HomeLifeStyleပေါင် (၃၀၀၀၀)ကျော် အသုံးပြု၍ ဒေးဗစ်ဘက်ခမ်းနဲ့တူအောင် ခွဲစိတ်ခဲ့တဲ့အမျိုးသားတစ်ယောက်ရဲ့ အဖြစ်။

ပေါင် (၃၀၀၀၀)ကျော် အသုံးပြု၍ ဒေးဗစ်ဘက်ခမ်းနဲ့တူအောင် ခွဲစိတ်ခဲ့တဲ့အမျိုးသားတစ်ယောက်ရဲ့ အဖြစ်။

- Advertisement -

Jack Johnson လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ကိုယ်သူ ဒေးဗစ်ဘက်ခမ်းနဲ့တူအောင် နှာခေါင်းခွဲစိတ်ခြင်း၊ မေးစေ့ခွဲစိတ်ခြင်း၊ အရေပြားအောက်မှ အဆီများ စုတ်ထုတ်ခြင်းအပါအဝင် မျက်နှာခွဲစိတ်ပြုပြင်မှုတွေကို အကြိမ်အမြောက်အမြား ပြုလုပ်ခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ်ရှိ ဂျက်ဟာ ချေးငွေထုတ်ယူ၍ သူ့ရဲ့ အသည်းကျော် ဒေးဗစ်ဘက်ခမ်း ဝတ်ဆင်တဲ့ အဝတ်အစားတွေအတိုင်း ဝယ်ယူဝတ်ဆင်ခဲ့ပါတယ်။ နိုဝင်ဘာ (၈)ရက်နေ့မှာတော့ ဂျက်ဟာ Social Media အသုံးပြုရင်း မီးပူပူဖြင့် အာလူးကြော်နေစဉ် ဒယ်အိုးဟာ မီးလောင်ကျွမ်းခဲ့ပြီး ဒေးဗစ်ဘက်ခမ်းနဲ့တူအောင် ခွဲစိတ်မှုတွေ ပြုလုပ်နေဆဲဖြစ်တဲ့ ဂျက်တစ်ယောက် မီးတောက်တွေနဲ့ အငွေ့တွေဖုံးနေတဲ့ကြားထဲမှာ မီးငြိမ်းသတ်ဖို့ စတင် ကြိုးစားပါတော့တယ်။ သို့ပေမယ့်လည်း မီးငြိမ်းသတ်ဖို့ ကြိုးစားနေစဉ်အတွင်း ပေါက်ကွဲမှုဖြစ်ပွာခဲ့ပါတယ်။

- Advertisement -

“ ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း ကျွန်တော် တိုက်ခန်းထဲကထွက်ဖို့ကြိုးစားခဲ့ပါတယ်။ တိုက်ခန်းအပြင်လည်းရောက်ရော သတိလစ်သွားခဲ့ပြီး (၂၄)နာရီကြာပြီးမှ Queen Medical Center ရဲ့ အခန်းတစ်ခန်းထဲမှာ ပြန်လည် သတိလည်လာခဲ့ပါတယ်။ ကျွန်တော်ပိုင်ဆိုင်သမျှအားလုံး ဆုံးရှုံးခဲ့ရပြီး အခုဆိုရင် အာမခံထားရှိမှု မရှိတဲ့အတွက် ကျွန်တော့်မှာ အကြွေးတွေ အရမ်းများနေပါပြီ . . . ” ဆိုပြီး သူ့အကြောင်းကို ပြောပြခဲ့ပါတယ်။

- Advertisement -

သူ့ရဲ့တိုက်ခန်းကလည်း မီးလောင်ကျွမ်းခဲ့ပြီး ကြွေးမြီ အမြောက်အမြားလည်း တင်နေခဲ့ပါတယ်။ Jack ရဲ့ နေထိုင်စားသောက်ဖို့ကို သူငယ်ချင်းတွေ၊ အခြားမိသားစုဝင်တွေက ကူညီထောက်ပ့ံပေးပေမယ့်လည်း သူ့ရဲ့ ဘက်ခမ်းနဲ့တူအောင် ခွဲစိတ်မှုကိုတော့ ဆက်လက်လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။
<Unicode Version>

- Advertisement -

 

ေပါင္ (၃၀၀၀၀)ေက်ာ္ အသုံးျပဳ၍ ေဒးဗစ္ဘက္ခမ္းနဲ႕တူေအာင္ ခြဲစိတ္ခ့ဲတ့ဲအမ်ိဳးသားတစ္ေယာက္ရဲ႕ အျဖစ္။

Jack Johnson လို႕ေခၚတ့ဲ အမ်ိဳးသားတစ္ေယာက္ဟာ သူ႕ကိုယ္သူ ေဒးဗစ္ဘက္ခမ္းနဲ႕တူေအာင္ ႏွာေခါင္းခြဲစိတ္ျခင္း၊ ေမးေစ့ခြဲစိတ္ျခင္း၊ အေရျပားေအာက္မွ အဆီမ်ား စုတ္ထုတ္ျခင္းအပါအဝင္ မ်က္ႏွာခြဲစိတ္ျပဳျပင္မႈေတြကို အႀကိမ္အေျမာက္အျမား ျပဳလုပ္ခ့ဲပါတယ္။

အသက္ (၂၂)ႏွစ္အရြယ္ရွိ ဂ်က္ဟာ ေခ်းေငြထုတ္ယူ၍ သူ႕ရဲ႕ အသည္းေက်ာ္ ေဒးဗစ္ဘက္ခမ္း ဝတ္ဆင္တ့ဲ အဝတ္အစားေတြအတိုင္း ဝယ္ယူဝတ္ဆင္ခ့ဲပါတယ္။ ႏိုဝင္ဘာ (၈)ရက္ေန႕မွာေတာ့ ဂ်က္ဟာ Social Media အသုံးျပဳရင္း မီးပူပူျဖင့္ အာလူးေၾကာ္ေနစဥ္ ဒယ္အိုးဟာ  မီးေလာင္ကၽြမ္းခ့ဲၿပီး  ေဒးဗစ္ဘက္ခမ္းနဲ႕တူေအာင္ ခြဲစိတ္မႈေတြ ျပဳလုပ္ေနဆဲျဖစ္တ့ဲ ဂ်က္တစ္ေယာက္ မီးေတာက္ေတြနဲ႕ အေငြ႕ေတြဖုံးေနတ့ဲၾကားထဲမွာ မီးၿငိမ္းသတ္ဖို႕  စတင္ ႀကိဳးစားပါေတာ့တယ္။ သို႕ေပမယ့္လည္း မီးၿငိမ္းသတ္ဖို႕ ႀကိဳးစားေနစဥ္အတြင္း  ေပါက္ကြဲမႈျဖစ္ပြာခ့ဲပါတယ္။

“ ေပါက္ကြဲမႈျဖစ္ၿပီးေနာက္ပိုင္း ကၽြန္ေတာ္ တိုက္ခန္းထဲကထြက္ဖို႕ႀကိဳးစားခ့ဲပါတယ္။ တိုက္ခန္းအျပင္လည္းေရာက္ေရာ သတိလစ္သြားခ့ဲၿပီး (၂၄)နာရီၾကာၿပီးမွ Queen Medical Center ရဲ႕ အခန္းတစ္ခန္းထဲမွာ ျပန္လည္ သတိလည္လာခ့ဲပါတယ္။ ကၽြန္ေတာ္ပိုင္ဆိုင္သမွ်အားလုံး ဆုံးရႈံးခ့ဲရၿပီး အခုဆိုရင္ အာမခံထားရွိမႈ မရွိတ့ဲအတြက္ ကၽြန္ေတာ့္မွာ အေၾကြးေတြ အရမ္းမ်ားေနပါၿပီ . . . ” ဆိုၿပီး သူ႕အေၾကာင္းကို ေျပာျပခ့ဲပါတယ္။

သူ႕ရဲ႕တိုက္ခန္းကလည္း မီးေလာင္ကၽြမ္းခ့ဲၿပီး ေၾကြးၿမီ အေျမာက္အျမားလည္း တင္ေနခ့ဲပါတယ္။ Jack ရဲ႕ ေနထိုင္စားေသာက္ဖို႕ကို သူငယ္ခ်င္းေတြ၊ အျခားမိသားစုဝင္ေတြက ကူညီေထာက္ပ့ံေပးေပမယ့္လည္း သူ႕ရဲ႕ ဘက္ခမ္းနဲ႕တူေအာင္ ခြဲစိတ္မႈကိုေတာ့ ဆက္လက္လုပ္ေဆာင္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

<Zawgyi Version>

 

#ST (Soshwe)

#SoshweLifestyle

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read