Breaking News

ခွေးမွေးဖို့ ရှာဖွေနေရင်း အမှတ်မထင်အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့တဲ့အမျိုးသမီး။

ခွေးမွေးတာဝါသနာပါတဲ့ Nicole Grimes ဆိုတဲ့အမျိုးသမီးဟာ ခွေးမွေးဖို့အတွက် Facebook ကနေ ရှာဖွေနေရင်း တစ်နေ့မှာတော့ သူမကလေးဘဝက မွေးခဲ့ဖူးတဲ့ ခွေးမလေး “ Chloe ” နဲ့ အမှတ်မထင် ပြန်လည်တွေ့ဆုံခဲ့ပါတယ်။

Nicole (၁၀) နှစ်အရွယ်တုန်းက သူမဆီမှာ ခွေးမလေးတစ်ကောင်ရှိပြီး သူမရဲ့အဘွားဖြစ်သူဟာ ခွေးမလေးကို “ Chloe ” လို့ အမည်ပေးခဲ့ပါတယ်။ Nicole နဲ့ သူမရဲ့ ခွေးမလေးတို့ဟာ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းချင်း အလွန်ရင်နှီးတဲ့ သူငယ်ချင်းတွေလို ဖြစ်လာခဲ့ကြပါတယ်။ BBC သတင်းဌာနသို့ Nicole ရဲ့ ပြောပြချက်အရ သူမဖခင်ဟာ အလုပ်သစ်တစ်ခုရရှိခဲ့ပြီး ထိုအလုပ်ဟာ အိမ်ကနေ ဆူညံနှောင့်ယှက်မှုမရှိဘဲ တိတ်ဆိတ်ငြိမ်သက်စွာ လုပ်ကိုင်ရမှာဖြစ်တဲ့အတွက်ကြောင့် Nicole နဲ့ Chloe ဟာ (၄) နှစ်ကြာ တွေ့ဆုံပြီးနောက်ပိုင်း ခွဲခွာဖို့အကြောင်း ဖြစ်လာခဲ့ပါတယ်။ ထို့နောက် Nicole ရဲ့ ဖခင်မှ Chloe ကို ဝါရှင်တန် စာနာထောက်ထားမှုအဖွဲ့အစည်းသို့ ပေးအပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း မမျှော်လင့်ထားတဲ့ ကိစ္စရပ်တွေဟာ တကယ်ဖြစ်လာနိုင်သကဲ့သို့ သူမအနေနဲ့ ခွေးမွေးဖို့ ရှာဖွေနေရင်း သူမကလေးဘဝက ခွေးလေးဖြစ်တဲ့ (၁၁)နှစ်အရွယ် ခွေးမလေး Chloe နဲ့ (၇)နှစ်ကြာခွဲခွာပြီးနောက် ပြန်လည်ဆုံဆည်းခဲ့ကြပါတယ်။

<Unicode Version>

 

 





<Zawgyi Version>

 

#ST (soshwe)

#SoshweAnimals

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ကြင်ယာဖက်ရဲ့ ရက်ရောမှုကို စမ်းသပ်တဲ့အနေနဲ့ ဆွေမျိုး ၂၃ ယောက်ကို စားသောက်ဆိုင် ခေါ်ဆောင်သွားတဲ့ အမျိုးသမီးရဲ့အဖြစ်။

တရုတ်နိုင်ငံ Zhejiang ဒေသမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးဟာ “Blind Date” လို့ခေါ်တဲ့ တစ်ခါမှမတွေ့ဖူးတဲ့ ကြင်ယာဖက်နဲ့ တွေ့ဆုံမယ့် စားသောက်ဆိုင်သို့ ဆွေမျိုး ၂၃ ယောက်လုံးကို …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro