အမေရိကန်သမ္မတကတော်ဟောင်း Michelle Obama ဟာ Oprah Winfrey နဲ့ အတူ Hearst Tower မှာ တွေ့ဆုံပွဲလေးတစ်ခု ဖန်တီးကာ ကျောင်းသူတစ်ချို့ကို အံ့အားသင့်အောင် ပြုလုပ်ခဲ့ပါတယ်။
New York ရဲ့ မတူညီတဲ့ ကျောင်းပေါင်းစုံကနေ ရွေးချယ်ထားတဲ့ ကျောင်းသူ အယောက် (1209၃၀) ဟာ Research တစ်ခုပြုလုပ်ရန်အတွက် Hearst Tower သို့ ဖိတ်ကြားခံခဲ့ရပါတယ်။ ကျောင်းသူလေးများက Michelle နဲ့ Oprah တို့ရဲ့ ဆွေးနွေးနေတဲ့ Video ကို ကြည့်ရှုပြီးနောက် အချင်းချင်း အပြန်အလှန် ဆွေးနွေးနေစဉ်မှာပဲ Michelle နဲ့ Oprah က ကျောင်းသူလေးများရှိရာအခန်းသို့ ရောက်ရှိလာကာ Surprise လုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ထို့နောက် ကျောင်းသူလေးများနဲ့အတူတူ ဆွေးနွေးပွဲလေး လုပ်ခဲ့ကြပြီး သူတို့သိလိုတဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
Michelle နဲ့ Oprah တို့ရဲ့ Surprise လုပ်မှုကြောင့် ကျောင်းသူလေးအချို့မှာ မျက်ရည်ကျလောက်တဲ့အထိ ပျော်ရွှင် ကျေနပ် ဝမ်းသာခဲ့ကြရပါတယ်။
#ST (1209Soshwe)