Breaking News

ခက်ခဲကြမ်းတမ်းပြီး စွန့်စွန့်စားစား သွားရောက်လည်ပတ်ချင်သူတွေအတွက် ကမ္ဘာ့နေရာ အနှံ့အပြားမှ စိတ်ဝင်စားဖွယ်နေရာများ။

၁။ ကမ္ဘာ့အမတ်စောက်ဆုံး တောင်ထိပ်များရှိသည့်နေရာ Mount Thor, Nunavut, Canada

အမြင့်ပေ (၅၄၉၅) ပေရှိတဲ့ Mount Thor ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်မဟုတ်ဘဲ အမတ်စောက်ဆုံး တောင်ထိပ်ပဲ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာ လူကြိုက်များတဲ့ တောင်ထိပ်ဖြစ်ပြီး နှမ်းဖတ်ကျောက်တွေနဲ့သာ ပြုလုပ်ထားကာ မြေပြင်ကနေ ၁၀၅ ဒီဂရီခန့် တိမ်းစောင်းနေပြီး ပေပေါင်း (၄၁၀၄) အရှည်မတ်စောက်နေတဲ့ တောင်နံရံတွေ ရှိပါတယ်။ နောက်ပြီး Mount Thor ဟာ ဝေးလံခေါင်သီတဲ့နေရာမှာ တည်ရှိတဲ့အတွက်ကြောင့် တောင်တက်ဖို့ စိတ်အားထက်သန်နေတဲ့ အပျော်တမ်း တောင်တက်တက်သမားတွေအတွက် အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။

၂။ ကမ္ဘာ့ အအေးဆုံးနေရာ Oymyakon, Russia

Oymyakon ဟာ ရုရှားရဲ့ သေးငယ်တဲ့ မြို့လေးတစ်မြို့ဖြစ်ပြီး လူဦးရေ (၅၀၀) ကျော်နေထိုင်ကာ အပူချိန်ကတော့ (- ၉၆.၁၆ ဒီဂရီဖာရင်ဟိုက်) အထိရှိပြီး ကမ္ဘာပေါ်မှာ အအေးဆုံးနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဆောင်းတွင်းမှာဆိုရင်တော့ (- ၅၆ ဒီဂရီ ဖာရင်ဟိုက်) အထိရှိကာ မြေပြင်တစ်ခုလုံးဟာ တစ်နှစ်ပတ်လုံး အေးခဲနေတတ်ပြီး မြို့ထဲမှာ တည်းခိုရန် ဟိုတယ် (၁) လုံးသာ ရှိပါသေးတယ်။ လူကြိုက်များတဲ့ ကစားနည်းတွေကတော့ နှင်းလျှောစီးခြင်း၊ ရေခဲပြင် ဟော်ကီကစားခြင်းနဲ့ ငါးမျှားခြင်းတို့ပဲဖြစ်ပါတယ်။

၃။ ကမ္ဘာ့အခြောက်သွေ့ဆုံးနေရာ Atacama Desert, Chile

တကယ်လို့သင့်အနေနဲ့ ဒီကန္တာရကို ခရီးသွားမယ်ဆိုရင် နေရောင်ကာပစ္စည်းတွေကို မှန်မှန်ကန်ကန် ယူဆောင်သွားဖို့ လိုအပ်ပါတယ်။ NASA နဲ့ National Geographic ရဲ့ ဖော်ပြချက်တွေအရ ချီလီမှာရှိတဲ့ ဒီ Atacama ကန္တာရမြေကြီးဟာ မားစ်ဂြိုဟ်ကမြေကြီးနဲ့ နှိုင်းယှဉ်လို့ရပါတယ်။ ၁၉၀၃ ခုနှစ် အောက်တိုဘာလကနေ ၁၉၁၈ ခုနှစ် ဇန်နဝါရီလအထိ Atacama ကန္တာရဟာ မိုးတစ်စက်မှ မရွာခဲ့လို့ ကမ္ဘာ့အရှည်ကြာဆုံး မိုးခေါင်တဲ့ နေရာဒေသအဖြစ် ကမ္ဘာ့မှတ်တမ်း တင်ခဲ့ပါတယ်။

၄။ ကမ္ဘာ့အစွန်ဆုံးအပိုင်းနဲ့ အနီးကပ်ဆုံးနေရာ Mount Chimborazo, Ecuador

ကမ္ဘာပေါ်ရှိ လူအများစုဟာ ကမ္ဘာ့အစွန်ဆုံးနေရာကို ရောက်ဖူးကြမှာ မဟုတ်ပါဘူး။ တကယ်လို့ သင့်အနေနဲ့ ကမ္ဘာ့အစွန်ဆုံးနေရာကို သွားချင်တယ်ဆိုရင် သင့်မှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကိုသွားမလား ဒါမှမဟုတ် အီကွေဒေါမှာရှိတဲ့ Chimborazo တောင်ကိုသွားမလားဆိုတာပါပဲ။ Chimborazo တောင်ဟာ ပေပေါင်း ၂၀၀၀၀ ကျော်မြင့်ပြီး အသက်မဝင်တော့တဲ့ မီးတောင်တွေလည်းရှိပါတယ်။ Mount Everest ဟာ ပေပေါင်း ၂၉၀၀၀ ကျော် မြင့်ပြီး ကမ္ဘာ့မျက်နှာပြင်ပေါ်မှာ တည်ရှိကာ Mount Chimborazo ကတော့ ကမ္ဘာ့အလယ်ဗဟိုကနေ အစွန်ဆုံးနေရာမှာ တည်ရှိပါတယ်။ Mount Chimborazo ကို တက်ဖို့အတွက် တောင်တက်လမ်းတွေ မြောက်မြားစွာရှိပြီး တောင်ထိပ်မှာတော့ ဆီးနှင်းတွေ၊ မြူတွေအုံ့ဆိုင်းနေပြီး ရေခဲမြစ်လိုမျိုး ဖြစ်ပေါ်နေပါတယ်။

၅။ ကမ္ဘာ့အပူဆုံးနေရာ Lut Desert, Iran

Lut ကန္တာရမှာတော့ အပူချိန် (၁၅၈) ဒီဂရီဖာရင်ဟိုက်ကျော်ရှိပြီး အပူလှိုုင်းတွေလည်း ဖြတ်သန်းနေခြင်းကြောင့် ရောဂါဖြစ်နိုင်ခြေနှုန်း မြင့်မားပါတယ်။ ဒေသခံတစ်ချို့ရဲ့ ပြောပြချက်အရ ဒီသဲကန္တာရမှာ ဂျုံပင်တွေကို ရက်အနည်းငယ်ကြာထားလိုက်မယ်ဆိုရင် ပြာကျသည်အထိ မီးလောင်ကျွမ်းသွားတယ်လို့ သိရှိရပါတယ်။

၆။ ကမ္ဘာပေါ်မှာ သီးသန့်တည်ရှိနေတဲ့ Tristan da Cunha, United Kingdom

သင့်ရဲ့ ပျင်းရိ ငြီးငွေ့ဖွယ်ကောင်းတဲ့ နေ့စဉ်ဘဝကနေ လွတ်မြောက်ဖို့လမ်း ရှာဖွေနေပါသလား ? ? ? လူကြိုက်များတဲ့ ကျွန်းတွေကိုလည်း မေ့ထားလိုက်ပြီး ဝေးနိုင်သလောက် အဝေးဆုံးမှာ သီးခြားတည်ရှိတဲ့ အင်္ဂလန် ရေပိုင်နက်ဖြစ်တဲ့ Tristan da Cunha ဆိုတဲ့ကျွန်းလေးကို သွားရောက်လည်ပတ်သင့်ပါတယ်။ Tristan da Cunha နဲ့ အနီးစပ်ဆုံး ကုန်းမြေဟာဆိုရင် မိုင်ပေါင်း ၁၇၅၀ ကျော်ကွာဝေးတဲ့ အာဖရိကတိုက်ဖြစ်ပြီး ပေါ်တူဂီ စွန့်စားရှာဖွေသူဖြစ်တဲ့ Tristao da Cunha က ၁၅၀၆ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကျွန်းစုလေးမှာတော့ အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိပြီး လေယာဉ်ကွင်းမရှိပါဘူး။ သင့်အနေနဲ့ Tristan da Cunha ကို သွားချင်တယ်ဆိုရင်တော့ ရေကြောင်းလမ်းတစ်ခုတည်းကသာလျှင် သွားလို့အဆင်ပြေနိုင်ပါတယ်။

၇။ ကမ္ဘာ့အအေးဆုံး တိုက်ကြီးဖြစ်တဲ့ အန္တာတိကတိုက်

လူဦးရေ (၁၀၀၀) နဲ့ (၄၀၀၀) ကြားနေထိုင်ပြီး ကမ္ဘာ့အအေးဆုံးနဲ့ အခြောက်သွေ့ဆုံး တိုက်ကြီးတစ်တိုက်လည်း ဖြစ်ပါတယ်။ ခရီးသွားလာသူတွေအနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ ရေခဲပင်လယ်ကြီးကို ဖြတ်သန်းပြီးမှသာ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

 

<Unicode Version>

 

 

 

ခက္ခဲၾကမ္းတမ္းၿပီး စြန္႕စြန္႕စားစား သြားေရာက္လည္ပတ္ခ်င္သူေတြအတြက္ ကမာၻ႕ေနရာ အႏွံ႕အျပားမွ စိတ္ဝင္စားဖြယ္ေနရာမ်ား။

၁။       ကမာၻ႕အမတ္ေစာက္ဆုံး ေတာင္ထိပ္မ်ားရွိသည့္ေနရာ Mount Thor, Nunavut, Canada

အျမင့္ေပ (၅၄၉၅) ေပရွိတ့ဲ Mount Thor ဟာ ကမာၻ႕အျမင့္ဆုံးေတာင္ထိပ္မဟုတ္ဘဲ အမတ္ေစာက္ဆုံး ေတာင္ထိပ္ပဲ ျဖစ္ပါတယ္။ ကေနဒါႏိုင္ငံမွာ လူႀကိဳက္မ်ားတ့ဲ ေတာင္ထိပ္ျဖစ္ၿပီး ႏွမ္းဖတ္ေက်ာက္ေတြနဲ႕သာ ျပဳလုပ္ထားကာ ေျမျပင္ကေန ၁၀၅ ဒီဂရီခန္႔ တိမ္းေစာင္းေနၿပီး ေပေပါင္း (၄၁၀၄) အရွည္မတ္ေစာက္ေနတ့ဲ ေတာင္နံရံေတြ ရွိပါတယ္။ ေနာက္ၿပီး Mount Thor ဟာ  ေဝးလံေခါင္သီတ့ဲေနရာမွာ တည္ရွိတ့ဲအတြက္ေၾကာင့္ ေတာင္တက္ဖို႕ စိတ္အားထက္သန္ေနတ့ဲ အေပ်ာ္တမ္း ေတာင္တက္တက္သမားေတြအတြက္ အေကာင္းဆုံးေနရာပဲျဖစ္ပါတယ္။

 

၂။       ကမာၻ႕ အေအးဆုံးေနရာ Oymyakon, Russia

Oymyakon ဟာ ရုရွားရဲ႕ ေသးငယ္တ့ဲ ၿမိဳ႕ေလးတစ္ၿမိဳ႕ျဖစ္ၿပီး လူဦးေရ (၅၀၀) ေက်ာ္ေနထိုင္ကာ အပူခ်ိန္ကေတာ့ (- ၉၆.၁၆ ဒီဂရီဖာရင္ဟိုက္) အထိရွိၿပီး ကမာၻေပၚမွာ အေအးဆုံးေနရာတစ္ခုအျဖစ္ သတ္မွတ္ခံထားရပါတယ္။ ေဆာင္းတြင္းမွာဆုိရင္ေတာ့ (- ၅၆ ဒီဂရီ ဖာရင္ဟိုက္) အထိရွိကာ ေျမျပင္တစ္ခုလုံးဟာ တစ္ႏွစ္ပတ္လုံး ေအးခဲေနတတ္ၿပီး ၿမိဳ႕ထဲမွာ တည္းခိုရန္ ဟိုတယ္ (၁) လုံးသာ ရွိပါေသးတယ္။ လူႀကိဳက္မ်ားတ့ဲ ကစားနည္းေတြကေတာ့ ႏွင္းေလွ်ာစီးျခင္း၊ ေရခဲျပင္ ေဟာ္ကီကစားျခင္းနဲ႕ ငါးမွ်ားျခင္းတို႕ပဲျဖစ္ပါတယ္။

 

၃။       ကမာၻ႕အေျခာက္ေသြ႕ဆုံးေနရာ Atacama Desert, Chile

တကယ္လို႕သင့္အေနနဲ႕ ဒီကႏၱာရကို ခရီးသြားမယ္ဆိုရင္ ေနေရာင္ကာပစၥည္းေတြကို မွန္မွန္ကန္ကန္ ယူေဆာင္သြားဖို႕ လိုအပ္ပါတယ္။ NASA နဲ႕ National Geographic ရဲ႕ ေဖာ္ျပခ်က္ေတြအရ ခ်ီလီမွာရွိတ့ဲ ဒီ Atacama ကႏၱာရေျမႀကီးဟာ မားစ္ၿဂိဳဟ္ကေျမႀကီးနဲ႕ ႏႈိင္းယွဥ္လို႕ရပါတယ္။ ၁၉၀၃ ခုႏွစ္  ေအာက္တိုဘာလကေန ၁၉၁၈ ခုႏွစ္ ဇန္နဝါရီလအထိ  Atacama ကႏၱာရဟာ မိုးတစ္စက္မွ မရြာခ့ဲလို႕ ကမာၻ႕အရွည္ၾကာဆုံး မိုးေခါင္တ့ဲ ေနရာေဒသအျဖစ္ ကမာၻ႕မွတ္တမ္း တင္ခ့ဲပါတယ္။

 

၄။       ကမာၻ႕အစြန္ဆုံးအပိုင္းနဲ႕ အနီးကပ္ဆုံးေနရာ Mount Chimborazo, Ecuador

ကမာၻေပၚရွိ လူအမ်ားစုဟာ ကမာၻ႕အစြန္ဆုံးေနရာကို ေရာက္ဖူးၾကမွာ မဟုတ္ပါဘူး။ တကယ္လို႕ သင့္အေနနဲ႕ ကမာၻ႕အစြန္ဆုံးေနရာကို သြားခ်င္တယ္ဆိုရင္ သင့္မွာ ေရြးခ်ယ္စရာ ႏွစ္ခုရွိပါတယ္။ အျပည္ျပည္ဆိုင္ရာ အာကာသစခန္းကိုသြားမလား ဒါမွမဟုတ္ အီေကြေဒါမွာရွိတ့ဲ Chimborazo  ေတာင္ကိုသြားမလားဆိုတာပါပဲ။ Chimborazo ေတာင္ဟာ ေပေပါင္း ၂၀၀၀၀ ေက်ာ္ျမင့္ၿပီး အသက္မဝင္ေတာ့တ့ဲ မီးေတာင္ေတြလည္းရွိပါတယ္။ Mount Everest ဟာ ေပေပါင္း ၂၉၀၀၀ ေက်ာ္ ျမင့္ၿပီး ကမာၻ႕မ်က္ႏွာျပင္ေပၚမွာ တည္ရွိကာ Mount Chimborazo ကေတာ့ ကမာၻ႕အလယ္ဗဟိုကေန အစြန္ဆုံးေနရာမွာ တည္ရွိပါတယ္။ Mount Chimborazo ကို တက္ဖို႕အတြက္  ေတာင္တက္လမ္းေတြ ေျမာက္ျမားစြာရွိၿပီး ေတာင္ထိပ္မွာေတာ့ ဆီးႏွင္းေတြ၊ ျမဴေတြအုံ႕ဆိုင္းေနၿပီး ေရခဲျမစ္လိုမ်ိဳး ျဖစ္ေပၚေနပါတယ္။

 

၅။       ကမာၻ႕အပူဆုံးေနရာ Lut Desert, Iran

Lut ကႏၱာရမွာေတာ့ အပူခ်ိန္ (၁၅၈) ဒီဂရီဖာရင္ဟိုက္ေက်ာ္ရွိၿပီး အပူလႈိုင္းေတြလည္း ျဖတ္သန္းေနျခင္းေၾကာင့္ ေရာဂါျဖစ္ႏိုင္ေျခႏႈန္း ျမင့္မားပါတယ္။ ေဒသခံတစ္ခ်ိဳ႕ရဲ႕ ေျပာျပခ်က္အရ ဒီသဲကႏၱာရမွာ ဂ်ံဳပင္ေတြကို ရက္အနည္းငယ္ၾကာထားလိုက္မယ္ဆိုရင္ ျပာက်သည္အထိ မီးေလာင္ကၽြမ္းသြားတယ္လို႕ သိရွိရပါတယ္။

 

၆။       ကမာၻေပၚမွာ သီးသန္႕တည္ရွိေနတ့ဲ  Tristan da Cunha, United Kingdom

သင့္ရဲ႕ ပ်င္းရိ ၿငီးေငြ႕ဖြယ္ေကာင္းတ့ဲ ေန႕စဥ္ဘဝကေန လြတ္ေျမာက္ဖို႕လမ္း ရွာေဖြေနပါသလား ? ? ? လူႀကိဳက္မ်ားတ့ဲ ကၽြန္းေတြကိုလည္း ေမ့ထားလိုက္ၿပီး ေဝးႏိုင္သေလာက္ အေဝးဆုံးမွာ သီးျခားတည္ရွိတ့ဲ အဂၤလန္ ေရပိုင္နက္ျဖစ္တ့ဲ Tristan da Cunha ဆိုတ့ဲကၽြန္းေလးကို သြားေရာက္လည္ပတ္သင့္ပါတယ္။ Tristan da Cunha နဲ႕ အနီးစပ္ဆုံး ကုန္းေျမဟာဆိုရင္ မိုင္ေပါင္း ၁၇၅၀ ေက်ာ္ကြာေဝးတ့ဲ အာဖရိကတုိက္ျဖစ္ၿပီး ေပၚတူဂီ စြန္႕စားရွာေဖြသူျဖစ္တ့ဲ Tristao da Cunha က ၁၅၀၆ ခုႏွစ္မွာ ရွာေဖြေတြ႕ရွိခ့ဲတာျဖစ္ပါတယ္။ ကၽြန္းစုေလးမွာေတာ့ အိမ္ေျခေပါင္း ၃၀၀ ေက်ာ္ရွိၿပီး ေလယာဥ္ကြင္းမရွိပါဘူး။ သင့္အေနနဲ႕ Tristan da Cunha ကို သြားခ်င္တယ္ဆိုရင္ေတာ့ ေရေၾကာင္းလမ္းတစ္ခုတည္းကသာလွ်င္ သြားလို႕အဆင္ေျပႏိုင္ပါတယ္။

 

၇။       ကမာၻ႕အေအးဆုံးတိုက္ႀကီးျဖစ္တ့ဲ အႏၱာတိကတိုက္

လူဦးေရ (၁၀၀၀) နဲ႕ (၄၀၀၀) ၾကားေနထိုင္ၿပီး ကမာၻ႕အေအးဆုံးနဲ႕ အေျခာက္ေသြ႕ဆုံး တိုက္ႀကီးတစ္တိုက္လည္း ျဖစ္ပါတယ္။ ခရီးသြားလာသူေတြအေနနဲ႕ ခက္ခဲၾကမ္းတမ္းတ့ဲ ေရခဲပင္လယ္ႀကီးကို ျဖတ္သန္းၿပီးမွသာ ေရာက္ရွိႏိုင္မွာ ျဖစ္ပါတယ္။

<Zawgyi Version>

 

#ST (Soshwe)

#SoshweTravel

#SoshweForYourDailyLife

#Like&Share

About admin

Check Also

သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။

Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro