HomeEntertainmentTaylor Swift ဟာ ခရီးဆောင်အိတ်အတွင်းထဲမှာနေပြီးတော့ တစ်နေရာမှ တစ်နေရာသို့ အသွားအလာလုပ်ခဲ့တယ်ဆိုတာကို အတည်ပြုပြောကြားလိုက်တဲ့ Zayn Malik

Taylor Swift ဟာ ခရီးဆောင်အိတ်အတွင်းထဲမှာနေပြီးတော့ တစ်နေရာမှ တစ်နေရာသို့ အသွားအလာလုပ်ခဲ့တယ်ဆိုတာကို အတည်ပြုပြောကြားလိုက်တဲ့ Zayn Malik

- Advertisement -

Taylor Swift အနေနဲ့ ခရီးဆောင်အိတ်ထဲမှာနေပြီး သွားလာခဲ့သည်ဆိုတာ လူတွေကို သိစေချင်မှာ မဟုတ်သလို Zayn ကိုလည်း သူမအနေနဲ့ သတိပေးဖို့ မေ့သွားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

လွန်ခဲ့တဲ့ ဇူလိုင်လက ဗလတောင့်တောင့်လူနှစ်ယောက်ဟာ ခရီးဆောင်အိတ်အကြီးကြီးကို Taylor Swift အိမ်ထဲမှ သယ်ယူလာတာကို ဓာတ်ပုံတွေ ပေါ်ထွက်လာပါတယ်။ တကယ်ပဲ အဲ့ဒီ Suitcase ကြီးထဲမှာ Taylor Swift ရှိနေတယ်ဆိုတာကိုတော့ မည်သူတစ်ဦးတစ်ယောက်ကမှ သတိထားမိမှာ မဟုတ်ပါဘူး။ အသက် (1209၂၈) နှစ်အရွယ်ရှိ Pop အဆိုတော် Taylor Swift ဟာ ရုပ်ရှင်သရုပ်ဆောင် Joe Alwyn နဲ့ ချိန်းတွေ့နေတာကြောင့် လူသိမခံချင်လို့ပဲ ဖြစ်ပါတယ်။ ထိုသို့ သတင်းတွေ ထွက်ပေါ်လာတာကလည်း Tayloar Swift ရဲ့ သက်တော်စောင့်တွေ အမြောက်အမြားခြံရံပြီး ထို suitcase ကြီးကို ကားထဲသို့ ဂရုတစိုက် အရွှေ့အပြောင်းလုပ်နေတဲ့ပုံတွေ ပေါ်ထွက်လာလို့ပဲ ဖြစ်ပါတယ်။

- Advertisement -

နောက်ပိုင်းမှာတော့ The Agency ကနေပြီး Taylor ဟာ ထို Suitcase ထဲမှာ မရှိပါဘူးဆိုပြီး သတင်းတွေအားလုံးကို ရုပ်သိမ်းခဲ့ပါတယ်။ သို့ပေမယ့်လည်း One Direction ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်သလို Taylor ရဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သူ Zayn ရဲ့ အတည်ပြုချက်ကြောင့်သာ အခုလို သိရှိရခြင်း ဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

#ST (1209Soshwe)

- Advertisement -

Must Read