ပြီးခဲ့တဲ့လက ကာလီဖိုးနီးယားမှာ ဖြစ်ခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် Miley Cyrus နဲ့ Liam Hemsworth တို့ဟာ သူတို့ရဲ့နေအိမ်ကို ဆုံးရှုံးခဲ့ရပါတယ်။ ထိုအချိန်တုန်းက သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန် (၁၆)ကောင်ကို မီးဘေးအန္တရာယ်ကနေ Liam ကယ်ထုတ်ခဲ့တဲ့အကြောင်းကို Miley က ပြန်လည် ပြောပြခဲ့ပါတယ်။
Miley ဟာ ဒီအပတ်အစောပိုင်းတုန်းက Howard Sterm ရေဒီယိုပရိုဂရမ်ကို သွားရောက်ခဲ့ပြီး ကာလီဖိုးနီးယားမှာ တောမီးလောင်ကျွမ်းတုန်းက သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေဖြစ်တဲ့ မြင်းလေးကောင်၊ ဝက်နှစ်ကောင်၊ ခွေးခုနစ်ကောင်နဲ့ ကြောင်သုံးကောင်တို့ကို Liam တစ်ယောက်တည်း ဘေးကင်းရာသို့ ကယ်ဆယ်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အခုလိုကြိုးပမ်းမှုကြောင့်လည်း သူမအနေနဲ့ Liam ကို အရင်ကထက် ပိုချစ်ခဲ့တဲ့အကြောင်းကိုလည်း ထုတ်ဖော် ပြောပြခဲ့ပြီး တိရိစ္ဆာန်လေးတွေအားလုံးကိုလည်း အသက်အန္တရာယ်မရှိ ကယ်ထုတ်ပေးနိုင်ခဲ့တဲ့အတွက်ကြောင့် Miley မှာ ပျော်မဆုံး ဖြစ်ခဲ့ရပါတယ်။
#ST (Soshwe)
#SoshweAnimals
#SoshweForYourDailyLife
#Like&Share