Breaking News

အမေရိကန် Rap အဆိုတော် Travis Scott ရဲ့ ပိုင်ဆိုင်မှုငွေဟာ အရင်နှစ်ကထက် ပိုမိုများပြားလာ။

Travis Scott မှာ ပိုင်ဆိုင်မှုငွေ ဘယ်လောက်ရှိလဲဆိုတာ သင်သိပါသလား ? ? ? ဒါပေမယ့်လည်း သူ့ချစ်သူ billionaire ဖြစ်တဲ့ Kyile Jenner ကိုတော့ မမှီသေးပါဘူး။ သူ့ရဲ့ Album အသစ်ဖြစ်တဲ့ Astroworld ကလည်း သူ ပိုမိုကြွယ်ဝလာတဲ့ အဓိက အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။

Travis ရဲ့ ၂၀၁၅ မှာ ထွက်ရှိခဲ့တဲ့ Album တစ်ခုဖြစ်တဲ့ Rodeo ဟာလည်း အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် Travis ဟာ Album တစ်ခုအတွက် ဒေါ်လာ 15 Million လောက် အနည်းဆုံးရရှိနိုင်လိမ့်မယ်ဆိုတာ အံ့အားသင့်စရာ မလိုပါဘူး။ အဲ့ဒါတွေတင်မကပဲ သူဟာ လက်ရှိ အောင်မြင်ကျော်ကြားနေတဲ့ အဆိုတ်ာတွေဖြစ်တဲ့ Kanye West, Rihanna, John Legend နဲ့ Drake တို့ရဲ့ သီချင်းအချို့ကိုလည်း Producer တစ်ယောက်အနေနဲ့ လုပ်ခဲ့ပါသေးတယ်။

သူ့ရဲ့ Album အသစ် Astroworld ရဲ့ Tour Sales ဟာ ထင်သလောက် မအောင်မြင်ခဲ့သော်လည်း Retail အရောင်းပိုင်းမှာတော့ အတိုင်းထက်အလွန် ရောင်းအားကောင်းခဲ့ပါတယ်။ ဒါ့အပြင် Kylie Jenner မှလည်း သူမရဲ့ ချစ်သူဖြစ်တဲ့ Travis ရဲ့ Album အသစ် ရောင်းအားကောင်းဖို့အတွက် Astroworld Lip Kit ဆိုတဲ့ နှုတ်ခမ်းနီအသစ်ထုတ်ပြီး အထောက်အပံ့ပေးခဲ့ပါတယ်။  နှုတ်ခမ်းနီရောင်းချလို့ရတဲ့ အမြတ်ငွေကိုတော့ ဘယ်လိုခွဲမလဲဆိုတာ အတိအကျ မသိနိုင်ပါဘူး။ သေချာတာကတော့ Kylie ရဲ့ Cosmetic လုပ်ငန်းဟာ Billion Dollar တန်ဖြစ်တဲ့အတွက်ကြောင့် သူမအနေနဲ့ အမြတ်ငွေပိုရမှာ ကျိန်းသေပါတယ်။ Travis အနေနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း  Nike နဲ့ပူးပေါင်းပြီး ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ Celebrity Net Worth ရဲ့ စစ်တမ်းအရ Travis ဟာ ၂၀၁၇ စက်တင်ဘာကနေ ၂၀၁၈ စက်တင်ဘာလအတွင်း ဝင်ငွေ 22 Million အထိ ရှိခဲ့ပါတယ်။

 

#ST

About admin

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro