HomeEntertainmentJack Black မှ သူရဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်သော “ School of rock ” မှ ဒရမ်တီးတဲ့ကောင်လေးနဲ့...

Jack Black မှ သူရဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်သော “ School of rock ” မှ ဒရမ်တီးတဲ့ကောင်လေးနဲ့ ပြန်လည်တွေ့ဆုံ။

- Advertisement -

Jack black ဟာ Tenacious D နဲ့ လက်တလောပြုလုပ်ထားတဲ့ ဖျော်ဖြေပွဲမှာတော့ အထူးဧည့်သည်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အသက် ၄၉နှစ်အရွယ် ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် Jack Black ဟာ သူ့ရဲ့ Chicago Tour မှာ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ School of Rock ထဲမှ ဒရမ်တီးတဲ့ကောင်လေးအဖြစ် သရုပ်ဆောင်ထားတဲ့ Kevin Clark နဲ့ တွေ့ဆုံခဲ့ပါတယ်။ Jack ဟာ ဖျော်ဖြေမှုအပြီး စင်အနောက်မှာ Clark နဲ့အတူ စကားစမြည်ပြောဆိုရင်း ဓာတ်ပုံအတူတူ ရိုက်ခဲ့ကြပါတယ်။

- Advertisement -

“ Jack Black ဟာ သင့်အဖွဲ့ရဲ့ အင်္ကျီကို ဝတ်ထားတာ နေ့တိုင်းတွေ့မြင်နိုင်မှာ မဟုတ်ပါဘူး၊ ဒါဟာအလွန်ကို ရှားပါးပါတယ် . . . ” ဆိုပြီး Clark ရဲ့ Band ဖြစ်တဲ့ Dreadwolfband ရဲ့ Instagram မှာ တင်ထားပါတယ်။ Clark နဲ့ Jack တို့ဟာ နှစ်ယောက်အတူတူ ပူးပေါင်းပြီိး Music Class မှ ကျောင်းသား၊  ကျောင်းသူတွေကို Music Band အဖြစ် ပြောင်းလဲခဲ့တဲ့ “ School of Rock ” ရုပ်ရှင်ကို ဖန်တီးခဲ့ကြပါတယ်။

- Advertisement -

Clark မှာ ဒရမ်ကို ကောင်းကောင်းမွန်မွန် တီးခတ်တတ်သူဖြစ်ပြီး “ School of Rock ” အပြင် အခြားရုပ်ရှင်တွေမှာမှာ ပါဝင်သရုပ်ဆောင်ခဲ့ခြင်းမရှိဘဲ Dreadwolf ဆိုတဲ့ Band ကိုထောင်ကာ သူဝါသနာပါတဲ့ ဂီတအနုပညာကို ဆက်လက်လုပ်ကိုင်နေခဲ့ပါတယ် . . .

- Advertisement -

 

#ST (1209Soshwe)

- Advertisement -

Must Read