တစ်နေ့ကို ကော်ဖီ (၃) ခွက်သောက်မယ်ဆိုရင် အသက်ရှည်ရှည်နေရမယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရှိရပါတယ်။ သင့်အနေနဲ့ ကော်ဖီကို ကြိုက်လို့ပဲဖြစ်စေ၊ မကြိုက်လို့ပဲဖြစ်စေ ကော်ဖီမှာတော့ ဆွဲဆောင်မှုရှိတဲ့ အကြောင်းအရာလေးတွေ ရှိပါတယ်။
၁။ အေဒီ ၈၀၀ သို့ ပြန်ရောက်သွားသလို ခံစားရခြင်း။
ဘီစီ (၉) ရာစုလောက်က ဆိတ်ကျောင်းသားတွေဟာ သူတို့ဆိတ်တွေကနေတစ်ဆင့် ကဖင်းရဲ့ အကျိုးသက်ရောက်မှုကို သိရှိခဲ့ကြပါတယ်။ ထိုအချိန်က ဆိတ်တွေဟာ ကော်ဖီပင်၊ ကော်ဖီစေ့တွေကို စားသုံးပြီးနောက် တစ်ချိန်လုံး “ က ” နေခဲ့ကြတယ်။ ဒေသခံ ဘုန်းတော်ကြီးတစ်ပါးမှလည်း ကော်ဖီစေ့ကို ဖျော်သောက်ပြီးနောက်ပိုင်း အိပ်မပျော်တာကို သတိထားမိခဲ့ပြီး ထိုအချိန်မှစတင်ကာ ကော်ဖီဆိုတာ စတင်ဖြစ်ပေါ်လာပါတယ်။
၂။ ကော်ဖီဆိုတာ တကယ်တမ်းတော့ အသီးဖြစ်ခြင်း။
ကော်ဖီသီးတွေဆိုတာ ချယ်ရီသီးတွေ၊ ဘယ်ရီသီးတွေကဲ့သို့ အပင်မှာပေါက်တက်သော အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။
၃။ ကော်ဖီကို အသီးလို စားသုံးခြင်း။
အစောပိုင်းအချိန်တုန်းက လူတွေဟာ ကော်ဖီသီးကို နို့နဲ့ရောပြီး အာဟာရအစားအစာအဖြစ် သုံးဆောင်ခဲ့ကြပါတယ်။
၄။ ကော်ဖီတွင် အဓိကအမျိုးအစား (၂) မျိုးရှိခြင်း။
Arabica နဲ့ Robusta ဆိုပြီး ကော်ဖီအမျိုးအစား (၂) မျိုးရှိကာ သီးနှံစိုက်ပျိုးသူတွေအနေနဲ့ Arabica မျိုးစေ့ကို ပိုပြီး စိုက်ပျိုးကြပါတယ်။ Robusta ရဲ့အရသာဟာ အခါးလွန်ကဲပြီး ကဖင်းဓာတ် ပိုမိုများပြားသောကြောင့် လူနည်းစုကသာ ကြိုက်နှစ်သက်ကြပါတယ်။
၅။ ကမ္ဘာပေါ်မှာ ကော်ဖီကို အများဆုံး စိုက်ပျိုးတဲ့နိုင်ငံ။
အပြည်ပြည်ဆိုင်ရာ ကော်ဖီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေငြာချက်အရ ဘရာဇီးဟာ ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ကော်ဖီအများဆုံး ထောက်ပ့ံပေးနေတဲ့နိုင်ငံဖြစ်ပြီး ဒုတိယနေရာမှာရှိတဲ့ ဗီယက်နမ်ထက် နှစ်ဆပိုမိုများပြားပါတယ်။
၆။ အမေရိကန်၌ ပြည်နယ်နှစ်ခုတည်းတွင်သာ ကော်ဖီစိုက်ပျိုးလို့ရခြင်း။
Kona အမျိုးအစား ကော်ဖီဟာ အမေရိကန်ထုတ် ကော်ဖီပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကော်ဖီဟာ ကမ္ဘာ့အီကွေတာလမ်းကြောင်း (နေသွားရာလမ်းကြောင်း) လို ပူပြင်းတဲ့ နေရာဒေသတွေမှာသာ စိုက်ပျိုးနိုင်လို့ပဲ ဖြစ်ပါတယ်။ ဟာဝိုင်အီရာသီဥတုဟာ ရိတ်သိမ်းလို့ရတဲ့ ကောက်ပဲသီးနှံတွေအတွက် အကောင်ဆုံးရာသီဥတုဖြစ်ပြီး ကယ်လီဖိုးနီးယားမှာလည်း ကော်ဖီပင်တွေကို စတင်စိုက်ပျိုးလာကာ ကော်ဖီစျေးကွက်သို့ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
၇။ ကမ္ဘာ့စျေးအကြီးဆုံး ကော်ဖီ။
ကမ္ဘာ့စျေးအကြီးဆုံးကော်ဖီကိုတော့ တစ်ပေါင် ဒေါ်လာ (၆၀၀) ကျော်ပေးပြီး ဝယ်ယူလို့ ရနိုင်ပါတယ်။
၈။ ကော်ဖီသောက်သုံးခြင်းကို တားမြစ်ပိတ်ပင်ခဲ့ကြခြင်း။
၁၅၁၁ ခုနှစ်လောက်က ဆော်ဒီနိုင်ငံ မက္ကာဟ်မှာ ဘာသာရေးအစွန်းရောက်အတွေးအခေါ်တွေနဲ့ ကော်ဖီသောက်သုံးခြင်းကို ပိတ်ပင်ခဲ့ပါတယ်။ ၁၆ ရာစုနှစ်တုန်းကလည်း အီတလီမှာ ဘုန်းတော်ကြီးတစ်ချို့က ကော်ဖီကို တာမြစ်ပိတ်ပင်ခဲ့ကြပြီး အကြောင်းရင်းကတော့ ကော်ဖီကို မကောင်းမှုဒုစရိုက်လို့ သတ်မှတ်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ သို့သော်လည်း ပုပ်ရဟန်းမင်းကြီး Clement VI မှ ကော်ဖီကို အလွန်အမင်းကြိုက်နှစ်သက်သဖြင့် တားမြစ်ထားတာကို ပယ်ဖျက်ပြီး ၁၆၀၀ ခုနှစ်မှာ တရားဝင် ကောင်းချီးပေးခဲ့ပါတယ်။
၉။ ကော်ဖီကို လွန်ကဲစွာ သောက်သုံးခြင်း။
စိတ်မပူပါနဲ့။ သင့်အနေနဲ့ အချိန်တိုအတွင်းမှာ ကော်ဖီ အခွက် (၃၀) ကျော် သောက်သုံးမှသာ ကဖင်းဓာတ်လွန်ကဲပြီး အသက်ဆုံးရှုံးနိုင်တာပါ။
၁၀။ ကမ္ဘာပေါ်မှာ ကော်ဖီအများဆုံး သောက်သုံးသောနိုင်ငံ။
အပြည်ပြည်ဆိုင်ရာ ကော်ဖီအဖွဲ့ချုပ်ရဲ့ ကြေငြာချက်အရ အရွယ်ရောက်ပြီးသား ဖင်လန်နိုင်ငံသားတွေဟာ တစ်နှစ်ကို ကော်ဖီ (၂၇.၅) ပေါင် သောက်သုံးကြတယ်လို့ သိရှိရပါတယ်။
၁၁။ ကော်ဖီသောက်သုံးသူတွေဟာ အသက်ရှည်ရှည်နေရခြင်း။
တစ်ရက်ကို ကော်ဖီ (၃) ခွက်ကနေ (၄) ခွက်အထိ သောက်သုံးသူတွေဟာ အသက်ရှည်ရှည်နေရပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါနဲ့ ခြေလက်တုန်ရီခြင်းရောဂါတို့ကိုလည်း လျော့ကျစေပါတယ်။
၁၂။ ကမ္ဘာ့အကြီးဆုံး ကော်ဖီခွက်။
အမြင့်ပေ (၉) ပေရှိပြီး ဂါလံပေါင်း (၃၄၈၇) ဝင်ဆ့ံတဲ့ ကော်ဖီခွက်ကြီးဟာ ၂၀၁၂ ခုနှစ်က ကမ္ဘာ့အကြီးဆုံး ကော်ဖီခွက်အဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။
၁၃။ ကော်ဖီဆိုတဲ့ အခေါ်အဝေါ်ဖြစ်ပေါ်လာပုံ။
ကော်ဖီဆိုတဲ့စကားလုံးဟာ အာရဗီလို “ Wine ” ဆိုတဲ့ အခေါ်အဝေါ်ကနေ စတင် ဆင်းသက်လာတာဖြစ်ပါတယ်။ တူရကီမှာတော့ အရင်က “ Qahwah ” လို့ ခေါ်တွင်ခဲ့ပြီးနောက်ပိုင်းမှာတော့ “ Kahveh ” လို့ ပြောင်းလဲခေါ်တွင်လာပါတယ်။ ထို့နောက် နယ်သာလန်မှာတော့ “ Koffie ” လို့ခေါ်တွင်ခဲ့ပြီး ယခုလို “ Coffee ” ဆိုတဲ့ စကားလုံး ဖြစ်ပေါ်လာခဲ့ပါတယ်။
၁၄။ တစ်ရက်ကို ကော်ဖီဆိုင် (၂)ဆိုင်နှုန်း နေ့စဉ်ဖွင့်နေတဲ့ Starbucks
Starbucks ဟာ တစ်ကမ္ဘာလုံးမှာ ကော်ဖီဆိုင်ပေါင်း (၂၉၀၀၀) ကျော် ဖွင့်လှစ်ပြီးသွားပြီပဲ ဖြစ်ပါတယ်။
<Unicode Version>
ေကာ္ဖီရဲ႕ စိတ္ဝင္စားဖြယ္ အေၾကာင္းအရာမ်ား။
တစ္ေန႕ကို ေကာ္ဖီ (၃) ခြက္ေသာက္မယ္ဆိုရင္ အသက္ရွည္ရွည္ေနရမယ္လို႕ ေလ့လာေတြ႕ရွိခ်က္ေတြအရ သိရွိရပါတယ္။ သင့္အေနနဲ႕ ေကာ္ဖီကို ႀကိဳက္လို႕ပဲျဖစ္ေစ၊ မႀကိဳက္လို႕ပဲျဖစ္ေစ ေကာ္ဖီမွာေတာ့ ဆြဲေဆာင္မႈရွိတ့ဲ အေၾကာင္းအရာေလးေတြ ရွိပါတယ္။
၁။ ေအဒီ ၈၀၀ သို႕ ျပန္ေရာက္သြားသလို ခံစားရျခင္း။
ဘီစီ (၉) ရာစုေလာက္က ဆိတ္ေက်ာင္းသားေတြဟာ သူတို႕ဆိတ္ေတြကေနတစ္ဆင့္ ကဖင္းရဲ႕ အက်ိဳးသက္ေရာက္မႈကို သိရွိခ့ဲၾကပါတယ္။ ထိုအခ်ိန္က ဆိတ္ေတြဟာ ေကာ္ဖီပင္၊ ေကာ္ဖီေစ့ေတြကို စားသုံးၿပီးေနာက္ တစ္ခ်ိန္လုံး “ က ” ေနခ့ဲၾကတယ္။ ေဒသခံ ဘုန္းေတာ္ႀကီးတစ္ပါးမွလည္း ေကာ္ဖီေစ့ကို ေဖ်ာ္ေသာက္ၿပီးေနာက္ပိုင္း အိပ္မေပ်ာ္တာကို သတိထားမိခ့ဲၿပီး ထိုအခ်ိန္မွစတင္ကာ ေကာ္ဖီဆိုတာ စတင္ျဖစ္ေပၚလာပါတယ္။
၂။ ေကာ္ဖီဆိုတာ တကယ္တမ္းေတာ့ အသီးျဖစ္ျခင္း။
ေကာ္ဖီသီးေတြဆိုတာ ခ်ယ္ရီသီးေတြ၊ ဘယ္ရီသီးေတြက့ဲသို႕ အပင္မွာေပါက္တက္ေသာ အသီးတစ္မ်ိဳးပဲ ျဖစ္ပါတယ္။
၃။ ေကာ္ဖီကို အသီးလို စားသုံးျခင္း။
အေစာပိုင္းအခ်ိန္တုန္းက လူေတြဟာ ေကာ္ဖီသီးကို ႏို႕နဲ႕ေရာၿပီး အာဟာရအစားအစာအျဖစ္ သုံးေဆာင္ခ့ဲၾကပါတယ္။
၄။ ေကာ္ဖီတြင္ အဓိကအမ်ိဳးအစား (၂) မ်ိဳးရွိျခင္း။
Arabica နဲ႕ Robusta ဆိုၿပီး ေကာ္ဖီအမ်ိဳးအစား (၂) မ်ိဳးရွိကာ သီးႏွံစိုက္ပ်ိဳးသူေတြအေနနဲ႕ Arabica မ်ိဳးေစ့ကို ပိုၿပီး စိုက္ပ်ိဳးၾကပါတယ္။ Robusta ရဲ႕အရသာဟာ အခါးလြန္ကဲၿပီး ကဖင္းဓာတ္ ပိုမိုမ်ားျပားေသာေၾကာင့္ လူနည္းစုကသာ ႀကိဳက္ႏွစ္သက္ၾကပါတယ္။
၅။ ကမာၻေပၚမွာ ေကာ္ဖီကို အမ်ားဆုံး စိုက္ပ်ိဳးတ့ဲႏိုင္ငံ။
အျပည္ျပည္ဆိုင္ရာ ေကာ္ဖီအဖြဲ႕ခ်ဳပ္ရဲ႕ ထုတ္ျပန္ေၾကျငာခ်က္အရ ဘရာဇီးဟာ ကမာၻ႕ႏိုင္ငံအႏွံ႕အျပားကို ေကာ္ဖီအမ်ားဆုံး ေထာက္ပ့ံေပးေနတ့ဲႏိုင္ငံျဖစ္ၿပီး ဒုတိယေနရာမွာရွိတ့ဲ ဗီယက္နမ္ထက္ ႏွစ္ဆပိုမိုမ်ားျပားပါတယ္။
၆။ အေမရိကန္၌ ျပည္နယ္ႏွစ္ခုတည္းတြင္သာ ေကာ္ဖီစိုက္ပ်ိဳးလို႕ရျခင္း။
Kona အမ်ိဳးအစား ေကာ္ဖီဟာ အေမရိကန္ထုတ္ ေကာ္ဖီပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေကာ္ဖီဟာ ကမာၻ႕အီေကြတာလမ္းေၾကာင္း (ေနသြားရာလမ္းေၾကာင္း) လို ပူျပင္းတ့ဲ ေနရာေဒသေတြမွာသာ စိုက္ပ်ိဳးႏိုင္လို႕ပဲ ျဖစ္ပါတယ္။ ဟာဝိုင္အီရာသီဥတုဟာ ရိတ္သိမ္းလို႕ရတ့ဲ ေကာက္ပဲသီးႏွံေတြအတြက္ အေကာင္ဆုံးရာသီဥတုျဖစ္ၿပီး ကယ္လီဖိုးနီးယားမွာလည္း ေကာ္ဖီပင္ေတြကို စတင္စိုက္ပ်ိဳးလာကာ ေကာ္ဖီေစ်းကြက္သို႕ ဝင္ေရာက္လာၿပီ ျဖစ္ပါတယ္။
၇။ ကမာၻ႕ေစ်းအႀကီးဆုံး ေကာ္ဖီ။
ကမာၻ႕ေစ်းအႀကီးဆုံးေကာ္ဖီကိုေတာ့ တစ္ေပါင္ ေဒၚလာ (၆၀၀) ေက်ာ္ေပးၿပီး ဝယ္ယူလို႕ ရႏိုင္ပါတယ္။
၈။ ေကာ္ဖီေသာက္သုံးျခင္းကို တားျမစ္ပိတ္ပင္ခ့ဲၾကျခင္း။
၁၅၁၁ ခုႏွစ္ေလာက္က ေဆာ္ဒီႏိုင္ငံ မကၠာဟ္မွာ ဘာသာေရးအစြန္းေရာက္အေတြးအေခၚေတြနဲ႕ ေကာ္ဖီေသာက္သုံးျခင္းကို ပိတ္ပင္ခ့ဲပါတယ္။ ၁၆ ရာစုႏွစ္တုန္းကလည္း အီတလီမွာ ဘုန္းေတာ္ႀကီးတစ္ခ်ိဳ႕က ေကာ္ဖီကို တာျမစ္ပိတ္ပင္ခ့ဲၾကၿပီး အေၾကာင္းရင္းကေတာ့ ေကာ္ဖီကို မေကာင္းမႈဒုစရိုက္လို႕ သတ္မွတ္ခ့ဲၾကလို႕ပဲျဖစ္ပါတယ္။ သို႕ေသာ္လည္း ပုပ္ရဟန္းမင္းႀကီး Clement VI မွ ေကာ္ဖီကို အလြန္အမင္းႀကိဳက္ႏွစ္သက္သျဖင့္ တားျမစ္ထားတာကို ပယ္ဖ်က္ၿပီး ၁၆၀၀ ခုႏွစ္မွာ တရားဝင္ ေကာင္းခ်ီးေပးခ့ဲပါတယ္။
၉။ ေကာ္ဖီကို လြန္ကဲစြာ ေသာက္သုံးျခင္း။
စိတ္မပူပါနဲ႕။ သင့္အေနနဲ႕ အခ်ိန္တိုအတြင္းမွာ ေကာ္ဖီ အခြက္ (၃၀) ေက်ာ္ ေသာက္သုံးမွသာ ကဖင္းဓာတ္လြန္ကဲၿပီး အသက္ဆုံးရံႈးႏိုင္တာပါ။
၁၀။ ကမာၻေပၚမွာ ေကာ္ဖီအမ်ားဆုံး ေသာက္သုံးေသာႏိုင္ငံ။
အျပည္ျပည္ဆိုင္ရာ ေကာ္ဖီအဖြဲ႕ခ်ဳပ္ရဲ႕ ေၾကျငာခ်က္အရ အရြယ္ေရာက္ၿပီးသား ဖင္လန္ႏိုင္ငံသားေတြဟာ တစ္ႏွစ္ကို ေကာ္ဖီ (၂၇.၅) ေပါင္ ေသာက္သုံးၾကတယ္လို႕ သိရွိရပါတယ္။
၁၁။ ေကာ္ဖီေသာက္သုံးသူေတြဟာ အသက္ရွည္ရွည္ေနရျခင္း။
တစ္ရက္ကို ေကာ္ဖီ (၃) ခြက္ကေန (၄) ခြက္အထိ ေသာက္သုံးသူေတြဟာ အသက္ရွည္ရွည္ေနရၿပီး ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ဆီးခ်ိဳေရာဂါနဲ႕ ေျခလက္တုန္ရီျခင္းေရာဂါတို႕ကိုလည္း ေလ်ာ႔က်ေစပါတယ္။
၁၂။ ကမာၻ႕အႀကီးဆုံး ေကာ္ဖီခြက္။
အျမင့္ေပ (၉) ေပရွိၿပီး ဂါလံေပါင္း (၃၄၈၇) ဝင္ဆ့ံတ့ဲ ေကာ္ဖီခြက္ႀကီးဟာ ၂၀၁၂ ခုႏွစ္က ကမာၻ႕အႀကီးဆုံး ေကာ္ဖီခြက္အျဖစ္ ဂင္းနစ္စံခ်ိန္ဝင္ခ့ဲပါတယ္။
၁၃။ ေကာ္ဖီဆိုတ့ဲ အေခၚအေဝၚျဖစ္ေပၚလာပုံ။
ေကာ္ဖီဆိုတ့ဲစကားလုံးဟာ အာရဗီလို “ Wine ” ဆိုတ့ဲ အေခၚအေဝၚကေန စတင္ ဆင္းသက္လာတာျဖစ္ပါတယ္။ တူရကီမွာေတာ့ အရင္က “ Qahwah ” လို႕ ေခၚတြင္ခ့ဲၿပီးေနာက္ပိုင္းမွာေတာ့ “ Kahveh ” လို႕ ေျပာင္းလဲေခၚတြင္လာပါတယ္။ ထို႕ေနာက္ နယ္သာလန္မွာေတာ့ “ Koffie ” လို႕ေခၚတြင္ခ့ဲၿပီး ယခုလို “ Coffee ” ဆိုတ့ဲ စကားလုံး ျဖစ္ေပၚလာခ့ဲပါတယ္။
၁၄။ တစ္ရက္ကို ေကာ္ဖီဆိုင္ (၂)ဆိုင္ႏႈန္း ေန႕စဥ္ဖြင့္ေနတ့ဲ Starbucks
Starbucks ဟာ တစ္ကမာၻလုံးမွာ ေကာ္ဖီဆိုင္ေပါင္း (၂၉၀၀၀) ေက်ာ္ ဖြင့္လွစ္ၿပီးသြားၿပီပဲ ျဖစ္ပါတယ္။
<Zawgyi Version>
#ST (Soshwe)
#Soshwenews
#SoshweForYourDailyLife
#Like&Share