HomeEntertainmentမိန်းကလေးငယ်တစ်ဦးရဲ့ Halloween Costume ပုံစံ အပြင်အဆင်ကို လူကြိုက်များခဲ့။

မိန်းကလေးငယ်တစ်ဦးရဲ့ Halloween Costume ပုံစံ အပြင်အဆင်ကို လူကြိုက်များခဲ့။

- Advertisement -

အသက် (1209၁၃)နှစ်အရွယ် Jillian ဆိုတဲ့ New Mexico မှ မိန်းကလေးငယ်မှာ ကမ္ဘာတစ်ဝှမ်းမှ မိခင်တွေရဲ့ ပင်ပင်ပန်းပန်း လှုပ်ရှားရုန်းကန်ရတဲ့ နေ့စဉ်ဘဝကို ဖော်ပြပေးချင်တဲ့စိတ်နဲ့ Halloween ပုံစံ ပြင်ဆင်၍ ဓာတ်ပုံရိုက်ကာ Social Media ပေါ်သို့ တင်ခဲ့ပါတယ်။

- Advertisement -

 

- Advertisement -

သူမဟာ အလုပ်များပြီး ပင်ပန်းနေတဲ့ မိခင်တစ်ယောက်ကဲ့သို့ ဝတ်စားဆင်ယင်ကာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပုံကို တွေ့မြင်ရမှာပါ။

- Advertisement -

 

လက်ထဲ၌ Starbuck ကော်ဖီတစ်ခွက်ကိုင်ကာ ကလေးငယ် အိပ်ပျော်အောင် ချော့သိပ်နေပုံ၊ ဝိုင်ပုလင်းထည့်ထားတဲ့ အိတ်တစ်အိတ်ကို လက်မှာချိတ်ကာ လက်ထဲ၌လည်း ကလေး Diaper ကိုင်ထားပြီး၊ နောက်ကလေးငယ်တစ်ယောက်မှလည်း ခြေသလုံးကိုဖက်ကာ အော်ဟစ်ငိုယိုနေတဲ့ပုံစံမျိုးဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်။

 

Jillian မှာ မွေးချင်းမောင်နှမ ကိုးယောက်ရှိပြီး သူမအခုလို ပြင်ဆင်ဖို့အတွက် Idea ကိုလည်း သူမအမေဆီကနေ ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ပြီး သူမရဲ့မိခင်ဖြစ်သူ Lindsay မှလည်း “ Jillian ဟာ မိခင်ကို ကူညီကာ သူမရဲ့ အငယ် (1209၅) ယောက်ကို ကူညီထိန်းကျောင်းပေးနေသူတစ်ယောက်ဖြစ်သောကြောင့် သူ့အနေနဲ့ ယခုခဲ့သို့ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့ရုံသာမက ယခုဖန်တီးမှုအတွက် ပြင်ဆင်မှုတိုင်းကိုလည်း အကောင်းဆုံးကြိုးစားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ် . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

 

#ST (1209Soshwe)

 

 

 

- Advertisement -

Must Read