အိန္ဒိယနိုင်ငံ၊ အူတာပရာဒရှ်ပြည်နယ်၊ ဗာရာနာစီမြို့ရှိ SS ဆေးရုံမှာ ရင်းချင်းဆက် အမြွှာညီအစ်မနှစ်ယောက် မွေးဖွားခဲ့ပါတယ်။ ဒေါက်တာတွေအနေနဲ့ ကလေးမိဘတွေကို ခွဲစိတ်ကုသဖို့ အကြံပေးခဲ့ပေမယ့် မိဘတွေဟာ ငွေရေးကြေးရေးအဆင်မပြေတဲ့အတွက်ကြောင့် ခွဲစိတ်မှုအတွက် ကုန်ကျစရိတ်ကို မတတ်နိုင်ခဲ့ပါဘူး။
ထို့နောက် ခွဲစိတ်ဆရာဝန်တွေ စုဝေးတိုင်ပင်ကာ ရင်ချင်းဆက်အမြွှာအတွက် အကောင်းဆုံးဖြစ်နိုင်မယ့်နည်းလမ်းသာမက မိဘနှစ်ယောက်ရဲ့ ငွေရေးကြေးရေးအခက်အခဲကို ထောက်ရှု၍ အခမဲ့ ခွဲစိတ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မိဘတွေဟာ ခွဲစိတ်ကုသမှု မအောင်မြင်မှာကို စိတ်ဒုက္ခရောက်နေခဲ့ပေမယ့် ဒေါက်တာတွေကတော့ ခွဲစိတ်မှုအောင်မြင်နိုင်တဲ့အကြောင်းကို ရှင်းပြပြီး စိတ်အေအေးထားဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ခွဲစိတ်ဆရာဝန် (၅)ယောက်၊ လက်ထောက်ဆရာဝန် (၁၀)ယောက်နဲ့ သူနာပြု (၁၅)ယောက် ပါဝင်တဲ့အဖွဲ့ကြီးဟာ ရင်ချင်းဆက်အမြွှာကို ခွဲစိတ်ကုသမှုမှာ ကူညီအားဖြည့်ပေးခဲ့ပြီး ခွဲစိတ်မှုမစခင်မှာတော့ အမြွှာနှစ်ယောက်ဟာ ရေဓာတ်ခန်းခြောက်နေခဲ့ပါတယ်။ (၃)ရက်သားအရွယ် နာမည်တောင်မပေးရသေးတဲ့ အမြွှာနှစ်ယောက်ဟာ နာကျင်တဲ့ခွဲစိတ်မှုဒဏ်ကို ခံစားခဲ့ရပြီး ခွဲစိတ်ချိန် (၅) နာရီကြာမြင့်ပြီးနောက် ဆေးပညာရှင်တွေက ကလေးတွေရဲ့ ရင်ခေါင်းနဲ့ အသည်းကို သီးခြားစီ ခွဲထုတ်ပေးနိုင်ခဲ့ပါတယ်။
“ အခုခွဲစိတ်မှုကြီးဟာ ကျွန်တော်တို့ဆေးရုံရဲ့ ကြုံတောင့်ကြုံခဲ ခွဲစိတ်မှုကြီးပဲဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုမှာ ပါဝင်ခဲ့တဲ့လူအားလုံးရဲ့ အစွမ်းကုန် ကြိုးစားအားထုတ်မှုကြောင့် ခွဲစိတ်မှုကြီး အောင်မြင်ခဲ့ပါတယ် . . .” ဆိုပြီး ဒေါက်တာပန်ဒေးမှ ပြောကြားခဲ့ပါတယ်။ ခွဲစိတ်မှုအောင်မြင်တဲ့အထိမ်းအမှတ်အနေနဲ့ ဆရာဝန်တွေစုပေါင်းပြီး ခွဲစိတ်ခန်းအတွင်း Selfie ရိုက်ခဲ့ကြပါတယ်။
<Unicode Version>
ရင္ခ်င္းဆက္ အၿမႊာႏွစ္ေယာက္ကို္ အခမ့ဲ ခြဲစိတ္ကုသေပးခ့ဲတ့ဲ ဆရာဝန္မ်ား။
အိႏၵိယႏိုင္ငံ၊ အူတာပရာဒရွ္ျပည္နယ္၊ ဗာရာနာစီၿမိဳ႕ရွိ SS ေဆးရုံမွာ ရင္းခ်င္းဆက္ အျမႊာညီအစ္မႏွစ္ေယာက္ ေမြးဖြားခ့ဲပါတယ္။ ေဒါက္တာေတြအေနနဲ႕ ကေလးမိဘေတြကို ခြဲစိတ္ကုသဖို႕ အႀကံေပးခ့ဲေပမယ့္ မိဘေတြဟာ ေငြေရးေၾကးေရးအဆင္မေျပတ့ဲအတြက္ေၾကာင့္ ခြဲစိတ္မႈအတြက္ ကုန္က်စရိတ္ကို မတတ္ႏိုင္ခ့ဲပါဘူး။
ထို႕ေနာက္ ခြဲစိတ္ဆရာဝန္ေတြ စုေဝးတိုင္ပင္ကာ ရင္ခ်င္းဆက္အၿမႊာအတြက္ အေကာင္းဆုံးျဖစ္ႏိုင္မယ့္နည္းလမ္းသာမက မိဘႏွစ္ေယာက္ရဲ႕ ေငြေရးေၾကးေရးအခက္အခဲကို ေထာက္ရႈ၍ အခမ့ဲ ခြဲစိတ္ေပးဖို႕ ဆုံးျဖတ္ခ့ဲၾကပါတယ္။ မိဘေတြဟာ ခြဲစိတ္ကုသမႈ မေအာင္ျမင္မွာကို စိတ္ဒုကၡေရာက္ေနခ့ဲေပမယ့္ ေဒါက္တာေတြကေတာ့ ခြဲစိတ္မႈေအာင္ျမင္ႏိုင္တ့ဲအေၾကာင္းကို ရွင္းျပၿပီး စိတ္ေအေအးထားဖို႕ တိုက္တြန္းခ့ဲၾကပါတယ္။
ခြဲစိတ္ဆရာဝန္ (၅)ေယာက္၊ လက္ေထာက္ဆရာဝန္ (၁၀)ေယာက္နဲ႕ သူနာျပဳ (၁၅)ေယာက္ ပါဝင္တ့ဲအဖြဲ႕ႀကီးဟာ ရင္ခ်င္းဆက္အၿမႊာကို ခြဲစိတ္ကုသမႈမွာ ကူညီအားျဖည့္ေပးခ့ဲၿပီး ခြဲစိတ္မႈမစခင္မွာေတာ့ အၿမႊာႏွစ္ေယာက္ဟာ ေရဓာတ္ခန္းေျခာက္ေနခ့ဲပါတယ္။ (၃)ရက္သားအရြယ္ နာမည္ေတာင္မေပးရေသးတ့ဲ အျမႊာႏွစ္ေယာက္ဟာ နာက်င္တ့ဲခြဲစိတ္မႈဒဏ္ကို ခံစားခ့ဲရၿပီး ခြဲစိတ္ခ်ိန္ (၅) နာရီၾကာျမင့္ၿပီးေနာက္ ေဆးပညာရွင္ေတြက ကေလးေတြရဲ႕ ရင္ေခါင္းနဲ႕ အသည္းကို သီးျခားစီ ခြဲထုတ္ေပးႏိုင္ခ့ဲပါတယ္။
“ အခုခြဲစိတ္မႈႀကီးဟာ ကၽြန္ေတာ္တို႕ေဆးရုံရဲ႕ ႀကံဳေတာင့္ႀကံဳခဲ ခြဲစိတ္မႈႀကီးပဲျဖစ္ပါတယ္။ ခြဲစိတ္ကုသမႈမွာ ပါဝင္ခ့ဲတ့ဲလူအားလုံးရဲ႕ အစြမ္းကုန္ ႀကိဳးစားအားထုတ္မႈေၾကာင့္ ခြဲစိတ္မႈႀကီး ေအာင္ျမင္ခ့ဲပါတယ္ . . .” ဆိုၿပီး ေဒါက္တာပန္ေဒးမွ ေျပာၾကားခ့ဲပါတယ္။ ခြဲစိတ္မႈေအာင္ျမင္တ့ဲအထိမ္းအမွတ္အေနနဲ႕ ဆရာဝန္ေတြစုေပါင္းၿပီး ခြဲစိတ္ခန္းအတြင္း Selfie ရိုက္ခ့ဲၾကပါတယ္။
<Zawgyi Version>
#ST (Soshwe)
#SoshweLifestyle
#SoshweForYourDailyLife
#Like&Share