Breaking News

Marouane Fellaini ရဲ့ ဂိုးနဲ့ Champion League (1209၁၆) သင်း ရှုံးထွက်အဆင့်ကို ရောက်ရှိသွားတဲ့ မန်ယူ

နိုဝင်ဘာ (၂၇) ရက်နေ့ညက Manchester United နဲ့ Young Boys တို့ ကစားခဲ့တဲ့ Champion League အုပ်စုပွဲစဉ်မှာ  Marouane Fellaini ရဲ့ ပွဲပြီးလို့ နာကျင်အချိန်ပို (၃)မိနစ်မှာ သွင်းယူလိုက်တဲ့ သွင်းဂိုးတစ်ဂိုးနဲ့ မန်ယူဟာ Champion League (၁၆) သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်သွားပါတယ်။ ဂျူဗင်တပ်စ်ကလည်း ဗဲလန်စီယာကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့သဖြင့် အုပ်စု (H) မှာ ထိပ်ဆုံးကနေ ရပ်တည်လျက်ရှိပါတယ်။

ဒိုင်လူကြီးတွေက ပွဲပြီးလို့ နာကျင်အချိန်ပို (1209၃)မိနစ်ပေးတဲ့အချိန်မှာ မန်ယူအသင်းအနေနဲ့ အိမ်ကွင်းမှာ ပထမဆုံးဂိုးကို သွင်းယူနိုင်ဖို့အတွက်ကို အသည်းအသန် ကြိုးစားပါတော့တယ်။ Luke Shaw ရဲ့ ဖြတ်တင်ပေးမှုကို Lukaku က အသာအယာချပေးခြင်းကနေတစ်ဆင့် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အခုလို သွင်းယူလိုက်တဲ့ Goal ကြောင့် မန်ယူနည်းပြ မော်ရင်ဟိုဟာ ရေသန့်ဘူးအပြည့်ပါတဲ့ ရေသန့်ဖာကို မြေကြီးပေါ်သို့ လွှင့်ပစ်လိုက်သည်အထိ အရူးအမူး စိတ်လှုပ်ရှားမှုကို ဖြစ်စေခဲ့ပါတယ်။

Fellaini မှလည်း “ ကျွန်တော် အခုလို သွင်းယူလိုက်တဲ့ဂိုးဟာ လက်နဲ့ထိတဲ့ ဘောလုံးကို သွင်းယူခဲ့တာ မဟုတ်ပါဘူး၊ တကယ်လို့ လက်နဲ့ထိခဲ့တယ်ဆိုရင်တောင် မတော်တဆထိမိတာပဲ ဖြစ်ပါလိမ့်မယ် ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

 

#ST (Soshwe)

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ရိုနယ်ဒိုနဲ့ ရုပ်ချင်းဆင်တဲ့အမျိုးသား ပေါ်ထွက်လာ။

အသက် ၂၅ နှစ်အရွယ် ဟောင်ကောင်ဘောလုံးသမား အော်မက်တ်သရူး အယ်လီယက် (မက်တ် အော်) ဟာ အခုလက်ရှိမှာတော့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ မကြာသေးခင်က AFC Asian …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro