စုံတွဲတိုင်းမှာ ကွဲပြားခြားနားမှုတွေရှိကြသလို လူတစ်ဦး တစ်ယောက်ချင်းစီကလည်း စိတ်သဘောထားချင်း မတူနိုင်ပါဘူး။ အခြားစုံတွဲတွေ အဆင်ပြေနေကြတဲ့နည်းလမ်းတွေဟာ သင့်အတွက် အဆင်ပြေချင်မှ ပြေနိုင်လိမ့်မယ်။ ဒါပေမယ့်လည်း Relationship တစ်ခုမှာ အရေးကြီးဆုံးအချက်ကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိဖို့ပဲ ဖြစ်ပါတယ်။
၁။ သင့်ရဲ့ ချစ်သူ၊ ရည်စားဟာ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါမျိုးတွေမှာ စိုးရိမ်ပူပန်မှု မရှိခြင်း။
၂။ လက်ကိုင်ဖုန်းကို စစ်ဆေးစရာမလိုခြင်း။
၃။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီထောက်ပံ့ပေးခြင်း။
၎။ အမှားသေးသေးလေးတွေကအစ ဗွေမယူခြင်း။
၅။ တစ်ဦးအပေါ်တစ်ဦး ပြုလုပ်ပေးတဲ့ ကောင်းမွန်တဲ့ ကိစ္စရပ်တိုင်းကို အသိအမှတ်ပြုပေးခြင်း။
၆။ တကယ်လို့ ပြသာနာတစ်ခုခုဖြစ်ခဲ့ရင်တောင် နားလည်မှုအပြည့်နဲ့ ဖြေရှင်းခြင်း။
၇။ တစ်ဦးနဲ့တစ်ဦး အချိန်ပေးနိုင်ခြင်း။
၈။ တစ်ဦးနဲ့တစ်ဦး ရယ်မောအောင် ပြုလုပ်ပေးနိုင်ခြင်း။
၉။ လိင်ပိုင်းဆိုင်ရာ ကာမစပ်ယှက်ခြင်းမှာလည်း စွမ်းဆောင်နိုင်ခြင်း။
၁၀။ လိုအပ်တဲ့အချိန်တိုင်း အနားမှာ ရှိပေးနိုင်ခြင်း။

#ST (1209Soshwe)