Breaking News

သိပ္ပံနည်းပညာအရ လေ့လာတွေ့ရှိထားတဲ့ အသက်ရှည်ရှည်နေထိုင်နိုင်သော နည်းလမ်းကောင်းများ။

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။

တကယ်လို့ သင့်အနေနဲ့ အသက်ရှည်ရှည်နေထိုင်ချင်တယ်ဆိုရင် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများစားဖို့ လိုအပ်ပါတယ်။ London Imperial College ရဲ့ ရှာဖွေတွေ့ရှိချက်အရ နေ့စဉ် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် (၁၀)မျိုးတိတိစားသုံးတဲ့သူတွေဟာ ရောဂါဖြစ်နိုင်မှုနှုန်းကို အကောင်းဆုံး ကာကွယ်ပေးပါတယ်။ တကယ်လို့ လူတွေအနေနဲ့သာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များများစားမယ်ဆိုရင် ကမ္ဘာတစ်ဝှမ်း သေဆုံးသူဦးရေ ၇.၈ သန်းကို လျော့ကျစေနိုင်ပါတယ် ဆိုပြီး သုတေသနပြုလုပ်သူတွေကပဲ ခန့်မှန်းကြပါတယ်။ “ သက်စောင့်ဓာတ်တွေ (Vitamins) ၊ သတ္တုဓာတ်တွေနဲ့ အသီးအရွက်တွေမှာပါတဲ့ ဖိုင်ဘာဓာတ်တွေကသာ သင့်ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အဓိကဖြစ်တဲ့အတွက်ကြောင့် အသား၊ငါးကို သင့်တင့်မျှတစွာ စားသုံးပြီး အသီးအရွက်တွေကိုသာ များများစားပေးပါ . . . ” ဆိုပြီး Komar က ပြောကြားခဲ့ပါတယ်။

 

စိတ်သဘောထားကြီးစွာနဲ့ အခြားသူတွေကို ကူညီပါ။

အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးပြုလုပ်တာကလည်း စိတ်ဖိစီးမှုတွေမှ သက်သာရာရတဲ့အတွက်ကြောင့် သင့်ရဲ့ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။ “ သက်ကြီးပိုင်းတွေကို သုတေသနပြုလုပ်ပြီး တွေ့ရှိချက်တွေအရ သူတို့အသက်ရှည်ရှည်နေနေရတဲ့ အကြောင်းရင်းတစ်ခုဟာ အခြားသူတွေကို ကူညီထောက်ပ့ံခဲ့တာတွေကြောင့် ဖြစ်တယ် . . .” လို့ Stanford University ရဲ့ ပရော်ဖက်ဆာ Emma Seppala က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေ လျော့ကျအောင်ပြုလုပ်ခြင်း၊ အခြားသူတွေကို ကူညီခြင်းတွေဟာလည်း ရောဂါဖြစ်နိုင်ချေတွေကို လျော့ကျစေပါတယ်။

 

ငါးများများစားပါ။

ကျန်းမာရေးကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်လည်း ငါးစားဖို့ လိုအပ်ပါတယ်။ “ Omega 3 အက်ဆစ်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ ဆော်လမွန်ငါးကို အနည်းဆုံး တစ်ပတ် (၂)ကြိမ်စားသုံးသင့်ပါတယ် . . . ” လို့ Palinski – Wade မှ ပြောကြားခဲ့ပါတယ်။ “ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု စစ်တမ်းကောက်ချက်တွေအရ အမေရိကန်နိုင်ငံသား (၉၅) ရာခိုင်နှုန်းလောက်ဟာ အသက်ရှည်ရှည်နေနိုင်အောင် ကူညီထောက်ပ့ံပေးနိုင်တဲ့ Omega 3 အက်ဆစ်ဓာတ် ချိူ့တဲ့နေတာကို တွေ့ရှိခဲ့ရပါတယ် . . .” ဆိုပြီး Palinski – Wade မှပဲ ဆက်လက် ပြောကြားခဲ့ပါတယ်။

 

နှစ်ခြိုက်စွာအိပ်ပါ။

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလုပ်ရှုပ်ထွေးခြင်းတွေ၊ ပင်ပန်းခြင်းတွေနဲ့ လုံးပန်းနေရပြီး အိပ်စက်ခြင်းနဲ့ပင် နေ့တစ်နေ့ကို အဆုံးသတ်ကြပါတယ်။ “ လူတွေဟာ တစ်နေ့ကို အနည်းဆုံး (၇)နာရီကနေ (၈)နာရီအထိ အိပ်စက်အနားယူသင့်ပါတယ် . . . ” ဆိုပြီး PIH ကျန်းမာရေးစောင့်ရှောက်မှုစင်တာရဲ့ မန်းနေဂျင်းဒါရိုက်တာ Sonya W. Thomas မှ ပြောကြားထားပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အိပ်ရေးပျက်ခြင်းဟာ ကျန်းမာရေးချို့တဲ့မှု ဖြစ်စေပြီး အဝလွန်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းနဲ့ စိတ်ဓာတ်ကျဆင်းခြင်းတို့ကို ဖြစ်စေပါတယ်။

 

ဘယ်ရီသီးတွေစားသုံးပါ။

ဘယ်ရီသီးတွေဟာ Antioxidant တွေရဲ့ အကောင်းဆုံး အရင်းအမြစ်ဖြစ်ပြီး ဆဲလ်တွေပျက်စီးဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။ “ ဘယ်ရီသီးတွေမှာ Antioxidant ဓာတ်နဲ့ Phytochemical ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဘယ်ရီသီးတွေကို နေ့စဉ် စားသုံးပေးသင့်ပါတယ် . . . ” လို့ Dr. Shukitt-Hale မှ ပြောကြားထားပါတယ်။ “ Phytochemical ဓာတ်တွေဟာ စိတ်ဖိစီးမှုတွေကို ဖြစ်စေတဲ့ ဆဲလ်တွေကို လျော့ကျအောင် ပြုလုပ်ပေးပါတယ်။ သူတို့မှာပါဝင်တဲ့ ဇီဝဂုဏ်သတ္တိတွေဟာလည်း ဦးနှောက်ထိုင်းမှိုုင်းမှုကို လျော့ကျအောင် ပြလုပ်ပေးပါတယ် . . . ” ဆိုပြီး Dr. Shukitt မှ ဆက်လက််ပြောကြားခဲ့ပါတယ်။

<Unicode Version>

 

 

 

သိပၸံနည္းပညာအရ ေလ့လာေတြ႕ရွိထားတ့ဲ အသက္ရွည္ရွည္ေနထိုင္ႏိုင္ေသာ နည္းလမ္းေကာင္းမ်ား။

အသီးအႏွံနဲ႕ ဟင္းသီးဟင္းရြက္ မ်ားမ်ားစားပါ။

တကယ္လို႕ သင့္အေနနဲ႕ အသက္ရွည္ရွည္ေနထိုင္ခ်င္တယ္ဆိုရင္ အသီးအႏွံနဲ႕ ဟင္းသီးဟင္းရြက္ မ်ားမ်ားစားဖို႕ လိုအပ္ပါတယ္။ London Imperial College ရဲ႕ ရွာေဖြေတြ႕ရွိခ်က္အရ ေန႕စဥ္ အသီးအႏွံနဲ႕ ဟင္းသီးဟင္းရြက္ (၁၀)မ်ိဳးတိတိစားသုံးတ့ဲသူေတြဟာ ေရာဂါျဖစ္ႏိုင္မႈႏႈန္းကို အေကာင္းဆုံး ကာကြယ္ေပးပါတယ္။ တကယ္လို႕ လူေတြအေနနဲ႕သာ အသီးအႏွံနဲ႕ ဟင္းသီးဟင္းရြက္မ်ားမ်ားစားမယ္ဆုိရင္ ကမာၻတစ္ဝွမ္း ေသဆုံးသူဦးေရ ၇.၈ သန္းကို ေလ်ာ့က်ေစႏိုင္ပါတယ္ ဆိုၿပီး သုေတသနျပဳလုပ္သူေတြကပဲ ခန္႕မွန္းၾကပါတယ္။ “ သက္ေစာင့္ဓာတ္ေတြ (Vitamins) ၊ သတၱဳဓာတ္ေတြနဲ႕ အသီးအရြက္ေတြမွာပါတ့ဲ ဖိုင္ဘာဓာတ္ေတြကသာ သင့္ခႏၶာကိုယ္ က်န္းမာဖို႕အတြက္ အဓိကျဖစ္တ့ဲအတြက္ေၾကာင့္ အသား၊ငါးကို သင့္တင့္မွ်တစြာ စားသုံးၿပီး အသီးအရြက္ေတြကိုသာ မ်ားမ်ားစားေပးပါ . . . ” ဆိုၿပီး Komar က ေျပာၾကားခ့ဲပါတယ္။

 

 

စိတ္သေဘာထားႀကီးစြာနဲ႕ အျခားသူေတြကို ကူညီပါ။

အျခားသူေတြနဲ႕ ေပါင္းသင္းဆက္ဆံေရးျပဳလုပ္တာကလည္း စိတ္ဖိစီးမႈေတြမွ သက္သာရာရတ့ဲအတြက္ေၾကာင့္  သင့္ရဲ႕က်န္းမာေရးကိုလည္း အေထာက္အကူျဖစ္ေစပါတယ္။ “ သက္ႀကီးပိုင္းေတြကို သုေတသနျပဳလုပ္ၿပီး ေတြ႕ရွိခ်က္ေတြအရ သူတို႕အသက္ရွည္ရွည္ေနေနရတ့ဲ အေၾကာင္းရင္းတစ္ခုဟာ အျခားသူေတြကို ကူညီေထာက္ပ့ံခ့ဲတာေတြေၾကာင့္ ျဖစ္တယ္ . . .” လို႕ Stanford University ရဲ႕ ပေရာ္ဖက္ဆာ Emma Seppala က ေျပာၾကားခ့ဲပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးမႈေတြ  ေလ်ာ့က်ေအာင္ျပဳလုပ္ျခင္း၊ အျခားသူေတြကို ကူညီျခင္းေတြဟာလည္း  ေရာဂါျဖစ္ႏိုင္ေခ်ေတြကို  ေလ်ာ့က်ေစပါတယ္။

 

 

ငါးမ်ားမ်ားစားပါ။

က်န္းမာေရးေကာင္းမြန္တ့ဲဘဝကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္လည္း ငါးစားဖို႕ လိုအပ္ပါတယ္။ “ Omega 3 အက္ဆစ္ဓာတ္ ႀကြယ္ဝစြာ ပါဝင္တ့ဲ ေဆာ္လမြန္ငါးကို အနည္းဆုံး တစ္ပတ္ (၂)ႀကိမ္စားသုံးသင့္ပါတယ္ . . . ” လို႕ Palinski – Wade မွ ေျပာၾကားခ့ဲပါတယ္။ “ အမ်ိဳးသားက်န္းမာေရး ေစာင့္ေရွာက္မႈ စစ္တမ္းေကာက္ခ်က္ေတြအရ  အေမရိကန္ႏိုင္ငံသား (၉၅) ရာခိုင္ႏႈန္းေလာက္ဟာ အသက္ရွည္ရွည္ေနႏိုင္ေအာင္ ကူညီေထာက္ပ့ံေပးႏိုင္တ့ဲ Omega 3 အက္ဆစ္ဓာတ္ ခ်ိဴ႕တ့ဲေနတာကို ေတြ႕ရွိခ့ဲရပါတယ္ . . .” ဆိုၿပီး Palinski – Wade မွပဲ ဆက္လက္ ေျပာၾကားခ့ဲပါတယ္။

 

 

ႏွစ္ၿခိဳက္စြာအိပ္ပါ။

ကၽြန္ေတာ္တို႕ရဲ႕ ေန႕စဥ္ဘဝမွာ အလုပ္ရႈပ္ေထြးျခင္းေတြ၊ ပင္ပန္းျခင္းေတြနဲ႕ လုံးပန္းေနရၿပီး အိပ္စက္ျခင္းနဲ႕ပင္ ေန႕တစ္ေန႕ကို အဆုံးသတ္ၾကပါတယ္။ “ လူေတြဟာ တစ္ေန႕ကို အနည္းဆုံး (၇) နာရီကေန (၈) နာရီအထိ အိပ္စက္အနားယူသင့္ပါတယ္ . . . ”  ဆိုၿပီး PIH က်န္းမာေရးေစာင့္ေရွာက္မႈစင္တာရဲ႕ မန္းေနဂ်င္းဒါရိုက္တာ Sonya W. Thomas မွ ေျပာၾကားထားပါတယ္။ ေလ့လာေတြ႕ရွိခ်က္ေတြအရ အိပ္ေရးပ်က္ျခင္းဟာ က်န္းမာေရးခ်ိဳ႕တ့ဲမႈ ျဖစ္ေစၿပီး အဝလြန္ျခင္း၊ ႏွလုံးေရာဂါျဖစ္ျခင္းနဲ႕ စိတ္ဓာတ္က်ဆင္းျခင္းတို႕ကို ျဖစ္ေစပါတယ္။

 

 

ဘယ္ရီသီးေတြစားသုံးပါ။

ဘယ္ရီသီးေတြဟာ Antioxidant ေတြရဲ႕ အေကာင္းဆုံး အရင္းအျမစ္ျဖစ္ၿပီး ဆဲလ္ေတြပ်က္စီးဆုံးရႈံးမႈကို ကာကြယ္ေပးပါတယ္။ “ ဘယ္ရီသီးေတြမွာ Antioxidant ဓာတ္နဲ႕ Phytochemical ဓာတ္ေတြ  ႀကြယ္ဝစြာပါဝင္တာေၾကာင့္ ဘယ္ရီသီးေတြကို ေန႕စဥ္ စားသုံးေပးသင့္ပါတယ္ . . . ” လို႔ Dr. Shukitt-Hale မွ ေျပာၾကားထားပါတယ္။ “ Phytochemical ဓာတ္ေတြဟာ စိတ္ဖိစီးမႈေတြကို ျဖစ္ေစတ့ဲ ဆဲလ္ေတြကို ေလ်ာ့က်ေအာင္ ျပဳလုပ္ေပးပါတယ္။ သူတို႕မွာပါဝင္တ့ဲ ဇီဝဂုဏ္သတိၱေတြဟာလည္း ဦးေႏွာက္ထိုင္းမႈိုင္းမႈကို ေလ်ာ့က်ေအာင္ ျပလုပ္ေပးပါတယ္ . . . ” ဆိုၿပီး Dr. Shukitt မွ ဆက္လက္္ေျပာၾကားခ့ဲပါတယ္။

<Zawgyi Version>

 

#SoshweBeauty&Health

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဒူးရင်းသီးကြိုက်နှစ်သက်သူတွေအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ။

အခုလက်ရှိအချိန်မှာတော့ ကျနော်တို့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ခေတ်အစားဆုံးကတော့ ရာသီပေါ်ဒူးရင်းသီးပဲ ဖြစ်ပါတယ်။ ဒူးရင်းသီးဟာ ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသတွေအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာတို့မှာ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro