Breaking News

၂၀၁၈ခုနှစ်အတွင်း Instagram တွင် Follower အများဆုံး Celebrity များ။

  1. Justin Bieber (1209103 Million Followers)

အသက် (1209၂၄)နှစ်အရွယ်ရှိ JB ဟာ အလ်ဘမ်အသစ်မထွက်တာ (1209၁)နှစ်ကျော်ပြီဖြစ်သော်လည်း DJ Guetta နဲ့ DJ Khaled တို့ရဲ့ သီချင်းတွေမှာ Featuring ဆိုထားတာတွေရှိပါတယ်။ သိပ်မကြာသေးခင်ကလည်း သူ့ရဲ့ဇနီး Hailey Baldwin နဲ့ အင်္ဂလန်ကို အလည်သွားရောက်ခဲ့ကာ Buckingham နန်းတော်အပြင်ဖက်မှာ ဂီတာတီးပြီး သီချင်းဆိုပြခဲ့ပါတယ်။ JB ဟာ များသောအားဖြင့် သူ့ပုရိသတ်တွေနဲ့ပုံကို အများဆုံးတင်လေ့ရှိပြီး သူငယ်ချင်းဖြစ်သူ Post Malone နဲ့ ပုံတွေလည်း တင်လေ့ရှိပါတယ်။

View this post on Instagram

My wife is awesome

A post shared by Justin Bieber (@justinbieber) on

 

  1. Neymar Jr. (1209107 Million Followers)

ကမ္ဘာ့နံမည်ကြီးဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ နေမာကတော့ သူ့ရဲ့နွေရာသီကို ကမ္ဘာ့ဖလားအတွက် ဘရားဇီးအသင်းနဲ့အတူ အချိန်ကုန်ဆုံးခဲ့ပါတယ်။ နေမာက မကြာခဏဆိုသလို သူ ဘောလုံးကန်နေတဲ့ပုံတွေကို တင်လေ့ရှိပြီး ကြော်ငြာပုံတွေကိုလည်း တင်လေ့ရှိပါတယ်။

 

  1. Taylor Swift (1209113 Million Followers)

Taylor Swift ဟာ ပုရိသတ်တွေတောင်းဆိုတာတွေကို  ပြုလုပ်ပေးလေ့ရှိသဖြင့်  ကောင်းတဲ့ဂုဏ်သတင်းနဲ့ ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ Instagram မှာတော့ သူ့သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ စင်ပေါ်မှာ ဖျော်ဖြေနေတဲ့ပုံတွေကို တင်လေ့ရှိပါတယ်။

 

  1. Kylie Jenner (1209121 Million Followers)

ရုပ်သံတင်ဆက်သူ၊ မော်ဒယ်၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ မိခင်လည်းဖြစ်သူ Kylie Jenner ကတော့ သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ၊ Cosmetic ကြော်ငြာပုံတွေနဲ့ သူ့သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကို IG မှာ တင်လေ့ရှိပါတယ်။

View this post on Instagram

💗❤️

A post shared by Kylie 🤍 (@kyliejenner) on

 

  1. Kim Kardashian (1209122 Million Followers)

Kim ရဲ့ IG မှာတော့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်နဲ့ ဖက်ရှင်အလန်းစားပုံတွေကို ပါးစပ်အဟောင်းသား တွေ့မြင်ရမှာပါ။

View this post on Instagram

K

A post shared by Kim Kardashian West (@kimkardashian) on

 

 

  1. Beyonce (1209121 Million Followers)

Beyonce ကတော့ သူမရဲ့ အမျိုးသား Jay-Z နဲ့အတူ Run II လို့အမည်ပေးထားတဲ့ Tour ကို ဥရောပနဲ့ မြောက်အမေရိကတစ်လျှောက် နိုင်ငံပေါင်း (1209၄၈)နိုင်ငံမှာ ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

 

  1. The Rock (1209124 Million Followers)

The Rock ရဲ့ IG မှာတော့ များသောအားဖြင့် သူ Gym ကစားတဲ့ပုံတွေ၊ အစားအသောက်ပုံတွေနဲ့ ဟင်းချက်ပြုတ်တဲ့ပုံတွေကို အများဆုံးတင်လေ့ရှိပါတယ်။ The Rock ဟာ တစ်ချိန်က အောင်မြင်ကျော်ကြားတဲ့ နပန်းသမားတစ်ယောက် ဖြစ်ခဲ့သလို အခုချိန်မှာလည်း အောင်မြင်ပြီး လူကြိုက်များတဲ့ ရုပ်ရှင်မင်းသားအဖြစ် ရပ်တည်နေပါတယ်။

 

  1. Ariana Grande (1209138 Million Followers)

၂၀၁၈ ကတော့ Ariana Grande အတွက် အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ နှစ်တစ်နှစ်လို့  ပြောလို့ရပါတယ်။ သူမဟာ Billboard ကချီးမြှင့်တဲ့ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံး အမျိုးသမီးဆုကို ရရှိခဲ့သလို၊ ရည်စားဖြစ်သူ Mac Miller နဲ့ လမ်းခွဲခဲ့တဲ့အတွက် ပုရိသတ်တွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း  ခံခဲ့ရပါတယ်။ သို့ပေမယ့်လည်း စူပါစတား Ariana Grande ရဲ့ IG မှာတော့ သူမရဲ့ တစ်ကျော့ပြန် ရင်သပ်ရှုမောဖွယ်ပုံများကို ပြောင်မြောက်တဲ့ Caption တွေနဲ့ တွဲတင်ထားတာတွေကို တွေ့မြင်ရမှာပါ။

View this post on Instagram

loofah of the year @billboard

A post shared by Ariana Grande (@arianagrande) on

 

  1. Selena Gomez (1209144 Million Followers)

သရုပ်ဆောင်၊ အဆိုတော်နဲ့ အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်သူလည်းဖြစ်တဲ့ Selena ဟာ Hotel Transylvania animation ဇာတ်လမ်းတွေမှာ Mavis အဖြစ် အသံသရုပ်ဆောင် လုပ်ခဲ့ပါတယ်။ Selena ရဲ့ IG မှာတော့ သူမရဲ့ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ ပုံတွေ၊ ဗီဒီယိုတွေကို တွေ့မြင်ရမှာပါ။

 

  1. Cristiano Ronaldo (1209148 Million Followers)

အသက် (1209၃၃)နှစ်အရွယ် ကမ္ဘာကျော် ဘောလုံးသမား Ronaldo ကလည်း Neymar ကဲ့သိုပင် ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခဲ့ပါတယ်။ စပိန်လာလီဂါကလပ်ဖြစ်တဲ့ Real Madrid အသင်းမှာ (1209၁၀) စုနှစ် တစ်ခုနီးပါးအကြာ ကစားခဲ့ပြီးနောက် အီတလီစီးရီးအေ အသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းသို့  ပြောင်းရွှေ့ကစားခဲ့ပါတယ်။ သူ့ရဲ့ IG မှာတော့ မိသားစုဝင်တွေ၊ အသင်းသားတွေနဲ့ရိုက်ထားတဲ့ပုံတွေကို အများဆုံးတွေ့မြင်ရမှာပါ။

View this post on Instagram

Let's go 👍🔝

A post shared by Cristiano Ronaldo (@cristiano) on

 

 

#ST (1209Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

About admin

Check Also

Miley Cyrus တွဲခုတ်ခဲ့ဖူးသော ရည်းစားများ။

နာမည်ကျော် အဆိုတော် Miley Cyrus တစ်ယောက် တွဲခုတ်ခဲ့ဖူးသော ရည်းစားများနဲ့ ပတ်သက်၍ အံ့အားသင့်ဖွယ်ရာ မှတ်တမ်းများရှိနေပြီး သြစတြေးလျသရုပ်ဆောင် Liam Hemsworth၊ မော်ဒယ်လ် Stella …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro