Breaking News

အလုပ်မှ အနားယူပြီးနောက် နိုင်ငံပေါင်း (၈၀)တိတိကို လှည့်လှည်ခရီးသွားလာခဲ့တဲ့ စုံတွဲ။

အမေရိကန်နိုင်ငံမှ Debbie နဲ့ Michael Capmbell တို့ဟာ အလုပ်မှ အနားယူပြီးနောက် သူတို့ပိုင်ဆိုင်သမျှအားလုံးကို ရောင်းချကာ ကမ္ဘာအနှံ့ ခရီးထွက်ခြင်းဖြင့် အချိန်ကုန်ဆုံးခဲ့ပါတယ်။

သူတို့ရဲ့ ခရီးစဉ်ကို စတင်ခဲ့တဲ့အချိန်တုန်းက Debbie ဟာ (၆၂) နှစ်ဖြစ်ပြီး၊ Michael ဟာ (၇၂)နှစ်ရှိနေပါပြီ။ သူတို့စုံတွဲဟာ ၅ နှစ်အတွင်း နိုင်ငံပေါင်း (၈၀) တိတိကို လည်ပတ်ပြီးဖြစ်သော်လည်း သူတို့ရဲ့ ခရီးစဉ်ဟာ မပြီးဆုံးသေးပါဘူး။

သူတို့စုံတွဲဟာ ၂၀၁၈ နှစ်စပိုင်းကနေစပြီး တစ်ညကို ဒေါ်လာ (၉၀)ခန့် အသုံးပြုကာ အခန်းပေါင်း (၁၆၃)ခန်းကို ငှားရမ်းသွားလာပြီးသည်အထိ အများနဲ့မတူတဲ့ အငြိမ်းစားဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလျက်ရှိပါတယ်။ သူတို့နှစ်ဦးဟာ အတူတူစုဆောင်းထားတဲ့ ငွေတွေသာမက နေထိုင်ခဲ့တဲ့အိမ်၊  မော်တော်ဘုတ်နဲ့ ကားတွေကိုရောင်းချပြီး သူတို့ရဲ့ ခရီးစရိတ်အဖြစ် အသုံးပြုခဲ့ပါတယ်။ သူတို့ရဲ့ ခရီးသွားနေတဲ့ပုံရိပ်တွေဟာ ပိုင်ဆိုင်သမျှအားလုံးကို ရောင်းချပြီး အိပ်မက်တွေကို လက်တွေ့အကောင်အထည် ဖော်နေသလိုမျိုးဖြစ်သလို သူတို့ရဲ့ နေထိုင်မှုပုံစံလိုမျိုး လူတိုင်းရရှိနိုင်ဖို့ မလွယ်ကူလှပါဘူး

 

#ST (1209Soshwe)

#SoshweForYourDailyLife

#Like&Share

About admin

Check Also

၂၀၂၂ ခုနှစ်ရဲ့ အလုံခြုံဆုံးနဲ့ အန္တရာယ်အကင်းဆုံးသော မြို့တော်များ။

ခရီးသွားတွေအနေနဲ့ ဘယ်နေရာကို အလည်အပတ်သွားရမလဲဆိုတာ ဆုံးဖြတ်တဲ့အချိန်မှာ အန္တရာယ်ကင်းပြီး လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ နေရာတွေကိုသာ အဓိကဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ရောဂါဆိုးကြီး ပျံ့နှံ့လာခဲ့တာကြောင့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro