HomeSportအာဆင်နယ်အသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူး Danny Welbeck ဒုတိယအကြိမ် ခြေချင်းဝတ်ခွဲစိတ်မှု ပြုလုပ်။

အာဆင်နယ်အသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူး Danny Welbeck ဒုတိယအကြိမ် ခြေချင်းဝတ်ခွဲစိတ်မှု ပြုလုပ်။

- Advertisement -

အသက် (1209၂၇)နှစ်အရွယ်ရှိ အာစင်နယ် ရှေ့တန်းတိုက်စစ်မှူး Danny Welbeck ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က Sporting Lisbon နဲ့ သရေကျခဲ့တဲ့ပွဲမှာ ခြေချင်းဝတ်ထိခိုက်ဒဏ်ရာရရှိပြီး လူနာတင်ထမ်းစဉ်နဲ့ ခေါ်ထုတ်သွားခဲ့ရပါတယ်။

Welbeck ရဲ့ မန်နေဂျာဖြစ်သူ Unai Emery ကတော့ သူ့အနေနဲ့ Welbeck ဒီရာသီအတွင်း ပြန်ကောင်းလာနိုင်ပါ့မလားဆိုတာ အတိအကျမပြောနိုင်ဘူးဆိုပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

“ Welbeck အနေနဲ့ ခွဲစိတ်မှုတွေအပြီးမှာ ပြန်လည် နာလန်ထူစ ပြုလာပါပြီ၊ ဒါပေမယ့်လည်း ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိဖို့ဆိုတာကတော့ အချိန်ယူရပါဦးမယ် ” လို့ Unai မှ ဆက်လက်ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း “Welbeck ရဲ့ ခွဲစိတ်မှုနှစ်ကြိမ်လုံး အခက်အခဲမရှိ ကောင်းကောင်းမွန်မွန်ပါပဲ၊  အသင်းသားအားလုံးကလည်း သူ့ကို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပြီး ပုံမှန်အခြေအနေပြန်လည်ရောက်ရှိဖို့အတွက် အကောင်းဆုံး ပံ့ပိုးပေးလျက်ရှိပါတယ် . . . ” လို့ ပြောကြားခဲ့ပါတယ်။

- Advertisement -

Welbeck ဟာ ယခု ဘောလုံးရာသီအတွင်း အာစင်နယ်အသင်းအတွက် ပွဲပေါင်း (1209၁၄) ပွဲ ကစားပေးထားပြီး (1209၅) ဂိုး သွင်းပေးထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

 

- Advertisement -

#ST (1209Soshwe)

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

20 + 18 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...