အခုအချိန်အခါဟာဆိုရင် ခရစ်စမတ်နီးလာတာနဲ့အမျှ မီးအလှဆင်ထားတာတွေ၊ ခရစ်စမတ်သစ်ပင်တွေ၊ အခြားအပြင်အဆင်တွေနဲ့ အလွန်ပဲ နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်အခါပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိုပြီးထူးခြားတဲ့ အကြောင်းအရာကတော့ A အဆင့်ရှိ ရုပ်ရှင်သရုပ်ဆောင် ကေတီဟုမ်းစ်မှာ iHeartRadio ပွဲသို့ တက်ရောက်ခဲ့ခြင်းပဲဖြစ်တယ်။
အသက် (၃၉)နှစ်အရွယ်ရှိ ကေတီဟာ သူမကိုယ်တိုင်သာမက သမီးဖြစ်သူ Suri Cruise အပါအဝင် ချစ်သူ Jamai Foxx တို့ကိုပါ ကြွားဝါပြီး ခမ်းနားတဲ့ အခမ်းအနားတွေကနေ ရှောင်ကြဉ်ခိုင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ပြီးခဲ့တဲ့ပိတ်ရက်မှာတော့ သမီးငယ်လေး ဆူရီအပါအဝင် သူမရဲ့ အခင်ဆုံး သူငယ်ချင်း (၂)ယောက်နဲ့အတူတူ နယူယောက်မြို့မှာပြုလုပ်တဲ့ iHeartRadio ပွဲသို့ တက်ရောက်ခဲ့ပါတယ်။
ကေတီဟာ အနက်ရောင်ဘလောက်စ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီရှည်အဖြူကို ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျကျ ဝတ်ဆင်ထားပါတယ်။ ကေတီဟာ အရင်နှစ်ကပြုလုပ်တဲ့ iHeartRadio ပွဲကိုလည်း သူ့သမီးလေး ဆူရီနဲ့အတူတူ တက်ရောက်ခဲ့ဖူးတဲ့အတွက်ကြောင့် ဆူရီအတွက် ထူးဆန်းနေတာမျိုးတော့မဟုတ်ပါဘူး။ အခြားအနုပညာရှင်တွေဖြစ်တဲ့ Cardi B, Camila Cabello နဲ့ Dua Lipa တို့လည်း တက်ရောက်ခဲ့ပါတယ်။
#ST (Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Comment