Breaking News

အရေပြားအထူးကုဆရာဝန်များပြောပြတဲ့ ခန္ဓာကိုယ်မှ ကြွက်နို့ဖယ်ရှားခြင်းအကြောင်း။

ကြွက်နို့တွေဟာ အသက်အန္တရာယ်မရှိဘူးဆိုပြီး ဂရုမစိုက်ဘဲ မနေသင့်ပါဘူး။

သင်အသက်ကြီိးလာတာနဲ့အမျှ သင့်ခန္ဓာကိုယ်မှာ ကြွက်နို့သေးသေးလေတွေ ထွက်ပေါ်လာတတ်ပါတယ်။ အရေပြားအရင်းဖက်မှာ ပါးလွှာပြီး ထိပ်ဖက်မှာ ကြီးနေတဲ့အတွက်ကြောင့် သင့်အနေနဲ့ ကြွက်နို့ထွက်လာတာကို အလွယ်တကူ သိရှိနိုင်ပါတယ်။ ကြွက်နို့တွေဟာ ကင်ဆာဖုတွေလို မနာကျင်နိုင်သလို အန္တရာယ်လည်း မရှိပါဘူး။

လက်မောင်းအောက်နဲ့ လည်ပင်းတွေမှာရှိတဲ့ ကြွက်နို့်တွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုမိုကြီးထွားလာနိုင်တယ်လို့ Weill Cornel Medical College ရဲ့ လက်ထောက်ပရော်ဖက်ဆာ Anthony Rossi က ပြောပြထားပါတယ်။ “ လူတွေဟာ သူတို့သိသမျှနည်းလမ်းအစုံသုံးပြီးတော့ ကြွက်နို့ကိုဖယ်ရှားဖို့ ကြိုးစားကြပါတယ်။ လက်နဲ့ ကုတ်ဖဲ့ခြင်း၊ မီးရှို့ဖို့ ကြိုးစားခြင်း၊ အားနဲ့ ဆောင့်ဆွဲခြင်းတို့ဟာ အရမ်းကို ဆိုးရွားတဲ့ နည်းလမ်းတွေပဲ . . . ” ဖြစ်တယ်လို့ Dr. Rossi မှ ဆက်လက်ပြောကြားခဲ့ပါတယ်။

အရေပြားအထူးကုဆရာဝန်ကသာလျှင် ကြွက်နို့ကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ဖယ်ရှားပေးနိုင်တာ ဖြစ်ပါတယ်။ “ ကြွက်နို့ဖယ်တာဟာ သင့်ကိုယ်သင် အရမ်းလွယ်ကူတယ်လို့ ထင်နေပြီမလား ? ? ? မထင်လိုက်ပါနဲ့။ လူတစ်ယောက်ဟာ ကိုယ့်ဆံပင်ကိုယ် ပြန်ညှပ်နေသလိုမျိုးပါပဲ၊ ဘယ်တော့မှ ကိုယ်လိုချင်တဲ့ ပုံစံမျိုး ရမှာမဟုတ်ပါဘူး . . . ” ဆိုပြီး Dr. Rossi မှ ဆက်လက်ရှင်းပြခဲ့ပါတယ်။

အရေပြားအထူးကုဆရာဝန်တွေမှာတော့ သက်ဆိုင်တဲ့ ကိရိယာတန်ဆာပလာတွေနဲ့ ဖယ်ရှားပေးတာဖြစ်ပြီး ကိုယ့်ဘာသာကိုယ် ဖယ်ရှားမယ်ဆိုရင်တော့ နည်းလမ်းမမှန်ပါက ပိုမိုကူးစက်တတ်ပါတယ်။ ဆရာဝန်တွေက လိုအပ်တဲ့ အကူပစ္စည်းတွေဖြစ်တဲ့ ပိုးသတ်ဆေး၊ ထုံဆေးတွေအသုံးပြုပြီး ဖယ်ရှားပေးတာဖြစ်တဲ့အတွက်ကြောင့် သင့်အနေနဲ့ စိတ်ချရပါတယ်။ သာမန်ဆေးခန်းတွေတောင်မှ ကြွက်နို့ကိုဖယ်ရှားပေးဖို့ မဖြစ်နိုင်ပါဘူး။

ကြွက်နို့ကိုဖယ်ရှားဖို့အတွက် ကျွမ်းကျင်ဆရာဝန်တွေဆီမှာ ပြုလုပ်သင့်တဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ ထိုကြွက်နို့ကို ဖယ်ရှားပြီးနောက်ပိုင်း ထပ်ထွက်လာနိုင်ခြေရှိမရှိ Microscope အသုံးပြုပြီး စစ်ဆေးပေးတဲ့အတွက်ပဲ ဖြစ်ပါတယ်။ “ ဘာလို့ Microscope နဲ့ စစ်ဆေးသင့်လဲဆိုတော့ တစ်ချို့အဖုလေးတွေက ကြွက်နို့လို့ထင်ရပေမယ့် တကမ်းတမ်းကျတော့ ကင်ဆာအဖုတွေ ဖြစ်နေနိုင်လို့ပဲဖြစ်ပါတယ် . . .” ဆိုပြီး Dr. Rossi မှ ဆက်လက်ပြောကြားခဲ့ပါတယ်။ Dr. Rossi ပြောပုံကိုကြည့်ပြီး သင့်အနေနဲ့ အရမ်းကြီးမလန့်သွားပါနဲ့။ နောက်ပြီး အရေပြားဆရာဝန်ဆီသွားပြီး ကြွက်နို့ကို စစ်ဆေးလိုက်ခြင်းဖြင့်လည်း သင့်မှာ အရေးပြာကင်ဆာနဲ့ အခြားအရေပြားနဲ့သက်ဆိုင်တဲ့ ရောဂါတွေရှိ၊ မရှိကို စစ်ဆေးနိုင်တဲ့ အခွင့်အရေးမျိုးရရှိနိုင်တဲ့အတွက် တတ်ကျွမ်းတဲ့ ဆရာဝန်ဆီမှာ သွားရောက်ပြသဖို့အတွက် အရေးကြီးပါတယ်။

<Unicode Version>

 

 

အေရျပားအထူးကုဆရာဝန္မ်ားေျပာျပတ့ဲ ခႏၶာကိုယ္မွ ၾကြက္ႏို႕ဖယ္ရွားျခင္းအေၾကာင္း။

ႀကြက္ႏို႕ေတြဟာ အသက္အႏၱရာယ္မရွိဘူးဆိုၿပီး ဂရုမစိုက္ဘဲ မေနသင့္ပါဘူး။

သင္အသက္ႀကီိးလာတာနဲ႕အမွ် သင့္ခႏၶာကိုယ္မွာ ၾကြက္ႏို႕ေသးေသးေလေတြ ထြက္ေပၚလာတတ္ပါတယ္။ အေရျပားအရင္းဖက္မွာ ပါးလႊာၿပီး ထိပ္ဖက္မွာ ႀကီးေနတ့ဲအတြက္ေၾကာင့္ သင့္အေနနဲ႕ ၾကြက္ႏို႕ထြက္လာတာကို အလြယ္တကူ သိရွိႏိုင္ပါတယ္။ ၾကြက္ႏို႕ေတြဟာ ကင္ဆာဖုေတြလို မနာက်င္ႏိုင္သလို အႏၱရာယ္လည္း မရွိပါဘူး။

လက္ေမာင္းေအာက္နဲ႕ လည္ပင္းေတြမွာရွိတ့ဲ ၾကြက္ႏို္႕ေတြဟာ အခ်ိန္ၾကာလာတာနဲ႕အမွ် ပိုမိုႀကီးထြားလာနိုင္တယ္လို႔ Weill Cornel Medical College ရဲ႕ လက္ေထာက္ပေရာ္ဖက္ဆာ Anthony Rossi က ေျပာျပထားပါတယ္။ “ လူေတြဟာ သူတို႕သိသမွ်နည္းလမ္းအစုံသုံးၿပီးေတာ့ ၾကြက္ႏို႕ကိုဖယ္ရွားဖို႕ ႀကိဳးစားၾကပါတယ္။ လက္နဲ႕ ကုတ္ဖ့ဲျခင္း၊ မီးရႈိ႕ဖုိ႕ ႀကိဳးစားျခင္း၊ အားနဲ႕ ေဆာင့္ဆြဲျခင္းတို႕ဟာ အရမ္းကို ဆိုးရြားတ့ဲ နည္းလမ္းေတြပဲ . . . ” ျဖစ္တယ္လို႕ Dr. Rossi မွ ဆက္လက္ေျပာၾကားခ့ဲပါတယ္။

အေရျပားအထူးကုဆရာဝန္ကသာလွ်င္ ၾကြက္ႏို႕ကို ျမန္ျမန္ဆန္ဆန္နဲ႕ မွန္မွန္ကန္ကန္ ဖယ္ရွားေပးႏိုင္တာ ျဖစ္ပါတယ္။ “ ၾကြက္ႏို႕ဖယ္တာဟာ သင့္ကိုယ္သင္ အရမ္းလြယ္ကူတယ္လို႕ ထင္ေနၿပီမလား ? ? ? မထင္လိုက္ပါနဲ႕။ လူတစ္ေယာက္ဟာ ကိုယ့္ဆံပင္ကိုယ္ ျပန္ညွပ္ေနသလိုမ်ိဳးပါပဲ၊ ဘယ္ေတာ့မွ ကိုယ္လိုခ်င္တ့ဲ ပုံစံမ်ိဳး ရမွာမဟုတ္ပါဘူး . . . ” ဆိုၿပီး Dr. Rossi မွ ဆက္လက္ရွင္းျပခ့ဲပါတယ္။

အေရျပားအထူးကုဆရာဝန္ေတြမွာေတာ့ သက္ဆိုင္တ့ဲ ကိရိယာတန္ဆာပလာေတြနဲ႕ ဖယ္ရွားေပးတာျဖစ္ၿပီး ကိုယ့္ဘာသာကိုယ္ ဖယ္ရွားမယ္ဆိုရင္ေတာ့ နည္းလမ္းမမွန္ပါက ပိုမိုကူးစက္တတ္ပါတယ္။ ဆရာဝန္ေတြက လိုအပ္တ့ဲ အကူပစၥည္းေတြျဖစ္တ့ဲ ပိုးသတ္ေဆး၊ ထုံေဆးေတြအသုံးျပဳၿပီး ဖယ္ရွားေပးတာျဖစ္တ့ဲအတြက္ေၾကာင့္ သင့္အေနနဲ႕ စိတ္ခ်ရပါတယ္။ သာမန္ေဆးခန္းေတြေတာင္မွ ၾကြက္ႏို႕ကိုဖယ္ရွားေပးဖို႕ မျဖစ္ႏိုင္ပါဘူး။

ၾကြက္ႏို႕ကိုဖယ္ရွားဖို႕အတြက္ ကၽြမ္းက်င္ဆရာဝန္ေတြဆီမွာ ျပဳလုပ္သင့္တ့ဲ အဓိကအေၾကာင္းရင္းတစ္ခုကေတာ့  ထိုၾကြက္ႏို႕ကို ဖယ္ရွားၿပီးေနာက္ပိုင္း ထပ္ထြက္လာႏိုင္ေျခရွိမရွိ Microscope အသုံးျပဳၿပီး စစ္ေဆးေပးတ့ဲအတြက္ပဲ ျဖစ္ပါတယ္။ “ ဘာလို႕ Microscope နဲ႕ စစ္ေဆးသင့္လဲဆိုေတာ့ တစ္ခ်ိဳ႕အဖုေလးေတြက ၾကြက္ႏို႕လို႕ထင္ရေပမယ့္ တကမ္းတမ္းက်ေတာ့ ကင္ဆာအဖုေတြ ျဖစ္ေနႏိုင္လို႕ပဲျဖစ္ပါတယ္ . . .” ဆိုၿပီး Dr. Rossi မွ ဆက္လက္ေျပာၾကားခ့ဲပါတယ္။ Dr. Rossi ေျပာပုံကိုၾကည့္ၿပီး သင့္အေနနဲ႕ အရမ္းႀကီးမလန္႕သြားပါနဲ႕။ ေနာက္ၿပီး အေရျပားဆရာဝန္ဆီသြားၿပီး ၾကြက္ႏို႕ကို စစ္ေဆးလိုက္ျခင္းျဖင့္လည္း သင့္မွာ အေရးျပာကင္ဆာနဲ႕ အျခားအေရျပားနဲ႕သက္ဆိုင္တ့ဲ  ေရာဂါေတြရွိ၊ မရွိကို စစ္ေဆးႏိုင္တ့ဲ အခြင့္အေရးမ်ိဳးရရွိႏိုင္တ့ဲအတြက္ တတ္ကၽြမ္းတ့ဲ ဆရာဝန္ဆီမွာ သြားေရာက္ျပသဖို႕အတြက္ အေရးႀကီးပါတယ္။

<Zawgyi Version>

 

#SoshweBeauty&Health

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဒူးရင်းသီးကြိုက်နှစ်သက်သူတွေအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ။

အခုလက်ရှိအချိန်မှာတော့ ကျနော်တို့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ခေတ်အစားဆုံးကတော့ ရာသီပေါ်ဒူးရင်းသီးပဲ ဖြစ်ပါတယ်။ ဒူးရင်းသီးဟာ ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသတွေအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာတို့မှာ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro