တကယ်လို့ သင်ဟာ Kim Kardashian ကို အလွန်ပဲ ကြိုက်နှစ်သက်တဲ့သူဆိုရင် လက်တလောဖြစ်ပျက်နေတဲ့ Kanye West ရဲ့ Twitter ပေါ်က သတင်းတွေကို ပျောက်ကွယ်သွားစေချင်မှာ သေချာပါတယ်။
ပြီးခဲ့တဲ့ရက်အချို့က Kanye ဟာ မိသားစုကိစ္စနဲ့ ပက်သက်ပြီး Drake ကိုသာမကပဲ Kylie Jenner ရဲ့ ချစ်သူဖြစ်သူ Travis Scott ကိုလည်း ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ Kanye အနေနဲ့ သူ့ရဲ့ Twitter မှာ တင်ထားတာတွေကို တွေ့ရှိရမှာပါ။
I hit Trav earlier today Now he just hit me More threats
— ye (@kanyewest) December 14, 2018
Fuck that sickomode song Family first and always
— ye (@kanyewest) December 14, 2018
အခုချိန်မှာ လူတွေ အများဆုံး စိတ်ဝင်စားနေကြတာကတော့ Kardashian – Jenner ညီအစ်မတွေရဲ့ ခရစ်စမတ်ညစာစားပွဲဟာ ဘယ်လိုဖြစ်လာမလဲဆိုတာပါပဲ။ သို့ပေမယ့်လည်း Kanye နဲ့ Travis ဟာ အဆင်ပြေသွားပြီဖြစ်တဲ့အကြောင်း Kylie မှ ပြောကြားခဲ့သဖြင့် Kim နဲ့ Kylie တို့ရဲ့ ခရစ်စမတ် ညစာစားပွဲကတော့ အနှောင့်အယှက်ဖြစ်စရာအကြောင်း မရှိတော့ပါဘူး။
Kanye West မှလည်း Travis နဲ့ပက်သက်ပြီ်း ပြေလည်မှုရရှိသွားပြီဖြစ်တဲ့အကြောင်းကိုလည်း Twitter မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
Met with Trav at my crib this morning We expressed ourselves It’s all love
— ye (@kanyewest) December 15, 2018
#ST (Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share