၂၀၂၂ ခုနှစ် နိုဝင်ဘာ (၂၁) ရက်နေ့မှာတော့ အပူချိန် (၃၀) ဒီဂရီကျော်ရှိပြီး အသစ်ပြင်ဆင်ထားတဲ့ ကာတာနိုင်ငံရှိ Khalifa International Stadium မှာ ကမ္ဘာ့ဖလားဘောလုံးပွဲကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်နိုင်ငံတို့ဟာ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပမယ့် ကာတာနိုင်ငံနဲ့ အရင်က ဆက်ဆံရေးကောင်းခဲ့ပေမယ့် ဒီနှစ်အစောပိုင်းမှာတော့ အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့ပေးမှု၊ ခိုလှုံစရာနေရာပေးမှုနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ပြည်တွင်းကိစ္စရပ်တွေကို ဝင်စွက်ဖက်မှုတွေကြောင့် ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရပြီး ဆော်ဒီနိုင်ငံမှ စတင်ကာ လေကြောင်းဆက်သွယ်မှုကို ပိတ်ပစ်ခဲ့ပါတယ်။
ထို့နောက် ဆော်ဒီ၊ ဘာရိန်းနဲ့ ယူအေအီးနိုင်ငံတို့မှ သူတို့ရဲ့ နိုင်ငံသားတွေကို ကာတာနိုင်ငံသို့ အလည်အပတ်သွားခြင်းနဲ့ သွားရောက်နေထိုင်ခြင်းတို့ကို ပိတ်ပင်ခဲ့ပြီး လက်ရှိ နိုင်ငံအတွင်းမှာ နေထိုင်နေတဲ့ ကာတာနိုင်ငံသားတွေကိုလည်း (1209၁၄)ရက်အတွင်း နိုင်ငံအတွင်းမှထွက်ခွာရန် ဖိအားပေး အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ရှောင်လွှဲလို့မရတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ အရေးပေါ် ဆေးကုသမှု ခံယူနေရသူများ၊ ကျောင်းတက်နေဆဲသူများအတွက်တော့ အခက်အခဲဒုက္ခတွေ ကြုံတွေ့ရမှာ အမှန်ပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဆော်ဒီရောက်ရှိနေတဲ့ ကာတာနိုင်ငံသားတွေဟာ ဆော်ဒီနိုင်ငံအတွင်းမှ ထုတ်ပယ်ခံခဲ့ရပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ယီမင်နိုင်ငံနဲ့ အရှေ့အာဖရိကရှိ UN အခြေစိုက်စခန်းဖြစ်တဲ့ Djibouti မြို့များသို့ ပြောင်းရွှေ့လာကြပါတယ်။
ထို့ကြောင့် ယခုအချိန်မှာတော့ ကာတာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံတွေကနေ ရွှေ့ပြောင်း အလုပ်သမားတွေကို တစ်ပတ်လုပ်ခ (၃၅) ပေါင်ထက် ပိုမပေးဘဲ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်နေကြပါတယ်။
#ST (Soshwe)