Breaking News
ထူးခြားဆန်းပြားတဲ့ ကမ္ဘာတစ်ဝှမ်းက တရားဥပဒေများ။
၁။ ရှူဆေးကို ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့ ဂျပန်နိုင်ငံ။
ဂျပန်နိုင်ငံမှာ လူတွေကို လေးလံထိုင်းမှိုင်းစေတယ်ဆိုတဲ့ဲ အကြောင်းပြချက်နဲ့ Vicks တံဆိပ် ရှူဆေးနဲ့ Sudafed အကိုက်အခဲပျောက်ဆေးတွေကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။
၂။ Church လှေခါးထစ်တွေမှာ စားသောက်ဖို့အတွက် ပိတ်ပင်ထားတဲ့ အီတလီနိုင်ငံ။
သင့်အနေနဲ့ အီတလီမှာ ပေါ့ပေါ့ပါးပါးနဲ့ တစ်ခုခုစားသောက်တော့မယ်ဆိုရင် အလွန်သတိထားဖို့ လိုအပ်ပါတယ်။ တကယ်လို့သာ Church အနီးအနားမှာဖြစ်စေ၊ လှေခါးထစ်တွေမှာပဲဖြစ်စေ တစ်ခုခုစားသောက်မိမယ်ဆိုရင် ဥပဒေနဲ့ ငြိစွန်းနိုင်ပါတယ်။
၃။ အတွင်းခံအကျႌ ချွတ်လို့မရတဲ့ ဖီဂျီ။
ဖီဂျီနို်င်ငံဟာ အလွန်သာယာလှပတဲ့ ကျွန်းစုနိုင်ငံဖြစ်ပြီး သွားရောက်လည်ပတ်သူတွေအတွက် နေလောင်ခံခြင်း၊ ရေကူးခြင်းတို့ကို ပြုလုပ်ဖို့ အကောင်းဆုံးနိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ ဒါပေမယ့် အတွင်းခံအကျႌ၊ အတွင်းခံဘောင်းဘီ မပါဘဲ ရေကူးခြင်း၊ နေလောင်ခံခြင်းတွေလုပ်နေတာကို ဖမ်းမိခဲ့မယ်ဆိုရင်တော့ သင့်အနေနဲ့ ထောင်ချခံရပါလိမ့်မယ်။
၄။ ဆန်ဖရန်စစ်စကိုမှာ ခိုစာကျွေးတာဟာ ဥပဒေကို ချိုးဖောက်ခြင်းပဲဖြစ်။
ဆန်ဖရန်စစ်စကိုရဲ့ လမ်းမတွေပေါ်မှာ ခိုစာကျွေးခြင်းဟာ တရားမဝင်ပါဘူး။ Golden Gate တံတားကြီးနဲ့ ထင်ရှားတဲ့ ဆန်ဖရန်စစ်စကိုမြို့မှာတော့ ခိုတွေဟာ ရောဂါပို်းတွေကို သယ်ဆောင်နိုင်ရုံသာမက မြို့ရဲ့ အလှအပကိုလည်း ထိခိုက်ပျက်စီးစေတယ်ဆိုပြီး တားဆီးပိတ်ပင်ထားခြင်းပဲဖြစ်ပါတယ်။
၅။ လေဆိပ်မှာ ဓာတ်ပုံရိုက်ဖို့ တားမြစ်ထားတဲ့ ကာဇက်စတန်။
သင့်အနေနဲ့ ခရီးတစ်ခုခုမသွားခင် မိသားစုနဲ့ပဲဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်စေ လေဆိပ်မှာ စုပြီး ဓာတ်ပုံရိုက်ချင်ပါသလား ? ? ? ကာဇက်စတန်မှာသာဆိုရင်တော့ လေဆိပ်မှာဓာတ်ပုံရိုက်ခြင်းဟာ ဥပဒေကို ချိုးဖောက်ရာရောက်ပါတယ်။ လေဆိပ်အတွင်းမှာပဲဖြစ်စေ၊ လေဆိပ်ပတ်ဝန်းကျင်မှာပဲဖြစ်စေ ဓာတ်ပုံရိုက်ခြင်း၊ စစ်ဖက်ဆိုင်ရာ အဆောက်အအုံတွေကို ဓာတ်ပုံရိုက်ခြင်းဟာ ကာဇက်စတန်မှာတားမြစ်ထားပါတယ်။
၆။ ဆေးခြောက်သုံးစွဲမှုကို အပြင်းအထန်တားမြစ်ထားတဲ့ ဂျမေကာနိုင်ငံ။
ဂျမေကာနိုင်ငံမှာ ဆေးခြောက်သုံးစွဲခြင်းကို ပိတ်ပင်ထားခြင်းဟာ ကမ္ဘာလှည့်ခရီးသွားတွေကို အကြီးအကျယ် အ့ံအားသင့်စေပါတယ်။ ၁၉၁၃ ခုနှစ်ကတည်းကစတင်ပြီး ဂျမေကာနိုင်ငံမှာ ဆေးခြောက် စိုက်ပျိုးခြင်း၊ သုံးစွဲခြင်းနဲ့ လက်ဝယ်ပိုင်ဆိုင်ထားခြင်းတွေကို တားမြစ်ပိတ်ပင်ထားခဲ့ခြင်း ဖြစ်ပါတယ်။
၇။ အရက်စံချိန်တိုင်းကိရိယာကို ဆောင်ထားရန်လိုအပ်တဲ့ ပြင်သစ်။
ပြင်သစ်မှာတော့ ကားမောင်းတဲ့သူတိုင်း အရက်စံချိန်းတိုင်းကိရိယာကို သူတို့ရဲ့ ကားထဲမှာ မဖြစ်မနေဆောင်ထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အရက်စံချိန်တိုင်းကိရိယာမပါဘဲ ဖမ်းမိမယ်ဆိုရင် သင့်အနေနဲ့ (၁၁) ယူရို ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။
၈။ ချစ်သူရည်းစားနဲ့ ကြည်နူးလို့မရတဲ့ ယူအေအီး။
တကယ်လို့သင့်အနေနဲ့ ဒူဘိုင်းကို ချစ်သူ ရည်းစားနဲ့ အလည်အပတ်သွားမယ်ဆိုရင် ကိုယ့်ချစ်သူကို လူမြင်ကွင်းနေရာမျိုးမှာ နမ်းခြင်း၊ ဖက်ခြင်း၊ လက်ကိုင်ခြင်းတို့ကို အထူးသတိထား ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ သင့်အနေနဲ့ အဖမ်းခံရမှာဖြစ်ပါတယ်။
၉။ အချိန်တိုင်း ဘောင်းဘီဝတ်ထားဖို့လိုအပ်တဲ့ ဂရိ။
ဂရိနိုင်ငံသားတွေနဲ့ မသင့်လျော်တဲ့ အပြုအမူတွေကို မရောထွေးသင့်ပါဘူး။ တကယ်လို့သင်ဟာ ဂရိမှာရှိတဲ့ ပင်လယ်ကမ်းခြေတွေကို အလည်အပတ်သွားပြီး အပန်းဖြေမယ်ဆိုရင်တော့ ဘောင်းဘီကို အချိန်ပြည့် ဝတ်ဆင်ထားဖို့ လိုအပ်ပါတယ်။
၁၀။ ဆေးလိပ်သောက်ခြင်းကို တင်းကြပ်ထားတဲ့ စင်္ကာပူ။
စင်္ကာပူမှာ ဆေးလိပ်သောက်ခြင်းကို မြောက်အမေရိကထက် ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေဖြစ်တဲ့ စားသောက်ဆိုင်တွေ၊ ပန်းခြံတွေနဲ့ လမ်းမတွေပေါ်မှာ ဆေးလိပ်သောက်မိပါက ဒဏ်ငွေအမြောက်အမြား ပေးဆောင်ရမှာဖြစ်ပါတယ်။ ထိုနည်းတူ ပီကေထွေးထုတ်သူတွေကိုလည်း ပြင်းထန်တဲ့ဒဏ်ငွေတွေ သတ်မှတ်ထားပါတယ်။
<Unicode Version>
ဂျပန်နိုင်ငံမှာ လူတွေကို လေးလံထိုင်းမှိုင်းစေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Vicks တံဆိပ် ရှူဆေးနဲ့ Sudafed အကိုက်အခဲပျောက်ဆေးတွေကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။
၃။       အတွင်းခံအင်္ကျီ ချွတ်လို့မရတဲ့ ဖီဂျီ။
ဖီဂျီနိုင်ငံဟာ အလွန်သာယာလှပတဲ့ ကျွန်းစုနိုင်ငံဖြစ်ပြီး သွားရောက်လည်ပတ်သူတွေအတွက်  နေလောင်ခံခြင်း၊ ရေကူးခြင်းတို့ကို  ပြုလုပ်ဖို့ အကောင်းဆုံးနိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ ဒါပေမယ့် အတွင်းခံအင်္ကျီ၊ အတွင်းခံဘောင်းဘီ မပါဘဲ ရေကူးခြင်း၊ နေလောင်ခံခြင်းတွေလုပ်နေတာကို ဖမ်းမိခဲ့မယ်ဆိုရင်တော့ သင့်အနေနဲ့ ထောင်ချခံရပါလိမ့်မယ်။
<Zawgyi Version>
#ST (Soshwe)
#SoshweFunny
#SoshweForYourDailyLife
#Like&Share
About admin
Check Also
Covid ကပ်ရောဂါ ဖြစ်ပွါးနေစဉ်အတွင်း ကင်ဆာရောဂါကို တိုက်ထုတ်နိုင်ခဲ့တဲ့ကလေးငယ်။
Kennedy News Service ရဲ့ သတင်းပေးပို့ချက်အရ အသက် (၆) နှစ်အရွယ် Beckett လေးဟာ ကင်ဆာရောဂါကို ဓါတုကုထုံးနဲ့ ဆက်လက်ကုသနေစရာမလိုတော့ဘဲ ရောဂါပျောက်ကင်းသွားလို့ ကျောင်းပြန်တက်ခွင့် …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro