၁။ Kit Harington & Rose Leslie
ရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ – Game of Thrones (2011 – 2019)
HBO ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Game of Thrones (Season – 2) မှာ တွေ့ရှိခဲ့ကြပြီး ၂၀၁၈ နှစ်ဦးပိုင်းတွင် စကော့တလန်မှာ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။
၂။ Ryan Reynolds & Blake Lively
ရိုက်ကူးခဲ့တဲ့ဇာတ်လမ်း – Green Lantern (2011)
နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Ryan နဲ့ Blake ကတော့ ၂၀၁၀ ခုနှစ် Green Lantern ရုပ်ရှင်ရိုက်ကူးနေရင်း ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ထိုအချိန်က Ryan မှာ Scarlett Johansson နဲ့ လက််ထပ်ထားတုန်းဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာတော့ ကွာရှင်းခဲ့ပါတယ်။ ထို့နောက် ၂၀၁၂ ခုနှစ်မှာတော့ Blake နဲ့ လူသိရှင်ကြား လက်ထပ်ခဲ့ကြပြီး သားသမီးနှစ်ဦး ထွန်းကားခဲ့ပါတယ်။
၃။ Daniel Craig & Rachel Weisz
ရိုက်ကူးခဲ့တဲ့ဇာတ်လမ်း – Dream House (2011)
Daniel နဲ့ Rachel တို့ဟာ တစ်ဦးနဲ့တစ်ဦး မချစ်ကြိုက်ခင်တုန်းက သူငယ်ချင်းတွေအဖြစ် နှစ်အတော်ကြာ နေလာခဲ့ကြပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ယခင်က တစ်ကြိမ်စီ လက်ထပ်ခဲ့ပြီးသားဖြစ်သလို အရင်အိမ်ထောင်နဲ့ သားသမီးတစ်ဦးစီ ရှိကျသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၁ ခုနှစ်က လက်ထပ်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာတော့ သူတို့ရဲ့ ပထမဦးဆုံး ရင်သွေးလေးကို မွေးဖွားခဲ့ပါတယ်။
၄။ Ryan Gosling & Eva Mendes
ရိုက်ကူးခဲ့တဲ့ဇာတ်လမ်း – The Place Beyond The Pines (2012)
Ryan နဲ့ Eva တို့ဟာ စက်တင်ဘာ ၂၀၁၁ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားမှာ တွေ့ဆုံခဲ့ကြပြီး ထိုအချိန်ကတည်းက တွဲခုတ်ခဲ့ကြကာ ကလေးနှစ်ဦး ရရှိထားပါတယ်။
၅။ Emma Stone & Andrew Garfield
ရိုက်ကူးခဲ့တဲ့ဇာတ်လမ်း – The Amazing Spider-Man (2012)
သူတို့နှစ်ဦးဟာ The Amazing Spider-Man မှာ Peter နဲ့ Mary အဖြစ် သရုပ်ဆောင်ရင်း တွေ့ရှိခဲ့ကြခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်မတိုင်ခင်အထိ လူသိရှင်ကြား တွဲခုတ်ခဲ့ကြပါတယ်။
၆။ Miley Cyrus & Liam Hemsworth
ရိုက်ကူးခဲ့တဲ့ဇာတ်လမ်း – The Last Song (2010)
Miley နဲ့ Liam တို့ဟာ The Last Song ကို ရိုက်ကူးနေစဉ်အတွင်း ကြိုက်နှစ်သက်ခဲ့ကြပြီး ထိုစဉ်က သူတို့နှစ်ဦးစလုံးဟာ ဆယ်ကျော်သက်အရွယ်တွေသာ ရှိကြပါသေးတယ်။
၇။ Dev Patel & Frieda Pinto
ရိုက်ကူးခဲ့တဲ့ဇာတ်လမ်း – Slumdog Millionaire (2008)
Oscar ဆုရရှိခဲ့တဲ့ Slumdog Millionaire ကိုရိုက်ကူးနေစဉ်အတွင်း ကြိုက်နှစ်သက်ခဲ့ကြပြီး (၇) နှစ်ကြာ လက်တွဲလာခဲ့ကာ ၂၀၁၄ ခုနှစ်တွင် လမ်းခွဲခဲ့ကြပါတယ်။
၈။ Kristen Stewart & Robert Pattinson
ရိုက်ကူးခဲ့တဲ့ဇာတ်လမ်း – Twilight (2008)
စိတ်အစွဲအလန်းကြီးတဲ့ သူတို့စုံတွဲကတော့ အချိ်န်ရဲ့စမ်းသပ်ခြင်းကို မခံစားနိုင်ဘဲ ၂၀၁၃ ခုနှစ်မှာတော့ လမ်းခွဲခဲ့ကြပါတယ်။
၉။ Jenna Dewan & Channing Tatum
ရိိုက်ကူးခဲ့တဲ့ဇာတ်လမ်း – Step Up (2006)
သူတို့နှစ်ဦးဟာ Step Up ဆိုတဲ့ ဇာတ်ကားကိုရိုက်ကူးရင်း စတွေ့ခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ (၉) နှစ်ကြာ လက်တွဲပြီး ၂၀၁၈ ခုနှစ် အစောပိုင်းမှာတော့ နှစ်ဦးသား ကွာရှင်းလိုက်ပြီးဖြစ်ကြောင်းကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
<Unicode Version>
ရုပ်ရှင်ရိုက်ကူးရင်း မေတ္တာမျှခဲ့ကျတဲ့ ကမ္ဘာကျော် စုံတွဲများ။
၇။ Dev Patel & Frieda Pinto
စိတ်အစွဲအလန်းကြီးတဲ့ သူတို့စုံတွဲကတော့ အချိန်ရဲ့စမ်းသပ်ခြင်းကို မခံစားနိုင်ဘဲ ၂၀၁၃ ခုနှစ်မှာတော့ လမ်းခွဲခဲ့ကြပါတယ်။
ရိုက်ကူးခဲ့တဲ့ဇာတ်လမ်း – Step Up (2006)
<Zawgyi Version>
#ST (Soshwe)
#Soshweentertainment
#soshweforyourdailylife
#likeandshare