Breaking News
စိတ်ဖိစီးမှုတွေမှ သက်သာလာစေရန် မိမိကိုယ်ကို ဘယ်လို ပြုမူ နေထိုင်မလဲ ? ? ?
၁။ ချော့ကလက်ပူပူလေးသောက်ပါ။
စိတ်ဖိစီးမှုတွေကနေ သက်သာလာစေရန် မိမိကိုယ်ကို နွေးနွေးထွေးထွေးဖြစ်အောင် ပြုလုပ်ဖို့လည်း အရေးကြီးပါတယ်။ ပုံမှန်အားဖြင့် မိမိကိုယ်ကို ဂရုစိုက်ရမှာဖြစ်ပြီး မိမိစိတ်ကို ပျော်ရွှင်အောင် ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာကိုလည်း ကိုယ့်ဘာသာကိုယ် စဉ်းစားနေရမှာဖြစ်ပါတယ်။ အရမ်း စိတ်ဖိစီးမှု များနေတဲ့အခါမျိုးတွေမှာ ချော့ကလက်ပူပူလေးတစ်ခွက်ဖျော်ပြီး သင့်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားကို ကြည့်လိုက်မယ်ဆိုရင် စိတ်ဖိစီးမှုတွေကို သိသိသာသာ လျော့ကျလာမှာပါ။
၂။ သင့်ပတ်ဝန်းကျင်မှ ကလေးငယ်လေးများနဲ့ ပျော်ပျော်ရွှင်နေပါ။
လေ့လာတွေ့ရှိချက်တွေအရ ကလေးငယ်လေးများနဲ့ ဆော့ကစားခြင်း၊ ပျော်ပျော်ရွှင်ရွှင်နေခြင်းတို့ကလည်း သင့်စိတ်ကို အပန်းဖြေစေရုံမျှမက စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်လို့ ဖော်ပြထားပါတယ်။ အပြစ်ကင်းစင်တဲ့ ကလေးငယ်လေးများရဲ့ ပျော်ရွှင်မှုကိုကြည့်ပြီး သင်ကိုယ်တိုင်လည်း စိတ်ပျော်ရွှင်လာမှာ ဖြစ်ပါတယ်။
၃။ အပျင်းပြေ လမ်းလျှောက်ပါ။
လမ်းလျှောက်ခြင်းက ပျင်းရိဖို့ကောင်းတယ်လို့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် နေ့စဉ်ပုံမှန် လမ်းလျှောက်ပေးခြင်းဖြင့် ခေါင်းအတွင်းမှ အားရုံကြောတွေကို ပြေလျော့စေရုံသာမက၊ စိတ်ရောကိုယ်ပါ ငြိမ်သက်စေပြီး အားအင်အသစ်တွေကို ဖြစ်ပေါ်စေပါတယ်။ ပြင်ပမှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကလည်း သင့်ခန္ဓာကိုယ်ကို ကျန်းမာစေရုံသာမက စိတ်ကျန်းမာဖို့အတွက်ပါ အထောက်အကူဖြစ်စေပါတယ်။
၄။ နေ့တစ်နေ့ချင်းစီအလိုက် သင့်ကိုစိတ်ကျေနပ်မှုဖြစ်စေတဲ့ အကြောင်းအရာတွေကို ချရေးပါ။
နေ့တစ်နေ့မှာ သင့်ကိုစိတ်ပျော်ရွှင်စေတဲ့၊ စိတ်ကျေနပ်မှုဖြစ်စေတဲ့ အကြောင်းအရာတွေကို စာအုပ်ထဲမှာ နေ့စဉ်ချရေးပါ။ ဒီလိုပြုလုပ်ခြင်းဟာ အချိန်ကုန်တယ်လို့ ထင်ရပေမယ့် သင်စိတ်ဓာတ်ကျနေတဲ့အခါမျိုးတွေ၊ စိတ်ဖိစီးမှု ဖြစ်နေတဲ့အခါမျိုးတွေမှာ သင့်ကို စိတ်သက်သာရာ ရစေပါတယ်။
၅။ ပီကေဝါးပါ။
ပီကေဝါးပြီး အပြင်ကို မှုတ်ထုတ်ခြင်းကလည်း စိတ်ဖိစီးမှုတွေ၊ စိတ်အလိုမကျတာတွေ၊ စိတ်ပင်ပန်းတာတွေနဲ့ စိတ်ဓာတ်ကျဆင်းတာတွေကို လျော့ကျစေတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရှိရပါတယ်။
၆။ သင့်ဘဝအတွက် အရေးပါသူတွေနဲ့ မကြာခဏတွေ့ဆုံပါ။
သင့်ဘဝအတွက် အရေးကြီးဆုံးသူတွေဖြစ်တဲ့ ဘဝလက်တွဲဖော်၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ မကြာခဏတွေ့ဆုံပြီး စိတ်လက် ပေါ့ပါးစေနိုင်မယ့် ရုပ်ရှင်ကြည့်တာမျိုး၊ Game ကစားတာမျိုး၊ ညစာစားတာမျိုး၊ လျှောက်လည်တာမျိုးတွေကလည်း သင့်ရဲ့ စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။
၇။ အလှူအတန်း ပြုလုပ်ပါ။
သိပ္ပံနည်းကျကျ လက်တွေ့ စမ်းသပ်ချက်တွေအရ ဒုက္ခရောက်နေတဲ့လူတွေ၊ အခက်အခဲဒုက္ခ ကြုံတွေ့နေရသူတွေကို ကူညီပေးခြင်းကလည်း စိတ်ပျော်ရွှင်မှုကို ဖြစ်စေနိုင်တယ်လို့ သက်သေပြထားပြီးဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ လူအများနဲ့ ကိုယ်တိုင်ကိုယ်ကျ စုပေါင်း လှူဒါန်းမှုတွေ ပြုလုပ်ဖို့ အချိန်မရှိဘူးဆိုရင်လည်း သင့်ရဲ့အနီးအနားမှာရှိတဲ့ ဒုက္ခရောက်နေတဲ့လူတွေကို ကူညီပေးလို့ရပါတယ်။
၈။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို အချိန်ပေးပါ။
သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကို အချိန်ပေးပြီး သူတို့နဲ့အတူတူ ဆော့ကစားပေးခြင်းကလည်း ခန္ဓာကိုယ်အတွင်းမှ သွေးဖိအားကို လျော့ကျစေပြီး စိတ်ဖိစီးမှုတွေကိုလည်း သက်သာစေပါတယ်။
<Unicode Version>
၅။ ပီကေဝါးပါ။
၇။ အလှူအတန်း ပြုလုပ်ပါ။
<Zawgyi Version>
#ST (Soshwe)
#soshwehealthandbeauty
#soshweforyourdailylife
#likeandshare
About admin
Check Also
လူတော်တော်များများ နံနံပင်ကို မုန်းတီးရခြင်းနဲ့ပက်သက်ပြီး လေ့လာတွေ့ရှိမှု။
ကျွန်မတို့အနေနဲ့ စားသောက်ဆိုင်တစ်ခုခုမှာ တခြားသောစားသုံးသူပဲဖြစ်ဖြစ်၊ ကိုယ့်နဲ့အတူလိုက်လာတဲ့ သူငယ်ချင်းကပဲဖြစ်ဖြစ် စားပွဲထိုး (သို့) စားဖိုမှူးကို “နံနံပင်မထည့်နဲ့နော်။”ဆိုပြီး သတိပေးတဲ့ စကားမျိုးကို မကြာခဏကြားရမှာပါ။ ကမ္ဘာနဲ့ချီပြီးပြောရမယ်ဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာတော့ နံနံပင်ကို …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro