HomeEntertainmentSocial Media ကိုအသုံးပြုပြီးတော့ Celebrity များရဲ့ အိမ်ကို ဖောက်ထွင်းခိုးယူဖို့ ကြံရွယ်တဲ့ အဖွဲ့တစ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းခံရ။

Social Media ကိုအသုံးပြုပြီးတော့ Celebrity များရဲ့ အိမ်ကို ဖောက်ထွင်းခိုးယူဖို့ ကြံရွယ်တဲ့ အဖွဲ့တစ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းခံရ။

- Advertisement -

လူ (၁၃)ယောက် ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ Rihanna နဲ့ အမေရိကန် ဘေ့စ်ဘောကစားသမား Yasiel Puig ရဲ့နေအိမ်ကို ဖောက်ထွင်းဖိုးယူရန်ကြိုးပမ်းမှုဖြင့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Los Angeles မှာ ဖမ်းဆီး ထိန်းသိမ်း ခံ့ခဲ့ရပါတယ်။

ပြစ်မှုမှတ်တမ်းတွေအရ ထိုအဖွဲ့ဟာ ပြစ်မှုကြီး (၃၃)ခုကို ကျူးလွန်ခဲ့ဖူးတာ တွေ့ရပြီး လက်နက်တရားမဝင် ကိုင်ဆောင်တဲ့ မှတ်တမ်းတွေကိုပါ တွေ့ရှိရပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ Social Media တွေကို အသုံးပြုပြီး Celebrity တွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို စောင့်ကြည့်နေကာ သူတို့အိမ်မှာမရှိတဲ့ အချိန်တွေကို ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရရင် Nicki Minaj က သူမရဲ့ Instagram ကနေပြီးတော့ သူနဲ့အတူတူ Private Jet ဘယ်သူ စီးချင်လဲ ဆိုတဲ့ Post တင်ပြီး  (၂)ရက် အကြာမှာတော့ ဖောက်ထွင်းသူတွေက Nicki အိမ်မှာ မရှိတော့ဘူးဆိုတာကို ရိပ်မိပြီး  ဖောက်ထွင်းဝင်ရောက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

“ အစောပိုင်းတုန်းကတော့ ကျွန်တော်တို့အနေနဲ့ ဒီဖောက်ထွင်းသူတွေကို အလွန်ပဲ အထင်ကြီးမိခဲ့ပါတယ်။ နောက်မှ သိလိုက်ရတာကတော့ သူတို့က ပစ်မှတ်ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး အစီအစဉ်ချကာ ဖောက်ထွင်းဝင်ရောက်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်. . . ” ဆိုပြီး Los Angeles ရဲ့ LAPD Captain ဖြစ်သူ Lilian Carranza မှ Buzzfeed သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

- Advertisement -

Puig ရဲ့ နေအိမ်ကတော့ (၄) ကြိမ်တိတိ ဖောက်ထွင်းခံရဖူးပါတယ်။ Christina Milian ရဲ့ ရည်းစားဖြစ်သူ အဆိုတော် Matthieu Tota ရဲ့ အိမ်ဟာလည်း (၄) ရက်အတွင်းမှာ နှစ်ကြိမ်တိတိ ဖောက်ထွင်းခံခဲ့ရပါတယ်။

- Advertisement -

 

#ST (Soshwe)

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × 3 =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...