Breaking News
စိတ်ဖိစီးမှုများမှ အမြန်ဆုံး သက်သာလာစေရန် ဘယ်လိုပြုမူနေထိုင်မလဲ ? ? ?
၁။ စိတ်ကို ပျော်ရွှင်စေနိုင်မယ့် ဟာသဇာတ်မြူးကားကြည့်ပါ။
သင့်ကိုယ်သင် စိတ်ဖိစီးနေရတယ်လို့ ခံစားနေရပြီဆိုရင် ပထမဦးဆုံး အသက်ပြင်းပြင်းရှူပြီး ထိုင်ခုံတစ်လုံးယူကာ သင့်ကို စိတ်အပန်းပြေစေနိုင်မယ့်၊ သင့်ကို ရယ်မောအောင် ပြုလုပ်ပေးနိုင်မယ့် ဟာသဇာတ်မြူးကားကို ကြည့်ပါ။ လေ့လာတွေ့ရှိမှုတွေအရ ရယ်မောခြင်းဟာ စိတ်ဓာတ်ကျဆင်းနေခြင်းမှ သက်သာစေရုံမက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကိုလည်း လျော့ကျစေပါတယ်။
၂။ Gym ကစားပေးပါ။
လေ့ကျင်းခန်းပြုလုပ်ခြင်းကလည်း စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်ဆိုပြီး ရှာဖွေတွေ့ရှိချက်တွေအရ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် စိတ်ဓာတ်တက်ကြွစေခြင်း၊ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုကို ပိုမိုမြန်ဆန်စေခြင်းနဲ့ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုအားကောင်းအောင်လည်း အကူအညီပေးပါတယ်။ နေ့စဉ်ပုံမှန် မိနစ်(၂၀)ခန့် လေ့ကျင့်ခန်းပြုလုပ်ခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။
၃။ Social Media အသုံးပြုခြင်းကို တတ်နိုင်သမျှ လျှော့ချပါ။
Social Media (Facebook, Instagram, Line, We Chat) ကို နေ့စဉ်အသုံးပြုခြင်းကလည်း စိတ်ဖိစီးမှုကို မလျော့ကျစေတဲ့အပြင် သင့်ရဲ့ကိုယ်ပိုင်ဘဝကို အခြားသူတွေနဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်လာပြီး စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်လာနိုင်ပါတယ်။
၄။ အားလပ်ချိန်တွေမှာ မုန့်လုပ်စားပါ။
သင့်ကိုယ်သင် စိတ်ဓာတ်ကျနေပြီလို့ ခံစားနေရပြီဆိုရင် မုန့်လုပ်နည်း Recipe တွေကို ရှာဖွေပြီး လက်တွေ့ ပြုလုပ်ပါ။ လေ့လာတွေ့ရှိမှုတွေအရ ဟင်းချက်ပြုတ်ခြင်းနဲ့ မုန့်ဖုတ်ခြင်းတွေဟာ သင့်ကို ပိုမိုပျော်ရွှင်စေပြီး သင်လုပ်စရာရှိတဲ့ ကိစ္စရပ်တွေမှာလည်း အာရုံစူးစိုက်နိုင်အောင် ကူညီပေးပါတယ်။
၅။ မနက်ခင်းတိုင်း စိတ်ငြိမ်အောင် တရားထိုင်ဖို့ ကြိုးစားပါ။
အခုနောက်ပိုင်း လူတိုင်းလိုလို စိတ်ငြိမ်အောင် တရားထိုင်ဖို့အတွက် ပိုမိုပြောဆိုလာကြတာဟာ အကြောင်းအရင်းတွေရှိပါတယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းငယ်လေးထဲမှာ မီးမှိန်မှိန်လေးထွန်းပြီး တရားထိုင်းခြင်းဟာ စိတ်ဖိစီးမှုတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေကို လျော့ကျအောင် ပြုလုပ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ တရားထိုင်ဖို့အတွက် သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အများကြီး အသုံးချစရာမလိုပါဘူး။ မနက်ခင်းတိုင်းမှာ အနည်းဆုံး (၁၀) မိခန့်အချိန်ပေးပြီး တရားထိုင်နိုင်အောင် ကြိုးစားပါ။
၆။ သင့်ရဲ့ အိပ်ခန်းကို သန့်ရှင်းရေးပြုလုပ်ပါ။
သင့်အနေနဲ့ နေ့စဉ်ပြုလုပ်ရမယ့် ကိစ္စရပ်တွေအများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း သင့်အခန်းကို သန့်ရှင်းရေးပြုလုပ်ခြင်းဟာ သင့်စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ရှုုပ်ထွေးပြီး မသပ်မရပ်ဖြစ်နေတဲ့ သင့်အိပ်ခန်းဟာလည်း သင့်ကို စိတ်ဖိစီးမှုဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်အောင် အထောက်အကူပေးမှာ မဟုတ်ပါဘူး။
၇။ ငြင်းဆန်နိုင်အောင် ကြိုးစားပါ။
မကြာခဏဆိုသလို စိတ်ဖိစီးမှု အမြောက်အမြားနဲ့ ရုံးပိတ်ရက်ရှည်တွေ ရရှိနိုင်ပါတယ်။ ထိုပိတ်ရက်တွေအတွင်း သင့်အနေနဲ့ Party ပွဲတွေ၊ Event ပွဲတွေ ဖိတ်ကြားခံရနိုင်ပါတယ်။ ဒါပေမယ့်လည်း သင့်အနေနဲ့ ရက်ရည်ပိတ်ရက်မှာ လုံလုံလောက်လောက်အနားယူနိုင်ဖို့က အရေးကြီးဆုံးဖြစ်တဲ့အတွက် သင့်အတွက် အရေးမကြီးတွေပွဲတွေဆိုရင် တက်ရောက်ဖို့အတွက် ငြင်းဆန်နိုင်အောင် ကြိုးစားပါ။
၈။ သင့်ချစ်သူနဲ့ ချစ်ကျွမ်းဝင်နိုင်အောင် ကြိုးစားပါ။
သင့်ဘဝလက်တွဲဖော်နဲ့ ချစ်ကျွမ်းဝင်နိုင်အောင် အချိ်န်ရရှိဖို့ ကြိုးစားပါ။ သင့်ချစ်သူနဲ့ ကာမဆက်ဆံမှုပြုခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေခြင်း၊ သွေးဖိအားကို လျော့ကျစေနိုင်ခြင်း၊ ဦးနှောက်နဲ့ အာရုံကြောအတွင်းရှိ ဟော်မုန်းဓာတ်ကို ကူညီထောက်ပ့ံပေးခြင်း၊ သင့်ကို နွေးနွေးထွေးထွေးဖြစ်စေနိုင်ရုံသာမက ကိုယ်လက်လှုပ်ရှားမှုကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။
<Unicode Version>
၂။       Gym ကစားပေးပါ။
သင့်ဘဝလက်တွဲဖော်နဲ့ ချစ်ကျွမ်းဝင်နိုင်အောင် အချိန်ရရှိဖို့ ကြိုးစားပါ။ သင့်ချစ်သူနဲ့ ကာမဆက်ဆံမှုပြုခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေခြင်း၊ သွေးဖိအားကို လျော့ကျစေနိုင်ခြင်း၊ ဦးနှောက်နဲ့ အာရုံကြောအတွင်းရှိ ဟော်မုန်းဓာတ်ကို ကူညီထောက်ပံ့ပေးခြင်း၊ သင့်ကို  နွေးနွေးထွေးထွေးဖြစ်စေနိုင်ရုံသာမက ကိုယ်လက်လှုပ်ရှားမှုကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။
<Zawgyi Version>
#soshwehealthandbeauty
#soshweforyourdailylife
#likeandshare
About admin
Check Also
သားသားမီးမီးတို့အတှကျ Ovaltine ရဲ့ Smart Book App
သားသားမီးမီးတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုကိုဖန်တီးဖို့ . . . သင်ခန်းစာအသစ်တွေလေ့လာရင်း ပျော်ရွှင်စရာဂိမ်းတွေနဲ့အတူ . . . ပဟေဠိတွေလည်း ဆော့လိုက်ရအောင် . . . …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro