Breaking News
LOS ANGELES, CA - FEBRUARY 10: Chris Brown and Rihanna attend the 55th Annual GRAMMY Awards at STAPLES Center on February 10, 2013 in Los Angeles, California. (Photo by Christopher Polk/Getty Images for NARAS)

Chris Brown မှ ရည်းစားဟောင်းဖြစ်သူ Rihanna ရဲ့ Instagram ပုံမှာ Emoji comment ပေးခဲ့ခြင်းအပေါ် ပုရိသတ်တွေ မကျေမနပ်ဖြစ်။

Chris Brown ဟာ သူ့ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Rihanna ရဲ့ နိုဝင်ဘာ (၂၄)ရက်နေ့က တင်ခဲ့တဲ့ Instagram ဓာတ်ပုံအောက်မှာ Comment ဝင်ပေးခဲ့တာကြောင့် ပုရိသတ်တွေမှ မကျေမနပ်ဖြစ်ခဲ့ရပါတယ်။

အသက် (၃၀) အရွယ်” Diamonds ” အဆိုတော်  Rihanna မှာ Savage X Fenty တံဆိပ် အနီရောင် အတွင်းခံဘောင်းဘီနဲ့ အနက်ရောင် လက်အိတ်အရှည်ကို ဝတ်ဆင်ကာ အိပ်ယာပေါ်မှာ လဲလျောင်းနေတဲ့ ဓာတ်ပုံကို Instagram မှာ တင်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် (၂၉) နှစ်အရွယ်ရှိ အဆိုတော် Chris Brown မှ Flushed Face Emoji ပုံလေး Comment ပေးခဲ့ခြင်းဖြစ်ပါတယ်။

Chris Brown နဲ့ Rihanna တို့ဟာ ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တွဲခဲ့ကြပြီး Chris Brown မှ Rihanna အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုနဲ့ လည်ပင်းညှစ်ရန် ကြိုးပမ်းမှုတွေကြောင့် သက်ငယ်ဆိုးသွမ်းသူများအား ထောင်အစား ပြုပြင်ထိန်းသိမ်းသည့် စနစ်တစ်ခုဖြစ်တဲ့ စောင့်ကြည့်ကာလ (၅)နှစ်၊ လူထုအကျိုးပြုလုပ်ငန်းများတွင် အခမဲ့ တာဝန်ထမ်းဆောင်ရန်အတွက် ပြစ်ဒဏ် (၆)လနဲ့ အကြမ်းဖက်မှု ပပျောက်ရေး အဖွဲ့အစည်းတွင် (၁) နှစ်တိတိ ပါဝင်လှုပ်ရှားရန် စသဖြင့် ပြစ်ဒဏ်အမျိုးမျိုး ချမှတ်ခံခဲ့ရပါတယ်။

 

#ST (Soshwe)

About admin

Check Also

ဂြိုဟ်သားတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်ထားကြတဲ့ နာမည်ကျော်များ။

ဂြိုဟ်သားတွေ အမှန်တကယ်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမြဲတမ်း အငြင်းအခုံတွေ ရှိနေရပေမယ့် အချို့သောနာမည်ကျော်အနုပညာရှင်တွေကတော့ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုးယုံကြည်ထားတဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro