Offset ဟာ Cardi B ဖျော်ဖြေတင်ဆက်နေစဉ်အတွင်း စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဒရာမာဆန်ဆန်ကိစ္စရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
Cardi B ဟာ ခင်ပွန်းဖြစ်သူ Offset က သူမနောက်ကွယ်မှာ ဖောက်ပြန်နေတယ်ဆိုတာကို သိရှိပြီးနောက်ပိုင်း Offset နဲ့ ကွာရှင်းလိုက်ပြီဖြစ်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သို့ပေမယ့်လည်း Offset အနေနဲ့ ကွာရှင်းတဲ့ကိစ္စရပ်ကိုတော့ အတည်ပြုပြောကြားထားခြင်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ Instagram မှာ Cardi B ကို သတိရတဲ့အကြောင်းကို Post တင်ထားပြီး သူမရဲ့ ဖျော်ဖြေပွဲမှာလည်း စတိတ်စင်ပေါ်တက်ကာ သူ့ကို ပြန်လက်ခံပေးဖို့အတွက် စိတ်လှုပ်ရှားဖို့ကောင်းလောက်အောင် ပုရိသတ်များရှေ့မှာ တောင်းဆိုခဲ့ပါတယ်။
Offset is displaying manipulative and abusive behavior towards Cardi B. He’s doing this in front of a crowd and gaslighting the reasons she made her decision to leave bc of HIS behavior. My goodness. https://t.co/CdrL0pR9Uj
— DaBaby’s White Gold Grill ✨ (@BasicBlaecGirl) December 16, 2018
ထို့နောက် Cardi B က သူမအနေနဲ့ အခြေအနေကိစ္စရပ်တွေအားလုံးကို အဆင်ပြေချင်ကြောင်းနဲ့ သူမအတွက် အချိန်လိုအပ်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်ပြီး သူမအနေနဲ့လည်း Offset ကို Social Media တွေပေါ်မှာ ပြင်းပြင်းထန်ထန် ပုတ်ခတ်တာတွေကိုရပ်တန့်ပေးဖို့အတွက် ပုရိသတ်ကို တောင်းဆိုခဲ့ပါတယ်။
#ST (soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share