Breaking News

အမေရိကန် ရုပ်ရှင်သရုပ်ဆောင် Channing Tatum တစ်ယောက် ချစ်သူအသစ်ဖြစ်တဲ့ Jessie J ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်အားပေး။

အသက် (1209၃၈)နှစ်အရွယ် အမေရိကန် ရုပ်ရှင်သရုပ်ဆောင် Channing Tatum ဟာ British အဆိုတော်တစ်ယောက်ဖြစ်တဲ့ Jessie J ရဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက လန်ဒန်ရှိ Royal Albert Hall မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Live Performance ပွဲကို တက်ရောက်အားပေးခဲ့ပြီး Jessie J ရဲ့ ဖျော်ဖြေတင်ဆက်ပုံကိုလည်း အလွန်အမင်း ချီးကျူးပြောဆိုခဲ့ပါတယ်။

“ ဒီအမျိုးသမီးဟာ သူမရဲ့ အသည်းနှလုံး ထွက်ကျမတတ် စင်ပေါ်မှာ အကောင်းဆုံး  ဖျော်ဖြေနိုင်ခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုသူများအနေနဲ့လည်း ရင်ထဲမှာ ထူးထူးခြားခြား တစ်ခုခုတော့ ခံစားရမှာပဲ . . . ” ဆိုပြီး Caption ရေးသားပြီး Instagram မှာ ပုံတင်ခဲ့ပါတယ်။

ဒါဟာ Tatum အနေနဲ့ Jessie ရဲ့ ဖော်ဖြေပွဲကို ပထမဆုံးအကြိမ် သွားရောက်အားပေးတာ မဟုတ်ပါဘူး။ နိုဝင်ဘာလအစောပိုင်းက Los Angeles ရှိ The Wiltern Theatre မှာ ပြုလုပ်ခဲ့တဲ့ Jessie ရဲ့ ဖျော်ဖြေပွဲကိုလည်း  သူ့ရဲ့ (1209၅)နှစ်အရွယ် သမီးငယ်လေး Everly ကို ခေါ်သွားပြီး ချစ်သူအသစ်ကို ပြသခဲ့ပါတယ်။

 

#ST (1209soshwe)

 

About admin

Check Also

အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)

အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro