၁။ Usher
အမေရိကန်အဆိုတော် Usher ဟာ သူ့ရဲ့ Goldennoodle အမျိုးအစား ခွေးမလေး Scarlet နဲ့ သူ့ရဲ့ အားလပ်ချိန်တွေကို ကုန်ဆုံးလေ့ရှိပါတယ်။ သူ့ရဲ့ခွေးမလေးဟာ သူတို့သားအဖရဲ့ ချစ်ခြင်းမေတ္တာကို ပိုမို ပြည့်စုံစေပါတယ်ဆိုပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
၂။ Joe Jonas
Joe Jonas ဟာ ဆိုရင်တော့ Porky နဲ့ Waldo ဆိုတဲ့ Alaskan အမျိုးအစား ခွေးလေးနှစ်ကောင် ပိုင်ဆိုင်ပါတယ်။ Joe ဟာ သူ့ဇနီးလောင်း Sophie Turner ၊ သူ့ရဲ့ Band ဖြစ်တဲ့ DNCE အဖွဲ့သားတွေနဲ့အတူတူ သူ့ရဲ့ခွေးလေးတွေပါခေါ်ပြီး ခရီးသွားလေ့ရှိပါတယ်။
၃။ Jeff Goldblum
Jeff မှာတော့ woody လို့ခေါ်တဲ့ Poodle အမျိုးအစား ခွေးလေးတစ်ကောင်ရှိပါတယ်။ Jeff ဟာ Isle of Dogs ကားထဲက ခွေးလေးတွေအသံလိုမျိုး လုပ်လိုက်မယ်ဆိုရင် သူ့ခွေးလေးက သူ့နားသို့ ရောက်ရှိလာပါတယ်။
#ST