၁။ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်မယ့် ပန်းသီးနဲ့ ရက်စ်ဘယ်ရီသီး။
လေ့လာတွေ့ရှိမှုတစ်ခုအရ ရက်စ်ဘယ်ရီသီး၊ သလဲသီး၊ သစ်ကြားသီးနဲ့ ချဉ်တဲ့အသီးတွေမှာပါတဲ့ Antioxidant ellagic acid ဟာ ပန်းသီး၊ စပျစ်သီးနဲ့ ကြက်သွန်နီတို့မှာပါတဲ့ antioxidant တစ်မျိုးဖြစ်တဲ့ Quercetin ကို မြင့်တက်စေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို သေစေနိုင်ပါတယ်။
၂။ တစ်နေ့လုံးအတွက် လိုအပ်တဲ့အားအင်ကို ပြည့်ဝစေဖို့အတွက် ကြက်သွန်နီနဲ့ ကုလားပဲ။
၂၀၁၀ ခုနှစ်က လေ့လာတွေ့ရှိမှုတစ်ခုအရ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်မြိတ်တို့မှာပါတဲ့ Sulphur Compound ဓာတ်တွေဟာ စပါး၊ ပြောင်း၊ ဂျုံနဲ့ ကုလားပဲအပါအဝင် အခြားပဲတွေမှာပါတဲ့ သံဓာတ်နဲ့ Zinc ဓာတ်တို့ကို ပိုမိုစုပ်ယူနိုင်တဲ့အတွက်ကြောင့် အားအင်ပြည့်ဝမှုကို ဖြစ်စေပါတယ်။
၃။ အသားအရေ ရောင်ကိုင်းနေတာတွေ၊ နီမြန်းနေတာတွေကို လျော့ကျေစေမယ့် တိုဟူးနဲ့ ငရုတ်သီး။
ကိုရီးယားသိပ္ပံပညာရှင်တွေဟာ တိုဟူးနဲ့ Edamame လို့ခေါ်တဲ့ ပဲသီးတွေမှာပါဝင်တဲ့ Genistein ဓာတ်တွေဟာ ငရုတ်သီးစိမ်းနဲ့ ငရုတ်ပုတောင့်တို့မှာပါဝင်တဲ့ Capsaicin ဓာတ်တို့ပေါင်းသွားတဲ့အခါမှာတော့ အသားအရေရောင််ရမ်းတာကို လျော့ကျစေနိုင်တယ်ဆိုပြီး တွေ့ရှိခဲ့ပါတယ်။
၄။ နှလုံးပိုမိုကျန်းမာစေရန်အတွက် Green Tea နဲ့ သံပုရာရည်။
Catechin လို့ခေါ်တဲ့ Antioxidant တစ်မျိုးကို Green Tea မှာ တွေ့ရှိရပါတယ်။ အရွယ်ရောက်ပြီးသား ဂျပန်လူမျိုး (၄၀၀၀၀) ကျော်ကို စူစမ်းလေ့လာပြီးနောက် တစ်ရက်ကို အနည်းဆုံး Green Tea တစ်ခွက်သောက်တဲ့သူတွေဟာ မသောက်တဲ့သူတွေထက် နှလုံးသွေးကြောနဲ့ပက်သက်တဲ့ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျစေပါတယ်။ Purdue University ရဲ့ လေ့လာတွေ့ရှိချက်အရ သံပုရာသီး၊ ရှောက်သီးနဲ့ စပျစ်သီးတို့မှာပါတဲ့ အချဉ်ဓာတ်ကို Green Tea ထဲမှာ ထည့်ပြီးသောက်သုံးမယ်ဆိုရင် နှလုံးကို ပိုမိုကျန်းမာစေကြောင်း တွေ့ရှိရပါတယ်။
၅။ Gym ကစားပြီးနောက် အားအင်ပြည့်ဝပြီး ပြန်လည် လန်းဆန်းလာစေရန် တွဲဖက်စားသုံးသင့်တဲ့ ဒိန်ချဉ်နဲ့ ငှက်ပျောသီး။
အားကစားပြင်းပြင်းထန်ထန်ပြုလုပ်ခြင်းက ခန္ဓာကိုယ်ထဲရှိ သကြားဓာတ်ကို ဆုံးရှုံးစေနိုင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေအနေနဲ့ ရှောင်ရှားသင့်ပါတယ်။ ထို့ကြောင့် ကာဗွန်ဟိုက်ဒရိတ်ဓာတ်တွေပါဝင်တဲ့ ငှက်ပျောသီးနဲ့ ပရိုတင်းဓာတ်ပါဝင်တဲ့ ဒိန်ချဉ်ကို တွဲဖက်စားသုံးပါက ဆုံးရှုံးသွားတဲ့သကြားဓာတ်တွေကို ပြန်လည်ဖြည့်ပေးတဲ့အတွက်ကြောင့် ပြန်လည် လန်းဆန်းလာစေပါတယ်။
<Unicode Version>
ကျန်းမာရေးအတွက် တွဲဖက်စားသုံးသင့်သော အစားအစာများ။
၃။ အသားအရေ ရောင်ကိုင်းနေတာတွေ၊ နီမြန်းနေတာတွေကို လျော့ကျစေမယ့် တိုဟူးနဲ့ ငရုတ်သီး။
ကိုရီးယားသိပ္ပံပညာရှင်တွေဟာ တိုဟူးနဲ့ Edamame လို့ခေါ်တဲ့ ပဲသီးတွေမှာပါဝင်တဲ့ Genistein ဓာတ်တွေဟာ ငရုတ်သီးစိမ်းနဲ့ ငရုတ်ပုတောင့်တို့မှာပါဝင်တဲ့ Capsaicin ဓာတ်တို့ပေါင်းသွားတဲ့အခါမှာတော့ အသားအရေရောင်ရမ်းတာကို လျော့ကျစေနိုင်တယ်ဆိုပြီး တွေ့ရှိခဲ့ပါတယ်။
<Zawgyi Version>
#soshwehealthandbeauty
#soshweforyourdailylife
#likeandshare