HomeEntertainmentဒုတိယအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ခဲ့တဲ့အကြောင်းနဲ့ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ရန် ကြိုးစားခဲ့တဲ့အကြောင်း ဖွင့်ဟဝန်ခံခဲ့တဲ့ Sarah Hyland

ဒုတိယအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ခဲ့တဲ့အကြောင်းနဲ့ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ရန် ကြိုးစားခဲ့တဲ့အကြောင်း ဖွင့်ဟဝန်ခံခဲ့တဲ့ Sarah Hyland

- Advertisement -

Modern Family ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး Sarah ဟာ  ဒုတိယအကြိမ်  ကျောက်ကပ်အစားထိုးခွဲစိတ်ခံရပြီး ပထမအကြိမ် မအောင်မြင်ခဲ့တဲ့အတွက်ကြောင့် သူမအနေနဲ့ ပြင်းထန်တဲ့နာကျင်မှုတွေ၊ စိတ်ကျန်းမာရေး ပြန်လည်ကောင်းမွန်ဖို့လာဖို့အတွက် ရုန်းကန်ခဲ့ရပုံတွေ၊ နောက်ဆုံး သေကြောင်းကြံစည်ဖို့ပါ ကြိုးစားခဲ့ပုံတွေကို ပြီးခဲ့တဲ့ တနလာင်္နေ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က Sarah ဟာ သူမဖခင်ဆီကနေ ကျောက်ကပ်လက်ခံရရှိပြီး အစားထိုးခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်မှုပြီးတဲ့နောက်ပိုင်း ကျောက်ကပ်ဟာ အစပိုင်းတော့  ပုံမှန်အလုပ်လုပ်ဆောင်နေပေမယ့် အချိန်ကြာလာတာနဲ့အမျှ နာကျင်တဲ့ ဝေဒနာတွေကို ခံစားလာရပြီး နောက်ဆုံးမှာတော့ နောက်တစ်ကြိမ် ထပ်မံခွဲစိတ်ဖို့အတွက် အကြောင်းဖြစ်လာပါတယ်။ သူမအနေနဲ့ အသက် (1209၂၁)နှစ်အရွယ်မှာ ပထမဦးဆုံးအကြိမ် ကျောက်ကပ်အထားထိုးခွဲစိတ်မှု ပြုလုပ်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတော့ သူမအတွက် ခက်ခဲတဲ့အချိန်တွေဖြစ်ခဲ့ပြီး သူမရဲ့ခန္ဓာကိုယ်က အစားထိုးထားတဲ့ကျောက်ကပ်ကို စတင် ငြင်းဆန်လာပါတော့တယ်။

- Advertisement -

၂၀၁၆ တစ်နှစ်လုံး ဆေးရုံးတက်လိုက်၊ ပြန်ဆင်းလာလိုက်နဲ့ အစားထိုးထားတဲ့ကျောက်ကပ်ကို ကယ်တင်ဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ၂၀၁၇ ဖေဖော်ဝါရီကနေစတင်ပြီးတော့ သူမအနေနဲ့ အပတ်တိုင်းလိုလို ကျောက်ကပ်ဆေးကြောခြင်းကို ပြုလုပ်ခဲ့ရပြီး အကျိုးဆက်တွေအနေနဲ့ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ တင်ပါးနဲ့ ခြေသလုံးကြော နာကျင်သည့်ဝေဒနာ ခံစားရခြင်း၊ မျက်စိမှုန်ဝါးခြင်းတို့ကို ခံစားလာရပါတယ်။

- Advertisement -

ပထမတစ်ကြိမ် အစားထိုးထားတဲ့ကျောက်ကပ်ဟာ ခန္ဓာကိုယ်ထဲမှာ ပျက်စီးနေပြီဖြစ်ပြီး သူမနဲ့ကိုက်ညီမယ့် ကျောက်ကပ်အသစ်ကို ပေးလှူမယ့်အလှူရှင်ကို စောင့်ဆိုင်းနေခဲ့ရပါတယ်။ ထို့နောက် သူမရဲ့မောင်အရင်းဖြစ်သူ Ian Hyland မှ ကျောက်ကပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီး သူ့အစ်မကို  ကျောက်ကပ်ပေးလှူဖို့ ဆုံးဖြတ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ Sarah အနေနဲ့ သူမနဲ့ကိုက်ညီမယ့်  ကျောက်ကပ်အသစ်ကို  တွေ့ရှိပြီဖြစ်သော်လည်း ပထမအကြိမ် ခွဲစိတ်မှု မအောင်မြင်ခဲ့တာနဲ့ပက်သက်ပြီး  စိတ်ဓာတ်ကျဆင်းခြင်းနဲ့ အခြားစိတ်ဝေဒနာတွေကို ခံစားခဲ့ရကာ သေကြောင်းကြံစည်ဖို့အထိ ကြိုးစားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

- Advertisement -

 

#ST (Soshwe)

#SoshweCelebrity

#SoShweForYourDailyLife

##Like&Share

- Advertisement -

Must Read