျခင္းနဲ႕ ဗိုက္ေအာင့္ျခင္းတို႕ကို ျဖစ္ေစပါတယ္။ သင့္ရဲ႕ သည္းေျခအိတ္ကို ေကာင္းမြန္စြာအလုပ္လုပ္ႏိုင္ဖို႕အတြက္ အေထာက္အကူျဖစ္ေစမယ့္ အစားအစားအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

 

၁။       ေထာပတ္သီး

ေထာပတ္သီးတြင္ ပိုတက္စီယမ္ဓာတ္ၾကြယ္ဝစြာပါဝင္တာေၾကာင့္ သည္းေျခအိတ္က်န္းမာဖို႕အတြက္ အေကာင္းဆုံးအသီးတစ္မ်ိဳးျဖစ္ပါတယ္။ “ ေထာပတ္သီးမွာ ပိုတက္စီယမ္ဓာတ္ အမ်ားဆုံးပါဝင္တ့ဲအတြက္ေၾကာင့္  က်န္းမာေရးေကာင္းမြန္ဖို႕အတြက္ ပုံမွန္စားသုံးသင့္ပါတယ္ . . . ” ဆိုၿပီး ေဒါက္တာ ကယ္ရီဘားရိုးက ေျပာၾကားခ့ဲပါတယ္။ “ ပိုတက္စီယမ္ဟာ ေရဓာတ္ဆုံးရႈံးမႈမရွိေအာင္  ခႏၶာကိုယ္တြင္းစီးဆင္းေနတ့ဲ အရည္ဓာတ္ေတြရဲ႕ အဓိက လိုအပ္တ့ဲအာဟာရဓာတ္ပဲျဖစ္ပါတယ္ . . . ” ဆိုၿပီး သူမက ထပ္မံျဖည့္စြက္ ေျပာဆိုခ့ဲပါတယ္။

 

 

၂။       ပဲပင္၊ ပဲေစ့။

ပဲပင္ ပဲေစ့ေလးေတြကေနလည္း က်န္းမာေရးအက်ိဳးေက်းဇူးေတြ အေျမာက္အျမား ရရွိႏိုင္ၿပီး သည္းေျခအိတ္က်န္းမာေရးအတြက္ စားသုံးသင့္တ့ဲ အစားအစာတစ္မ်ိဳးလည္းျဖစ္ပါတယ္။ “ သင့္ရဲ႕ အစားအစာေတြထဲမွာ ကိုလက္စထေရာေတြ၊ အဆီဓာတ္ေတြ အေျမာက္အျမား ပါဝင္ေနမယ္ဆိုရင္ သည္းေျခရည္ေတြကို ခဲေစၿပီး သည္းေျခေက်ာက္ျဖစ္ေစပါတယ္ . . . ” ဆိုၿပီး အစာအိမ္ေရာဂါအထူးကုဆရာဝန္ ရွီလာရက္ဒီမွ ေျပာၾကားခ့ဲပါတယ္။ အသားစားတာကို ေလွ်ာ့ခ်ၿပီး အသီးအရြက္မ်ားမ်ားစားမယ္ဆိုရင္ ကိုလက္စထေရာပမာဏကိုထိန္းသိမ္းေပးၿပီး သည္းေျခေက်ာက္ျဖစ္ႏိုင္ေခ်ကိုလည္း  ေလ်ာ့က်ေစပါတယ္။ “ အပင္ကရရွိၿပီး ပရိုတင္းဓာတ္ပါဝင္တ့ဲ ပဲေစ့ေတြ၊ ပဲနီေလးနဲ႕ တို႕ဟူးေတြဟာ သည္းေျခအိတ္က်န္းမာေရးအတြက္ အေကာင္းဆုံးအစားအစားေတြပဲ ျဖစ္ပါတယ္ . . . ” ဆိုၿပီး သူမက ဆက္လက္ေျပာၾကားခ့ဲပါတယ္။

 

 

၃။       လိေမၼာ္သီး

လိေမၼာ္သီးဟာဆိုရင္ ခႏၶာကိုယ္ က်န္းမာဖို႕အတြက္ အေထာက္အကူျပဳတ့ဲ အသီးတစ္မ်ိဳးပဲျဖစ္ပါတယ္။ “ ဗီတာမင္ – စီ ဓာတ္ ၾကြယ္ဝစြာပါဝင္တ့ဲ ေရွာက္ခ်ိဳသီးေတြ၊ လိေမၼာ္သီးေတြ၊ ဘယ္ရီသီးေတြဟာလည္း က်န္းမာတ့ဲ သည္းေျခအိတ္ကို ပိုင္ဆိုင္ႏိုင္ဖို႕အတြက္ အေကာင္းဆုံးေရြးခ်ယ္မႈပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ေလ့လာေတြ႕ရွိခ်က္ေတြအရ ဗီတာမင္ – စီဟာ သည္းေျခေက်ာက္တည္ျခင္းေတြကို  ေခ်ဖ်က္ေပးႏိုင္စြမ္း ရွိပါတယ္ . . . ” ဆိုၿပီး ဂ်ာမနီသုေတသနပညာရွင္ ဘူစီဝီးဇ္မွ ေျပာၾကားခ့ဲပါတယ္။

 

 

၄။       အစိမ္းေရာင္ ဟင္းသီးဟင္းရြက္

အစိမ္းေရာင္ရွိ ဟင္းသီးဟင္းရြက္ေတြဟာ ကိုယ္တြင္းရွိ အဆီဓာတ္ေတြကို  ေခ်ဖ်က္ေပးႏိုင္စြမ္းရွိပါတယ္။ “ ပဲေတာင့္ရွည္၊ ပန္းေဂၚဖီအစိမ္း စသျဖင့္ အစိမ္းေရာင္ရွိ ဟင္းသီးဟင္းရြက္ေတြဟာ သည္းေျခရည္ ထုတ္ေပးႏိုင္ဖို႕အတြက္ အကူအညီေပးပါတယ္။ တကယ္လို႕ သည္းေျခအိတ္ဟာ သည္းေျခရည္ေတြကို လုံလုံေလာက္ေလာက္ ထုတ္ေပးႏိုင္စြမ္းမရွိဘူးဆိုရင္ေတာ့  ေရာဂါလကၡဏာေတြ စတင္ ျဖစ္ေပၚလာပါလိမ့္မယ္ . . . ” ဆိုၿပီး ေဒါက္တာ တာရာက ေျပာျပခ့ဲပါတယ္။

 

 

၅။       ေရ

က်န္းမာေကာင္းမြန္တ့ဲ ခႏၶာကိုယ္ကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ေရဓာတ္ဆုံးရံႈးမႈမျဖစ္ေအာင္ ေနထိုင္ဖို႕က အလြန္အေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ ေရမ်ားမ်ားေသာက္ေပးဖို႕ လိုအပ္ပါတယ္။ “ သည္းေျခရည္အပါအဝင္ ခႏၶာကိုယ္တြင္းရွိ အရည္စီးဆင္းမႈအတြက္ ေရဓာတ္ဟာ အဓိက အေရးပါတာေၾကာင့္ သင့္အေနနဲ႕ ေရဓာတ္ဆုံးရံႈးမႈမျဖစ္ေအာင္ ေနထိုင္ဖို႕ အေရးႀကီးပါတယ္ . . .” ဆိုၿပီး ေဒါက္တာ နာရက္မွ ေျပာၾကားခ့ဲပါတယ္။

<Zawgyi Version>

 

#SoshweBeauty&Health

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဒူးရင်းသီးကြိုက်နှစ်သက်သူတွေအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ။

အခုလက်ရှိအချိန်မှာတော့ ကျနော်တို့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ခေတ်အစားဆုံးကတော့ ရာသီပေါ်ဒူးရင်းသီးပဲ ဖြစ်ပါတယ်။ ဒူးရင်းသီးဟာ ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသတွေအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာတို့မှာ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro