လူအချင်းချင်း အနိုင်ကျင့် ခွဲခြားဆက်ဆံခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး ထိခိုက်နစ်နာအောင် မပြုလုပ်မိအောင် ရည်ရွယ်၍ ယခုလို သင်ရိုးညွှန်တမ်း ထုတ်ပြန်လိုက်ရခြင်း ဖြစ်ပါတယ်။
စကော့တလန်ဟာ Lesbian, Gay, Bisexual, Transgender နဲ့ Intersex စတဲ့ အကြောင်းအရာတွေကို ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာ လာမယ့် ၂၀၂၁ မှာ စတင်ထည့်သွင်းဖို့အတွက် အမိန့်ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။
“ လူတိုင်း သူတို့ ဖြစ်ချင်ကျတဲ့ စိတ်ဆန္ဒတွေ အမှန်တကယ်ဖြစ်လာစေဖို့အတွက် ကျွန်တော်တို့ရဲ့ ပညာရေးစနစ်က အထောက်အကူ ပြုပါလိမ့်မယ်။ ဒါ့ကြောင့်လည်း လူငယ်တွေကြားမှာ အချင်းချင်း ခွဲခြားဆက်ဆံခြင်းမျိုး မရှိရလေအောင် အခုလို သင်ရိုးညွှန်းတမ်း ထုတ်ပြန်ရခြင်းဖြစ်တယ် . . . ” လို့ လက်ထောက်ဝန်ကြီး John Swinney က ပြောကြားခဲ့ပါတယ်။
စကော့တလန်မှာရှိတဲ့ ၉၀ ရာခိုင်နှုန်းသော လိင်တူဆက်ဆံတာကို ကြိုက်နှစ်သက်သူတွေဟာ လိင်တူဆက်ဆံခြင်းကို အပြင်းအထန် ကန့်ကွက်ကြသူများနဲ့ တွေ့ကြုံခဲ့ကြရပြီး ထိုအထဲမှ ၂၇ ရာခိုင်နှုန်းကတော့ Suicide လုပ်ဖို့ကြိုးစားခဲ့ကြတယ်လို့ 2016 ခုနှစ် စစ်တမ်းတစ်ခုကနေ တွေ့ရှိခဲ့ရပါတယ်။
သင်ရိုးညွှန်းတမ်းမှာ ပါဝင်မယ့် အကြောင်းအရာတွေကတော့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကွဲပြားတဲ့ စိတ်နေသဘောထား၊ LGBTI ကျယ်ပြန့်လာပုံအကြောင်းနဲ့ လိင်တူချင်းချစ်ခင်စုံမက်ကြသူတွေကို ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ စတဲ့အကြောင်းအရာတွေကို ထည့်သွင်းသွားမယ်လို့ သိရပါတယ် . . .
#ST (1209Soshwe)