Breaking News

မန်စီးတီးအသင်း ရင်ဆိုင်လာရတဲ့ အသင်းတွေထဲမှာ လိုင်ယွန်အသင်းဟာ အခက်ခဲဆုံး အသင်းတစ်သင်းဖြစ်တယ်လို့ ဂွာဒီယိုလာ ပြောကြား။

လိုင်ယွန်အသင်းဟာ မန်စီးတီးရင်ဆိုင်လာရတဲ့အသင်းတွေအနက် အခက်ခဲဆုံးအသင်းတစ်သင်းဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာမှ လိုင်ယွန်နဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

လိုင်ယွန်အသင်းဟာ အိမ်ကွင်းလည်းဖြစ်သောကြောင့် အသာစီးရယူ ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း အမှားတွေများခဲ့ပြီး ထင်သလောက် ဂိုးမရခဲ့ပေ။ မန်စီးတီးဖက်မှလည်း အခြေအတင် လိုက်ကစားနိုင်ခဲ့လို့သာ သရေကျခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ပွဲကစားချိန် (၈၃)မိနစ်မှာ မန်စီးတီးအတွက် အဂူရိုသွင်းယူခဲ့တဲ့ ဂိုးကြောင့် အုပ်စု (F) မှာ ထိပ်ဆုံးနေရာက ရပ်တည်နိုင်ခဲ့ပြီး နောက်တစ်ဆင့်သို့ တက်သွားခဲ့ပြီဖြစ်ပါတယ်။

“ ကျွန်တော်တို့အနေနဲ့ အလွန်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ မန်စီးတီးအသင်းအနေနဲ့  အခက်ခဲဆုံး အသင်းတစ်သင်းဖြစ်တဲ့ လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး လိုင်ယွန်အသင်းဟာ Physical ပိုင်းရော၊ တန်ပြန်တိုက်စစ်တွေရောမှာပါ မယုံကြည်နိုင်လောက်အောင် အလွန်ကောင်းမွန်တဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ် . . . ” ဆိုပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာမှ ချီးကျူးပြောဆိုသွားပါတယ်။

 

#ST (Soshwe)

#SoshweForYourDailyLife

#Like&Share

 

About admin

Check Also

ရိုနယ်ဒိုနဲ့ ရုပ်ချင်းဆင်တဲ့အမျိုးသား ပေါ်ထွက်လာ။

အသက် ၂၅ နှစ်အရွယ် ဟောင်ကောင်ဘောလုံးသမား အော်မက်တ်သရူး အယ်လီယက် (မက်တ် အော်) ဟာ အခုလက်ရှိမှာတော့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ မကြာသေးခင်က AFC Asian …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro