HomeEntertainmentToy Story 4 ရဲ့ ပထမဦးဆုံး Trailer ကို ထုတ်လွှင့်ခဲ့ပြီး ဇာတ်ကောင်အသစ်ကို မိတ်ဆက်ခဲ့။

Toy Story 4 ရဲ့ ပထမဦးဆုံး Trailer ကို ထုတ်လွှင့်ခဲ့ပြီး ဇာတ်ကောင်အသစ်ကို မိတ်ဆက်ခဲ့။

- Advertisement -

Toy Story 4 ရဲ့ ပထမဆုံး Trailer ဟာ ထွက်ရှိလာခဲ့ပြီး အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ Tom Hank အသံသရုပ်ဆောင်ထားတဲ့ Woody နဲ့ Tim Allen ရဲ့ Buzz Lightyear တို့ ဦးဆောင်ပြီး အခြားဇာတ်ကောင်တွေဖြစ်တဲ့ Mr. & Mrs. Potato Head, Jessie, Rex the dinosaur, Hamm, An Alien နဲ့ Stinky Dog တို့အားလုံး ပြန်ပါဝင်လာခဲ့ပါတယ်။ Trailer စစချင်းမှာပဲ သူတို့ အားလုံးဟာ အချင်းချင်း လက်တွေကိုင်ထားကြပြီး “ Both Saide Now ” ဆိုတဲ့ သီချင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကခုန်နေတာကို  တွေ့မြင်ရပါလိမ့်မယ်။

အသစ်ထည့်သွင်းထားတဲ့ ဇာတ်ကောင်ကိုတော့ “ Forky ” လို့ နာမည်ပေးထားကာ “ I don’t belong here ” ဆိုပြီး ကခုန်နေရာကနေ ထွက်ပြေးသွားလို့ အကုန်လုံး ဖရိုဖရဲ ဖြစ်သွားတာကို Trailer ထဲမှာ မြင်တွေ့ရမှာပါ။ ရုပ်ရှင်ကိုတော့ နောက်နှစ် နွေရာသီလောက်မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

- Advertisement -

 

- Advertisement -

#ST (1209Soshwe)

- Advertisement -

Must Read