Breaking News
အဲလိဇဘက် ဘုရင်မကြီးမှ သူမရဲ့ဝန်ထမ်းတွေကို လျှို့ဝှက်စွာ အချက်ပြသော နည်းလမ်းများ။
၁။ လက်ကိုင်အိတ်ကို အခြားတစ်ဖက်သို့ ပြောင်းလွယ်ခြင်း။
အဲလိဇဘက် ဘုရင်မကြီးရဲ့ ဓာတ်ပုံတွေကို သေသေချာချာကြည့်မယ်ဆိုရင် သင့်အနေနဲ့ တူညီတဲ့အချက်တစ်ချက်ကို တွေ့ရပါလိမ့်မယ်။ အဲ့ဒါကတော့ သူမရဲ့ လက်ကိုင်အိတ်ကို ဘယ်ဖက်လက်တွင်သာ အမြဲ ချိတ်ထားတာပဲဖြစ်ပြီး တကယ်လို့ စကားဝို်င်းတစ်ခုမှာသာ လက်ကိုင်အိတ်ကို အခြားလက်တစ်ဖက်သို့ ပြောင်းလိုက်ပြီဆိုရင် သူမအနေနဲ့ ပင်ပန်းလို့ပဲဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ထိုစကားဝိုင်းကို ဖြတ်တောက်ပေးဖို့အတွက် သူမရဲ့ အနီးကပ်ဝန်ထမ်းတွေကို လျှို့ဝှက်စွာ စေခိုင်းလိုက်ခြင်းပဲဖြစ်တယ်ဆိုပြီး တော်ဝင်မိသားစုအကြောင်း သမိုင်းပြုစုသူ Hugo Victors မှ People Magazine ကို ရှင်းပြခဲ့ပါတယ်။
၂။ လက်ကိုင်အိတ်ကို စားပွဲပေါ်တွင် တင်ထားခြင်း။
အဲလိဇဘက်ဘုရင်မကြီးဟာ သူမရဲ့ လက်ကိုင်အိတ်တွေကို အလွန်ကြိုက်နှစ်သက်သူဖြစ်လို့ အပြင်ထွက်ပြီဆိုရင် ကိုယ်နဲ့မကွာ အမြဲရှိနေတတ်ပါတယ်။ ခမ်းနားကြီးကျယ်တဲ့ ညစာစားပွဲတွေမှာတောင် သူမရဲ့ လက်ကိုင်အိတ်ကို စားပွဲအောက်မှာ ထားလေ့ရှိပြီး တကယ်လို့ သူမအနေနဲ့ စားပွဲအောက်မှာ ထားထားတဲ့ လက်ကိုင်အိတ်ကို စားပွဲပေါ်တင်လိုက်ပြီဆိုရင် နောက်ထပ် (၅)မိနစ်အတွင်းမှာ စားပွဲဝိုင်းမှ ထွက်ခွာမယ်လို့ လျှို့ဝှက်စွာ အချက်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။
၃။ ကြမ်းပြင်ပေါ်မှာ လက်ကိုင်အိတ်ကို ထားခြင်း။
တကယ်လို့ ဘုရင်မကြီးကသာ စကားဝိုင်းတစ်ခုခုမှာ သူမရဲ့လက်ကိုင်အိတ်ကို ကြမ်းပြင်ပေါ်မှာ ထားလိုက်မယ်ဆိုင်ရင် အခြေအနေဟာ ပုံမှန်အနေအထား မဟုတ်ပါဘူး။ သူမအနေနဲ့ လက်ရှိအခြေအနေကို ပျော်ရွှင်နှစ်သက်ခြင်းမရှိဘဲ တစ်စုံတစ်ယောက်က လာရောက် ခေါ်ထုတ်သွားဖို့အတွက် အချက်ပြခြင်းပဲဖြစ်ပါတယ်။
၄။ သူမရဲ့ လက်ထပ်လက်စွပ်ကို အခြားလက်တစ်ဖက်နဲ့ လှည့်လည်နေခြင်း။
ဘုရင်မကြီး လက်အိတ်မဝတ်ဘဲ အပြင်ထွက်တယ်ဆိုတာ အလွန်ရှားပါးလှပါတယ်။ တကယ်လို့သာ သူမအနေနဲ့ လက်အိတ်မဝတ်ဘဲ အပြင်ထွက်ခဲ့မယ်ဆိုရင် သူမရဲ့လက်ချောင်းတွေကို ဂရုတစိုက် စောင့်ကြည့်နေရမှာဖြစ်တယ်။ တော်ဝင်မိသားစုအကြောင်း သမိုင်းပြုစုသူ Hugo Victors ရဲ့ ပြောပြချက်အရ စကားဝိုင်းတစ်ခုမှာ ဘုရင်မကြီးအနေနဲ့ သူမရဲ့လက်ထပ်လက်စွပ်ကို အခြားလက်တစ်ဖက်နဲ့ လှည့်နေမယ်ဆိုရင် သူမအနေနဲ့ စကားဝိုင်းကို အဆုံးသတ်ချင်လို့ပဲဖြစ်ပါတယ်။
၅။ လျှို့ဝှက်ခလုတ်ကိုနှိပ်ပြီး အချက်ပြခြင်း။
ကိုယ်မှန်းထားတာထက်ပိုပြီး အချိန်ကြာသွားတတ်တဲ့ အစည်းအဝေးပွဲတွေကို ကျွန်တော်တို့အားလုံး ကြုံတွေ့ဖူးမှာပါ။ ဒါပေမယ့် ဘုရင်မကြီးကတော့ အဲ့ဒါတွေကို ဂရုမစိုက်ပါဘူး။ သူသတ်မှတ်ထားတဲ့ Meeting အချိန် ပြီးဆုံးတာနဲ့ လျှို့ဝှက်ခလုတ်ကိုနှိပ်ပြီး ဧည့်သည်တွေကို ပြန်လိုက်ပို့ပေးဖို့အတွက် ဝန်ထမ်းတွေကို လျှို့ဝှက်စွာ ခေါ်ဆောင်လိုက်ခြင်းပဲဖြစ်ပါတယ်။
<Unicode Version>
<Zawgyi Version>
#ST (Soshwe)
#SoshweLifeStyles
#SoshweForYourDailyLife
#Like&Share
About admin
Check Also
အဝတ်အစားတွေနဲ့ပတ်သက်ပြီး ကျားမခွဲခြားမှုမရှိကြောင်း (၄) နှစ်တိုင်တိုင် သက်သေပြခဲ့သည့် အမျိုးသား။
ဒီနေ့ဒီအချိန်အထိ ကျားမခွဲခြားမှုပြုလုပ်နေတာက သင့်ကိုစမတ်ကျတဲ့သူတစ်ယောက်ဖြစ်စေမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့အပြိုင် ရင်ဘောင်တန်းလာတဲ့အချိန်မှာ ယောက်ျားလေးမို့လို့၊ မိန်းကလေးမို့လို့ဆိုပြီး ခွဲခြားခွဲခြားလုပ်နေတာတွေကို တိုက်ဖျက်ဖို့ တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒီလိုအချိန်မှာ ဂျာမနီနိုင်ငံက ကလေး …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro