၁။ ခုနစ်မျိုး အသုံးပြုလို့ရတဲ့ ပေါင်းအိုးလေး (လျှပ်စစ်ထမင်းအိုး၊ ပေါင်းအိုး၊ အပူချိန်နည်းနည်းနဲ့ အချိန်ကြာကြာချက်လို့ရခြင်း၊ ဟင်းချက်လို့ရခြင်း၊ အကြော်ကြော်လို့ရခြင်း၊ ဒိန်ချဉ်ပြုလုပ်လို့ရခြင်း၊ ထမင်း၊ ဟင်း နွှေးလို့ရခြင်း) ဟာ သင့်ရဲ့ အိမ်နောက်ဖေးမီးဖိုချောင်ကို အပြည့်အဝ အထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။
၂။ မျက်နှာကို သန့်စင်အောင် ပြုလုပ်ပေးတဲ့ ဘရက်ရှ်လေးဟာလည်း သင့် မျက်နှာပေါ်မှ မိတ်ကပ်တွေကို အလွယ်တကူ ဖျက်ပစ်နိုင်ရုံသာမက မျက်နှာအရေးပြားကိုလည်း နူးညံ့အောင် ပြုလုပ်ပေးနိုင်ပါတယ်။
၃။ ပိုးသားလို နူးညံ့တဲ့ ခေါင်းအုံးစွပ်ဟာလည်း ညအိပ်တဲ့အခါတိုင်းမှာဖြစ်တတ်တဲ့ သင့်ဆံပင် ရှုပ်ထွေးပြီးပျက်စီးမှုနေမှုကို မဖြစ်စေဘဲ မူလအတိုင်း ချောမွေ့စေပါတယ်။
၎။ ပြင်ပမှ ဆုညံသံတွေကို မကြားရတဲ့ အသံလုံ Head Phone လေးကတော့ သင့်ရဲ့ အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် ကျိန်းသေပေါက် လိုအပ်မှာပါ။
၅။ အပူရော အအေးရော နှစ်မျိုးစလုံးကို နာရီနဲ့ကြာအောင် ထိန်းသိမ်းပေးနိုင်တဲ့ ဓာတ်ဘူးလေးတစ်ဘူးလည်း လိုအပ်မှာ ကျိန်းသေပါတယ်။
၆။ အပူနဲ့ အအေးကို မျှတအောင် လုပ်ပေးနိုင်တဲ့ Temperature Regulating Comforter ကလည်း သင့်ရဲ့ အိပ်ယာကို နွေးထွေးအောင် ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
၇။ နေ့စဉ် (1209၈)နာရီလောက် အနည်းဆုံးအလုပ်လုပ်နေကြတဲ့သူတွေအတွက်လည်း မိမိရဲ့ ခါးကို သက်တောင့်သက်သာဖြစ်စေမယ့် Leather ဆုံလည်ခုံတစ်လုံး လိုအပ်မှာ သေချာပါတယ်။
၈။ သင်အပြင်ရောက်နေတဲ့အချိန်မျိုးတွေမှာ သင့်အိမ်မှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို အစာပုံမှန်ကျွေးပေးနိုင်မယ့် အလိုအလျောက် တိရိစ္ဆာန်အစားကျွေးစက်လည်း လိုအပ်မှာပါ။
၉။ သင်မနက်ခင်း အိပ်ယာကနိုးလာတဲ့အခါတိုင်း ခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံဖြင့် ပူပူနွေးနွေးကော်ဖီလေးတစ်ခွက် ဖန်တီးပေးမယ့် Coffee Maker ကလည်း မရှိမဖြစ်ပါပဲနော်။
၁၀။ မနက်ခင်းတိုင်း ထပြေးတဲ့အခါမျိုးတွေမှာ သင်သတ်မှတ်ထားတဲ့ ခရီးစဉ်ကို ရောက်ရှိတဲ့အထိ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုအခြေအနေကို အသေးစိတ်ဖော်ပြပေးနေမယ့် Running Watch လေးတစ်လုံးလည်း လိုအပ်ပါတယ်နော်။
၁၁။ အကြိမ်ရေပေါင်း မြောက်မြားစွာ အသုံးပြုလို့ရနိုင်မယ့် မီးဖိုချောင်သုံး Mixer တစ်လုံးကလည်း သင့်ရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ်ပါပဲ။
၁၂။ ညဖက် အလုပ်ကပြန်လာလို့ တစ်နေ့လုံးပင်ပန်းနေသမျှကို ရုပ်ရှင်ကြည့်ရင်း ဖြေလျော့ပေးနိုင်မယ့် Home Theatre လေးကလည်း လိုအပ်ပါတယ်နော်။
၁၃။ မနက်ခင်း ထပြေးတာမျိုးပဲဖြစ်ဖြစ်၊ Gym ဆော့တဲ့ အခါမျိုးတွေမှာပဲဖြစ်ဖြစ် လွယ်ကူပေါ့ပါးမှုကို ပေးနိုင်မယ့် Sneaker လေးတွေကလည်း မရှိမဖြစ် လိုအပ်ပါတယ်နော်။
၁၄။ လျှပ်စစ်သွားတိုက်တံကလည်း သင့်ရဲ့ မနက်ခင်းမှာ လွယ်ကူချောမွေ့မှုကို ပေးစွမ်းနိုင်မှာပါ။
#ST (Soshwe)
#SoshweForYourDailyLife
#Like&Share