Breaking News
Marvel ဇာတ်ကောင်များကို ဖန်တီးခဲ့တဲ့ Stan Lee ရဲ့ ဖြောင့်မတ်မှု၊ ရဲရင့်မှုကို ဖော်ပြနေသော စကားစုများ။
Marvel Comic ရဲ့ အကြီးအကဲလည်းဖြစ်သလို အခုလက်ရှိ လူကြိုက်များတဲ့ Marvel Hero တွေဖြစ်တဲ့ Spider-Man, The Hulk နဲ့ Fantastic Four ဇာတ်ကောင်တွေကို ပူးတွဲဖန်တီးခဲ့တဲ့ Stan Lee ဟာ နိုဝင်ဘာ ၁၂၊ ၂၀၁၈ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါတယ်။ Lee ရဲ့ စိတ်ကူးညဏ်ကွန့်မြူးပုံ၊ အလုပ်ကို ကြိုးစားလုပ်ကိုင်ပုံနဲ့ သူရဲကောင်းတစ်ယောက်ကဲ့သို့ ရဲရင့်ပြတ်သားပုံတို့ကို ဖော်ပြနေတဲ့ စကားစုအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လူတွေဟာ Superhero တွေကို ဘာလို့ ကြိုက်ကြရတာလဲ ? ? ?
“ Superhero တွေကို လူတွေ ဘာလို့ကြိုက်ကြရတာလဲဆိုတာနဲ့ပက်သက်ပြီး ကျွန်တော့်ရဲ့ လေ့လာမှုအရတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဇာတ်လမ်း၊ ပုံပြင်တွေကို နားထောင်ရတာ ကြိုက်နှစ်သက်ကြတယ်။ စိတ်ကူးယဉ်ဆန်တဲ့ အကောင်ကြီးကြီး ဘီလူးတွေ၊ စုန်းမတွေ၊ လူပုကလေးတွေ၊ ဒိုင်နို်ဆောတွေနဲ့ နဂါးတွေဆိုတာ ငယ်စဉ်အခါက ကျွန်တော်တို့အားလုံး ကြိုက်နှစ်သက်ခဲ့ကြတဲ့ ပုံပြင်တွေထဲမှာပါတဲ့ ဇာတ်ကောင်တွေပဲဖြစ်တယ်။ ကျွန်တာ်တို့ တဖြည်းဖြည်းနဲ့ အသက်တွေကြီးလာတဲ့အခါမှာတော့ ဒဏ္ဍာရီဆန်တဲ့ ပုံပြင်၊ ဇာတ်လမ်းတွေကိုတော့ ဆက်မဖတ်ဖြစ်တော့ပေမယ့်လည်း သူတို့ကို ကြိုက်နှစ်သက်တဲ့စိတ်ကတော့ လုံးဝ ပျောက်သွားတာမျိုးတော့ မဟုတ်ပါဘူး . . . ” ဆိုပြီး Stan Lee မှ သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြခဲ့ပါတယ်။ Lee ဟာ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်း (၄၀) ကျော်မှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။
၂။ မိမိရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အရေးကြီးပုံ။
“ ကျွန်တော်ငယ်ငယ်တုန်းက ကိုယ့်ကိုကိုယ် သိမ်ငယ်သလို ခံစားခဲ့ရဖူးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် Comic Book တွေကို ရေးနေတဲ့အချိန်မှာ အခြားသူတွေက ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ ဖြစ်နေကြလို့ပါပဲ။ အဲ့နောက်မှာပဲ ကျွန်တော်သတိထားမိလာတာ တစ်ခုကတော့ လူတိုင်းရဲ့ဘဝမှာ Entertainment ဆိုတာ အရေးကြီးတယ်ဆိုတာပါပဲ။ လူတွေရဲ့ နေ့စဉ်ဘဝမှာ Entertainment ဆိုတာမရှိဘူးဆိုရင် သူတို့ရဲ့ဘဝတွေမှာ အဓိပ္ပာယ်မဲ့နေသလိုဖြစ်ပြီး ပျော်ရွှင်မှုရှိမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် လူတွေကို စိတ်အပန်းဖြေနိုင်အောင် လုပ်နိုင်တယ်ဆိုရင် အဲ့ဒါဟာ ကောင်းတဲ့အလုပ်ပဲဆိုပြီး ကျွန်တော် စတင် ခံစားလာခဲ့ပါတယ် . . . ”
၃။ ပြီးပြည့်စုံမှုမရှိတဲ့ ဇာတ်ကောင်များကို ဖန်တီးခြင်း။
“ ကျွန်တော်ဖန်တီးခဲ့တဲ့ ဇာတ်ကောင်တိုင်းဟာ ပြီးပြည့်စုံမှု မရှိပါဘူး။ သူတို့တွေမှာ Superpower တွေရှိကျတာမှန်ပေမယ့်လည်း Superpower ရှိတိုင်း ဘဝမှာပဲဖြစ်စေ၊ အချစ်ရေးမှာပဲဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ အခြား ငွေရေးကြေးရေးပြသာနာတွေကို ဖြေရှင်းနိုင်ကြတာ မဟုတ်ပါဘူး။ တကယ်လို့ သင့်မှာလည်း Superpower ရှိခဲ့မယ်ဆိုရင်လည်း သင့်အနေနဲ့ ပြသနာတိုင်းကို အကောင်းဆုံး ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော့်အနေနဲ့ Superpower ရှိသော်ငြားလည်း ပြီးပြည့်စုံမှုမရှိတဲ့ လူသားဇာတ်ကောင်တွေကို ဖန်တီးဖို့ ကြိုးစားခဲ့ခြင်းပဲဖြစ်ပါတယ် . . . ”
၄။ မိမိရဲ့ဖန်တီးမှုကို အားပေးတဲ့ ပရိသတ်တိုင်းကို အသိအမှတ်ပြုပေးခြင်း။
“ သင့်ရဲ့ လုပ်ဆောင်မှုကို ကြိုက်နှစ်သက်သူတွေ ရှိကောင်းရှိလိမ့်မယ်။ အဲ့လိုလူတွေဟာ တဖြည်းဖြည်းနဲ့ သင့်ကိုပါ ကြိုက်နှစ်သက်လာပြီး သင်နဲ့အတူတူ ဓာတ်ပုံရိုက်ချင်တာမျိုးတွေ၊ သင့်ရဲ့ လက်မှတ်ပါတဲ့ စာအုပ်ကို လိုချင်တာမျိုးတွေ စတာတွေဟာ အလွန်တရာမှ စိတ်ကျေနပ်ဖို့ ကောင်းပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လည်း သင့်ကိုအားပေးတဲ့ လူတိုင်းကို အသိအမှတ်ပြုပေးရပါမယ် . . . ”
၅။ စာဖတ်ခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူး။
“ စာများများဖတ်မယ်ဆိုရင် ထိုစာအုပ်ထဲက အကြောင်းအရာတွေကို ပြန်လည်ပြောပြရာမှာ ပိုမိုကောင်းမွန်လာပါလိမ့်မယ် . . . ”
၆။ စိတ်ကူးယဉ်အိပ်မက်တွေကို လက်တွေဘဝသို့ ယူဆောင်လာနိုင်ခြင်း။
“ ဘာလို့ Comic စာအုပ်တွေကို ဖတ်ရမှာလဲဆိုပြီး တစ်ချို့လူတွေက မေးကောင်းမေးနိုင်လိမ့်မယ်။ အဲ့ဒါဟာ သင့်ရဲ့စိတ်ကူးတွေကို လက်တွေ့ဖန်တီးရာမှာ ဖိနှိပ်သလို ခံစားရလိမ့်မယ်။ တကယ်လို့ သင့်အနေနဲ့ ဝတ္ထုတစ်အုပ်ဖတ်မယ်ဆိုရင် အဲ့ဒီဝတ္ထုထဲမှာ ပါဝင်သူတွေက ဘယ်လိုလဲဆိုတာ သင်စဉ်းစားနေမှာပဲ။ တကယ်လို့ သင်သာ Shakespeare ရဲ့ အကြောင်းကို ဖတ်ပြီးလျှင် သင့်အနေနဲ့ သူ့ကို တကယ့်စင်ပေါ်မှာ တွေ့ချင်စိတ်တွေ ဖြစ်ပေါ်လာပါလိမ့်မယ် . . . ”
၇။ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှုတွေကနေတစ်ဆင့် ပိုမိုကောင်းမွန်လာအောင် ပြုလုပ်ခြင်း။
“ အမေရိကန်ဟာ မတူညီတဲ့ လူမျိုးစုတွေ၊ မတူညီတဲ့ ယုံကြည်ကိုးကွယ်မှုတွေနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့အားလုံးဟာ ဒီကမ္ဘာကြီးပေါ်မှာ အတူတကွနေထိုင်ကြသူတွေဖြစ်တဲ့အတွက် အချင်းချင်းရိုင်းပင်းကူညီပြီး လေးလေးစားစား ဆက်ဆံဖို့ကလည်း အရေးကြီးပါတယ်. . . ”
၈။ အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ခုပဲဖြစ်ခြင်း။
“ ကျွန်တော့်ရဲ့အလုပ်မှာ ပျော်နေသမျှကာလပတ်လုံး အနားယူဖို့ စိတ်ကူးမရှိပါဘူး . . . ” ဆိုပြီး Lee ဟာ ၂၀၀၆ ခုနှစ်၊ သူ့ရဲ့အသက် (၈၀) အရွယ်မှာ ပြောကြားခဲ့ပါတယ်။ ထိုသို့ပြောပုံကိုကြည့်ချင်းအားဖြင့် အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ခုသာ ဖြစ်တယ်ဆိုတာကို ယုကြည်လက်ခံထားသူတစ်ယောက် ဖြစ်တယ်ဆိုတာ သိရှိနိုုင်ပါတယ်။
၉။ တကယ့် Superhero ဆိုတာ ဘာလဲ ? ? ?
“ Hero ဆိုတာကို အဓိပ္ပာယ်ဖွင့််ဆိုရမယ်ဆိုရင် မိမိအတွက် အကျိုးမရှိသော်လည်း အခြားလူတွေရဲ့ဘဝ ပိုမိုကောင်းမွန်လာအောင် ကူညီဆောင်ရွက်ပေးသူပဲ ဖြစ်ပါတယ်။ ဒီလိုပဲ တကယ့် Superhero ဆိုတာကလည်း အခြားသူတွေရဲ့အကျိုးကို သူလုပ်သင့်လုပ်ထိုက်တယ်ဆိုတဲ့ ခံယူချက်နဲ့ နောင်တမရဘဲ ကူညီဆောင်ရွက်ပေးနေသူတွေပဲ ဖြစ်ပါတယ် . . . ”
<Unicode Version>
<Zawgyi Version>
#ST (Soshwe)
#soshwelifestyle
#soshweforyourdailylife
#likeandshare
About admin
Check Also
သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။
Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro