Breaking News

သြစတြေးလျလူမျိုးတွေ နွေရာသီမှာ အပန်းဖြေရင်း စားတတ်သော အစားအစာများ။

၁။       Paddle Pops

တကယ်လို့သင်ဟာ ချော့ကလက်နဲ့ ငှက်ပျောသီးတို့ကို  ကြိုက်နှစ်သက်သူဆိုရင် သင့်အနေနဲ့ ဒီရေခဲချောင်းကို ကြိုက်နှစ်သက်မှာ သေချာပါတယ်။ ဒီရေခဲချောင်းက ရိုးရှင်းပြီး ဈေးသက်သာရုံသာမက ဆိုင်တိုင်းလိုလိုမှာ အလွယ်တကူ ဝယ်ယူလို့ရပါတယ်။

 

၂။       Splice

ဒီဟာကတော့ အကောင်းဆုံး နွေရာသီစာလို့ ပြောလို့ရပါတယ်။ သာမန်ရေခဲချောင်းတွေနဲ့ မတူတဲ့အချက်ကတော့ ချိုချဉ်အရသာရှိတဲ့ သံပုရာအရသာကို ခံစားရမှာဖြစ်လို့ လန်းဆန်းမှုကို  ပေးစွမ်းနိုင်ပါတယ်။

 

၃။       Chicken Salt

နွေရာသီရောက်ပြီဆိုတာနဲ့ ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းလိုလို ပင်လယ်ကမ်းခြေကို သွားရောက် အပန်းဖြေလေ့ရှိပြီး ငါးနဲ့လုပ်ထားတဲ့ မုန့်တွေ၊ ပင်လယ်စာတွေကို အများဆုံး စားသုံးကြပါတယ်။ ဒါပေမယ့် သြစတြေးလျလူမျိုးတွေကကျတော့ အဲ့လိုမဟုတ်ပါဘူး။  သူတို့ဟာ Chicken Salt ထဲမှာနှစ်ထားတဲ့ အားလူးကြော်ကိုသာ များသောအားဖြင့် စားသုံးလေ့ရှိပါတယ်။

 

၎။       Zooper Doopers

ဒီဟာကတော့ သာမန် အေးခဲအောင်ထားထားတဲ့ သီးစုံ ရေခဲချောင်းလေးပဲဖြစ်ပါတယ်။

 

၅။       Spiders

Spiders ကို ဘယ်သူတွေက ဘယ်လိုကြောင့် ပြုလုပ်ခဲ့လဲဆိုတာကို မသိပါဘူး။ Spider ဆိုတာဟာ Vanilla ရေခဲမုန့်ကို အအေးတစ်မျိုးမျိုးနဲ့ ရောပြီး ပြုလုပ်ထားခြင်းပဲ ဖြစ်ပါတယ်။

 

၆။       Ice-cold Milo

အေးတဲ့ရာသီဥတုတွေမှာဆိုရင် မိုင်လိုကို ပူပူနွေးနွေးလေး သောက်ကြပြီးတော့ ပူအိုက်တဲ့ရာသီမှာတော့ မိုင်လိုအေးကို သောက်ကြပါတယ်။

 

၇။       နာနတ်သီးမုန့်

Chicken Salt နှစ်ထားတဲ့ အားလူးကြော်စားကောင်းတာထက် နာနတ်သီးပိုင်မုန့်က ပိုစားကောင်းပါတယ်။ အရည်ရွှမ်းပြီး ချိချဉ်လေးဖြစ်နေတဲ့ နာနတ်သီးကို မုန့်နှစ်နဲ့ ကြွပ်နေအောင် ကြော်ထားခြင်းဖြစ်ပါတယ်။

 

၈။       Pavlova

ဘယ်ရီသီး၊ ကီဝီ၊ ငှက်ပျောသီးနဲ့ အခြားအသီးအနှံ အစုံအလင်ကို ရောပြီး သုပ်ထားတဲ့ပုံမျိုးပဲ ဖြစ်ပါတယ်။

 

၉။       Ginger Beer

ချင်းလိုမျိုး ရှိန်းရှိန်းလေးဖြစ်နေတဲ့အရသာကို ခံစားရမှာပါ။ Hungover ဖြစ်နေသူတွေ၊ တကယ့် ဘီယာကို သောက်ချင်စိတ်မရှိတဲ့သူတွေဖို့ သင့်တော်ပါတယ်။

 

၁၀။     ချယ်ရီသီး

ချယ်ရီသီးကို ပန်းကန်လုံးထဲထည့်ပြီး တစ်ထိုင်တည်းကုန်အောင် စားလေ့ရှိပါတယ်။

 

၁၁။     ကြွပ်နေအောင် ကြော်ထားတဲ့ ဒင်ဆမ်း

ပေါင်းထားတဲ့ ဒင်ဆမ်းဟာ ကြော်ထားတဲ့ ဒင်ဆမ်းထက် ပိုကောင်းတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ ဒါပေမယ့်လည်း သြစတေးလျလူမျိုးတွေကတော့ ဒင်ဆမ်းကြွပ်ကြွပ်လေးတွေကိုသာ စားသုံးလေ့ရှိပါတယ်။

 

#ST (Soshwe)

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အဝတ်အစားတွေနဲ့ပတ်သက်ပြီး ကျားမခွဲခြားမှုမရှိကြောင်း (၄) နှစ်တိုင်တိုင် သက်သေပြခဲ့သည့် အမျိုးသား။

ဒီနေ့ဒီအချိန်အထိ ကျားမခွဲခြားမှုပြုလုပ်နေတာက သင့်ကိုစမတ်ကျတဲ့သူတစ်ယောက်ဖြစ်စေမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့အပြိုင် ရင်ဘောင်တန်းလာတဲ့အချိန်မှာ ယောက်ျားလေးမို့လို့၊ မိန်းကလေးမို့လို့ဆိုပြီး ခွဲခြားခွဲခြားလုပ်နေတာတွေကို တိုက်ဖျက်ဖို့ တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒီလိုအချိန်မှာ ဂျာမနီနိုင်ငံက ကလေး …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro