Breaking News
ကလေးငယ်တွေမှာ တုပ်ကွေးရောဂါ မချိန်မရွေးဖြစ်ပွားနိုင်။
တုပ်ကွေးရဲ့ အဓိက ရောဂါလက္ခဏာတွေကတော့ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယို နှာစေးခြင်း၊ ခန္ဓာကိုယ်ကြွက်သားတွေ ကိုက်ခဲနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ အခြား ရောဂါလက္ခဏာတွေဖြစ်တဲ့ မအီမသာဖြစ်ပြီး အော့အန်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းတွေကတော့ အရွယ်ရောက်ပြီးသားသူတွေထက် ကလေးငယ်လေးတွေမှာ အဖြစ်များပါတယ်။ တကယ်လို့ သင့်ရဲ့ကလေးကသာ အပူချိ်န်တက်ပြီး အဖျားကြီးနေတယ်ဆိုရင်တော့ ဆရာဝန်ဆီ အမြန်ဆုံး ခေါ်သွားသင့်ပါတယ်။
ကလေးငယ်တွေဟာ အဖျားအလွယ်တကူ ကူးစက်လွယ်တာကြောင့် မိဘတွေအနေနဲ့ အထူးဂရုစိုက်ရပါမယ်။ များသောအားဖြင့် အေးတဲ့ရာသီဥတုမှာ အဖြစ်များပြီး အနည်းဆုံး (၇) ရက်နေ (၁၀) ရက်အထိ ကြာတတ်ပါတယ်။ တစ်ခါတစ်လေမှာတော့ နှစ်ပတ်လောက်အထိ ကြာတတ်ပြီး ရောဂါသက်သာသွားတယ်ဆိုရင်တောင်မှ လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေ ကျန်နေတတ်ခဲ့ပါတယ်။ တကယ်လို့ သင့်ကလေးငယ်လေးတွေရဲ့ ခန္ဓာကိုယ်မှာ အနီစက်တွေ ပေါ်လာခဲ့မယ်ဆိုရင် ချက်ချင်းပဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ခေါ်ဆောင်သွားသင့်ပါတယ်။ အခြားရောဂါလက္ခဏာတွေဖြစ်တဲ့ အသက်ရှူကြပ်ခြင်း၊ အသားအရည် အနည်းငယ် ပြာနှမ်းလာခြင်း၊ ရေဓာတ်ခမ်းခြောက်၍ ချွေးစေးထွက်နေခြင်း၊ အလွန်အမင်း မောပန်းနွမ်းနယ်နေခြင်း၊ စိတ်အလိုမကျဖြစ်နေခြင်း၊ အရေပြားပေါ်မှာ အဖုအပိန့်တွေထွက်ပေါ်လာခြင်းနဲ့ ခန္ဓာကိုယ်ပေါ်မှာ အကျိတ်ထွက်ပေါ်လာခြင်းတွေပဲ ဖြစ်ပါတယ်။
#ST (Soshwe)
#ST (Soshwe)
About admin
Check Also
ဒူးရင်းသီးကြိုက်နှစ်သက်သူတွေအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ။
အခုလက်ရှိအချိန်မှာတော့ ကျနော်တို့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ခေတ်အစားဆုံးကတော့ ရာသီပေါ်ဒူးရင်းသီးပဲ ဖြစ်ပါတယ်။ ဒူးရင်းသီးဟာ ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသတွေအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာတို့မှာ …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro