၁။ Katy Perry & Orlando Bloom
American Idol ရဲ့ အကဲဖြတ်ဒိုင်ဖြစ်သူ Katy Perry မှ သူမရဲ့ချစ်သူ Orlando မှာ သူမကို Hiking လုပ်ခိုင်းခြင်း၊ ယောဂကျင့်ခိုင်းခြင်းနဲ့ အသီးအရွက်တွေကိုသာ စားသုံးခိုင်းခြင်း စသဖြင့် သူ့စိတ်တိုင်းကျဖြစ်အောင် အမြဲတမ်းကြိုးစားနေတတ်တယ်လို့ ပြောပြခဲ့ပါတယ်။ ဆက်ပြီးတော့ သူမကပဲ “ လူတစ်ယောက်နဲ့ တစ်ယောက်မှာ မတူညီတဲ့ ကွဲပြားခြားနားမှုတွေဆိုတာရှိတယ်။ တကယ်လို့ သင်နဲ့ အကြိုက်ချင်းမတူတဲ့သူတစ်ယောက်ကို ချစ်ခင်စုံမက်ခဲ့တယ်ဆိုရင် ဒါဟာ အယူအဆချင်း မတူညီသော်လည်း တစ်ဦးနဲ့တစ်ဦး ဆွဲဆောင်မှုရှိကြလို့ပဲ ဖြစ်တယ် . . . ” လို့ ပြောကြားခဲ့ပါတယ်။ Katy နဲ့ Orlando တို့မှာ ၂၀၁၆ ခုနှစ်ကစပြီး တွဲခုတ်ခဲ့ကြခြင်းဖြစ်ပါတယ်။
၂။ Ashton Kutcher & Mila Kunis
“ ကျွန်မနဲ့ ကျွန်မအမျိုးသားဟာ လုံးဝ ဆန့်ကျင်ဖက်ပဲ ” ဖြစ်တယ်လို့ Mila Kunis မှ Live with Kelly & Ryan ဆိုတဲ့ အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။ သူတို့ရဲ့ အိမ်ထောင်သက်ဟာ (၃)နှစ်ရှိပြီဖြစ်ပြီး “ Ashton ဟာ ကျွန်မထက်ပိုပြီး လက်တွေ့ကျကာ သဘောထားကြီးသူတစ်ယောက်ဖြစ်ပြီး ကျွန်မကတော့ ကိစ္စတော်တော်များများကို မကောင်းတဲ့ရှုထောင့်ကနေပဲ ကြည့်ရှုလေ့ရှိပါတယ်။ ဒါကတော့ Ashton နဲ့ ကျွန်မကြားက အကြီးမာဆုံးကွာခြားချက်ပဲဖြစ်တယ် . . . ” ဆိုပြီး ဆက်လက်ပြောကြားခဲ့ပါတယ်။
၃။ Alexis Ohanian & Serena William
အားကစားကို စိတ်ဝင်စားမှုလုံးဝမရှိတဲ့ Reddit ကို ပူးပေါင်းတည်ထောင်သူ Alexis Ohanian ဟာ အခုချိန်မှာတော့ ကမ္ဘာ့တင်းနစ်အကျော်အမော်တစ်ယောက်ဖြစ်တဲ့ Serena William နဲ့ စေ့စပ်ကြောင်းလမ်းထားသူ တစ်ယောက်ဖြစ်ပါတယ်။ Alexis ကတော့ “ ကျွန်တော့်အနေနဲ့ တင်းနစ်ဘက်တံကို တစ်ခါတောင် မကိုင်ဖူးပါဘူး၊ Serena နဲ့ ပထမဆုံးတွေ့ဆုံခဲ့ချိန်မှာလည်း သူ တင်းနစ်ကစားတာကို တစ်ခါတောင် မကြည့်ခဲ့ဖူးပါဘူး . . . ” လို့ Jimmy Kimmel Live အစီအစဉ်မှာ ဝန်ခံခဲ့ပါတယ်။
၄။ John Legend & Chrissy Teigen
“ ကျွန်တော်တို့နှစ်ယောက်မှာ အဓိက မတူညီတဲ့အချက်ကတော့ ကျွန်တော်က ရှက်ကြောက်တတ်သူဖြစ်ပြီး စကားနည်းကာ Chrissy ကတော့ လွတ်လွတ်လပ်လပ်နဲ့ ဖော်ဖော်ရွေရွေနေတတ်ခြင်းပဲ ဖြစ်ပါတယ် . . . ” ဆိုပြီး People Magazine နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ Legend အနေနဲ့ သူတို့ဇနီးမောင်နှံရဲ့ မတူညီတဲ့ ကွဲပြားခြားမှုတွေဟာ သူ့အတွက် အင်အားတွေဖြစ်စေခဲ့ပါတယ်။ “ သူမဟာ ကျွန်တော့်ရဲ့ ရှက်ကြောက်တတ်တဲ့စိတ်ကို ဖယ်ထုတ်ပေးနိုင်ခဲ့ပြီး ကျွန်တော့်ဘဝကို မိုမိုပြည့်စုံပြီး ပျော်ရွှင်မှုရှိအောင် ပြုလုပ်ပေးနိုင်ခဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ် . . .” ဆိုပြီး သူ့ရဲ့ခံစားချက်တွေကို ဝေမျှခဲ့ပါတယ်။
၅။ Swizz Beatz & Alicia Keys
Alicia Keys ဟာ သူမအမျိုးသားနဲ့ ခုနစ်နှစ်ကြာ လက်တွဲလာခဲ့တာတောင် ယခုအချိန်ထိ Swizz Beatz အပေါ် စိတ်ကျေနပ်မှု မရှိသေးပါဘူး။ “ အမှန်အတိုင်းပြောရမယ်ဆိုရင် သူ့ကို စိတ်ကျေနပ်မှုမရှိတဲ့ အဓိကအကြောင်းကတော့ သူဟာ အလွန်တရာမှ ကြွားဝါတတ်သူတစ်ယောက် ဖြစ်လို့ပါပဲ။ Swizz မှာ အမြန်ဆုံး ပြိုင်ကားရှိရင်ရှိမယ်၊ လက်ဝတ်ရတနာတွေ အမြောက်အမြားရှိကောင်းရှိမယ်၊ သူပိုင်ဆိုင်သမျှအကုန်လုံးဟာ အကောင်းဆုံးတွေကြီးပဲ ဖြစ်ရင် ဖြစ်နေပါလိမ့်မယ်၊ ကျွန်မအနေနဲ့တော့ သူရဲ့ ကြွားဝါးတတ်တဲ့ စိတ်ဓာတ်ကြောင့် သူ့ကို စိတ်ပျက်စရာကောင်းတယ်လို့ပဲ တွေးမိပါတယ်။ သူ ကျွန်မကို အမြဲတမ်း ပေါ်ပေါ်ထင်ထင်နေဖို့အတွက်ပြောပေမယ့် ကျွန်မကတော့ သူ့ကို သိုသိုသိပ်သိပ်နေဖို့ ပြန်သင်ပေးရမယ် . . .” ဆိုပြီး Marie Claire Magazine ကို သူမရဲ့ခံစားချက်တွေနဲ့ပက်သက်ပြီး ပြောပြခဲ့ပါတယ်။
<Unicode Version>
#ST (Soshwe)
မတူညီတဲ့ စရိုက်လက္ခဏာ၊ အယူအဆတွေရှိကြတဲ့ စုံတွဲတွေဟာ လိုက်ဖက်မှုရှိတယ်ဆိုတာကို သက်သေပြလိုက်တဲ့ ကမ္ဘာကျော်အနုပညာရှင်များ။
<Zawgyi Version>
#ST (Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare