HomeSportUFC နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပါက May Weather နဲ့ ထိုးသတ်မယ်ဆိုတဲ့ Khabib

UFC နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပါက May Weather နဲ့ ထိုးသတ်မယ်ဆိုတဲ့ Khabib

- Advertisement -

Khabib မှာ UFC နဲ့ လက်ရှိ စာချုပ်အရ တစ်ပွဲသာထိုးသတ်ရန် ကျန်ရှိနေပြီး သူ့အနေနဲ့ ဘယ်လိုဆက်လုပ်မလဲဆိုတာဟာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

သူ့ရဲ့ မန်နေဂျာဖြစ်တဲ့ Ali Abdelaziz ရဲ့ ပြောကြားချက်အရ Khabib ဟာ UFC နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပါက May Weather နဲ့ ထိုးသတ်ဖို့ရှိတယ်လို့ သိရှိရပါတယ်။

- Advertisement -

အောက်တိုဘာလက McGregor ကို အနိုင်ရရှိပြီးကတည်းက  Khabib ပုရိသတ်တွေက McGregor ရဲ့ အရင် ပြိုင်ဖက်ဟောင်းဖြစ်တဲ့ May Weather နဲ့ ထိုးသတ်ဖို့အတွက်ကို လှုံ့ဆော်ပေးလျက်ရှိပါတယ်။ Ali ရဲ့ ပြောကြားချက်အရ Khabib ဟာ UFC နောက်ဆုံးပွဲစဉ်အဖြစ် May Weather နဲ့ ထိုးသတ်ဖို့ အဆင်မပြေခဲ့ရင်တောင် UFC နဲ့ Contract ပြီးဆုံးမှ ထိုးသတ်ဖို့ ဆန္ဒရှိနေပါတယ်။ နောက်ပြီး Ali ကလည်း    “ Khabib အနေနဲ့ May Weather ကို အကောင်းဆုံးထိုးသတ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ် . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

- Advertisement -

 

- Advertisement -

#ST (Soshwe)

- Advertisement -

Must Read