HomeEntertainmentAmber Heard အနေနဲ့ Aquaman မှာ သရုပ်ဆောင်ဖို့ စဉ်းစားခဲ့ရတဲ့ အဓိကအကြောင်းရင်း။

Amber Heard အနေနဲ့ Aquaman မှာ သရုပ်ဆောင်ဖို့ စဉ်းစားခဲ့ရတဲ့ အဓိကအကြောင်းရင်း။

- Advertisement -

“ Superhero ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်တယ်ဆိုတာဟာ အရမ်းတာဝန်ကြီးပါတယ်။  နောက်ပြီး အရမ်းကို ဖိအားတွေများပြားပြီး ဝေဖန်တိုက်ခိုက်မှုတွေလည်း များပါတယ် . . . ” ဆိုပြီး Captain America ဖြစ်တဲ့ Chris Evans က ပြောပြခဲ့ဖူးပါတယ်။

ဒါ့ကြောင့် Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ DC အဖွဲ့သားတွေဟာ ပထမဦးဆုံးအကြိမ်အဖြစ် Amber ဆီသို့သွားရောက်၍ Justice League နဲ့ Aquaman တို့မှာ “ Mera ” အဖြစ် ပါဝင်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့စဉ်အခါက အလွန်ပဲ ထိတ်လန့်တုန်လှုပ်ခဲ့ရခြင်းဖြစ်ပါတယ်။ “ သူတို့အနေနဲ့ ဘာကြောင့် ကျွန်မကို ကမ်းလှမ်းလဲဆိုတာ မသိဘူး။ နောက်ပြီးတော့ ဒီလိုကမ်းလှမ်းတယ်ဆိုတာကလည်း သေသေချာချာစီစဉ်ပြီးမှ ကမ်းလှမ်းလာတာပဲဖြစ်တယ် ” ဆိုပြီး Amber က EW Magazine သို့ ပြောပြခဲ့ပါတယ်။

- Advertisement -

Amber အနေနဲ့ Mera ဆိုတဲ့ ဇာတ်ကောင်ကို လုံးဝမသိသောကြောင့် သူမအနေနဲ့ Atlantis ရဲ့ ဘုရင်မလည်းဖြစ်သလို Aquaman ရဲ့ ဇနီးလည်းဖြစ်တဲ့ Mira ဆိုတဲ့ ဇာတ်ကောင်ကို သိရှိဖို့အတွက် Comic စာအုပ်တွေကို ဖတ်ခဲ့ရပါတယ်။

- Advertisement -

 

- Advertisement -

#ST (Soshwe)

- Advertisement -

Must Read