Breaking News

သင့်အနေနဲ့ ပထမဦးဆုံးအကြိမ်အဖြစ် လေယာဉ်ဖြင့် ခရီးသွားတော့မယ်ဆိုရင် အခြေခံအားဖြင့် သိထားသင့်သည့်အချက်များ။

၁။       လေယာဉ်ပေါ်ကို သယ်ဆောင်ခွင့်မပြုသည့် ပစ္စည်းများကို သိရှိအောင် အရင် ပြုလုပ်ပါ။

တကယ်လို့ သင့်အနေနဲ့ ခရီးထွက်ဖို့ အထုပ်အပိုးပြင်တော့မယ်ဆိုရင် သင် ယူဆောင်လာမယ့် ပစ္စည်းတွေဟာ လေယာဉ်ပေါ်ကို သယ်ဆောင်ခွင့်ပြု၊ မပြု အရင်ဆုံးသိအောင် ပြုလုပ်သင့်ပါတယ်။ ထို့နောက်မှသာ အထုပ်အပိုးထည့်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

 

၂။       လေဆိပ်သို့ မသွားမီ မိမိသွားရမယ့် Terminal နံပါတ်ကို သိအောင် လုပ်ပါ။

အထူးသဖြင့် လေဆိပ်ကြီးတွေမှာဆိုရင် Terminal တွေ တစ်ခုနဲ့တစ်ခု အရမ်းဝေးကွာနေတတ်ပါတယ်။ ထို့ကြောင့် မိမိသွားရမယ့် Terminal နံပါတ်ကို ကြိုတင်သိရှိမယ်ဆိုရင် အချိန်ကုန်၊ လူပင်ပန်း သက်သာစေမှာ ဖြစ်ပါတယ်။

 

၃။       လေယာဉ်မထွက်ခွာမီ လေဆိပ်မှာ စောင့်နေရမယ့်အချိန်တွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။

မုံမှန်အားဖြင့် ပြည်တွင်းခရီးဆိုရင် (၂)နာရီ၊ ပြည်ပခရီးဆိုရင် (၃)နာရီ လေယာဉ်မထွက်မီအလျင် လေဆိပ်သို့ရောက်အောင်သွားဖို့ လိုအပ်ပါတယ်။ ထိုသို့ လေယာဉ်စောင့်ဆိုင်းနေရမယ့် အချိန်မျိုးမှာ အချိန်ကို အကျိုးရှိရှိအသုံးချနိုင်အောင် မိမိလုပ်စရာရှိသည့် ကိစ္စရပ်များအတွက် ကြိုတင် ပြင်ဆင်သွားသင့်ပါတယ်။

 

၄။       Check in လုပ်ဖို့လည်း မမေ့ပါနဲ့။

ပုံမှန်အားဖြင့် လေယာဉ်မထွက်ခွာမီ တစ်နာရီအလိုဖြစ်စေ၊ Online ကနေ အချိန်စော၍ဖြစ်စေ ကြိုတင် Check in လုပ်လို့ရပါတယ်။ မိမိထိုင်ချင်တဲ့ နေရာကို စိတ်ကြိုက် ရွေးချယ်လို့ရတာကြောင့် Check in စောစော ပြုလုပ်ဖို့ကလည်း အရေးကြီးပါတယ်။

 

၅။       အရေးကြီးပစ္စည်းများကို လက်ကိုင်အိတ်ထဲသို့ ထည့်၍ မိမိနဲ့အတူတူ သယ်ဆောင်သွားပါ။

လေယာဉ်ပေါ်သို့ ခရီးဆောင်အိတ်ကို မိမိနဲ့အတူတူ ယူဆောင်သွားလို့မရပေမယ့် လက်ကိုင်အိတ် (Hand Carry) တော့ ယူသွားလို့ရပါတယ်။ ဖုန်း၊ ပိုက်ဆံအိတ်၊ Lap Top ၊ Passport နဲ့ အခြားအရေးကြီးပစ္စည်းများကို ထိုလက်ကိုင်အိတ်ထဲသို့ ထည့်ထားလို့ရပါတယ်။

 

၆။       အပြင်မှာ ပူသည်ဖြစ်စေ၊ အေးသည်ဖြစ်စေ၊ မိမိနဲ့အတူ လေယာဉ်ပေါ်သို့ ဆွယ်တာတစ်ထည် ယူဆောင်သွားပါ။

မိမိသွားမယ့် နေရာအပေါ် မူတည်ပြီး ပြင်ပ ရာသီဥတု အပြောင်းအလဲကြောင့်ဖြစ်စေ၊ အပူချိန်အပြောင်းအလဲကြောင့်ဖြစ်စေ၊ လေယာဉ်ပေါ်တွင် အလွန်အေးနိုင်သောကြောင့် ဆွယ်တာတစ်ထည် ယူဆောင်သွားသင့်ပါတယ်။

 

၇။       ခရီးဆောင်အိတ် အများကြီး သယ်ဆောင်သွားခြင်မျိုးကို ရှောင်ကြဉ်ပါ။

လေယာဉ်ပေါ်သို့ သယ်ဆောင်လို့ရတဲ့ အလေးချိန်ပမာဏကို သတ်မှတ်ထားသောကြောင့် ယူဆောင်သွားလို့ရတဲ့ ပမာဏနဲ့ ချိန်ဆပြီး ခရီးဆောင်အိတ်ကို ပြင်ဆင်သင့်ပါတယ်။

 

၈။       ခရီးရှည်ဖြစ်ပါက သက်တောင့်သက်သာဖြစ်စေမယ့် အဝတ်အစားကိုသာ ဝတ်ဆင်ပါ။

သင့်ရဲ့ ဝတ်ပုံစားပုံနဲ့ ပက်သက်ပြီး အရမ်းကြီး မစိုးရိမ်ပါနဲ့။ အဓိကကတော့ အကြာကြီးသွားရမယ့် ခရီးရှည်တစ်ခုကို သက်တောင့်သက်သာဖြစ်အောင် သွားဖို့ကသာ အရေးကြီးပါတယ်။

 

၉။       လုံခြုံရေးအရ စစ်ဆေးခံရပြီးနောက် လေယာဉ်ထွက်ခွာမည့်နေရာတွင် စောင့်ဆိုင်းပါ။

လုံခြုံရေးအရ စစ်ဆေးခံရပြီးနောက်ပိုင်း သင့် လေယာဉ်ထွက်ခွာမည့် ဂိတ်ကို သိရှိအောင် လုပ်ပါ။ သင့်ရဲ့ Boarding Pass တွင်သာမကပဲ လေဆိပ်အတွင်းရှိ Monitor အချို့မှာလည်း လေယာဉ်ထွက်ခွာမည့် Gate ကို ဖော်ပြပေးနေပါလိမ့်မယ်။

 

၁၀။     လေယာဉ်ပေါ်တက်ကာနီးတွင် သင့်ရဲ့ ထွက်ခွာခွင့် (သို့) Passport ကို စစ်ဆေးပါလိမ့်မယ်။

သင့်ရဲ့ ထွက်ခွာခွင့် (သိို့) Passport နဲ့ အခြားသက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ဂရုစိုက်၍ လက်ကကိုင်ဆောင်သွားပါ။ တကယ်လို့ ပြည်တွင်း ခရီးစဉ်ဆိုရင်တော့ သင့်အနေနဲ့ Passport ပြစရာ မလိုပါဘူး။

 

၁၁။     လေယာဉ်စီးနေချိန်တွင် ပီကေဝါးခြင်းက သင့်ကို သက်တောင့်သက်သာ ဖြစ်နေပါလိမ့်မယ်။

လေယာဉ် ထွက်ခွာချိန်နဲ့ လေယာဉ် ဆိုက်ရောက်ချိန်တို့တွင် ရုတ်တရက်ဖြစ်ပေါ်လာသော လေထုအပြောင်းအလဲကြောင့် နားအူခြင်း၊ နားပိတ်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ဖိအားအချို့ကို လျော့ကျဖို့ဆိုရင် နှာခေါင်းကိုပိတ်ထားပြီး ပါးစပ်ဖြင့် လေကို ရှူထုတ်ပေးပါ။ နောက်တစ်နည်းအားဖြင့် ပီကေဝါးနေခြင်းကလည်း လေဖိအားအပြောင်းအလဲဒဏ်ကို သက်သာစေပါတယ်။

 

၁၂။     ပြတင်းပေါက်နဲ့ ကပ်လျက်ထိုင်ခုံမှာ ထိုင်နိုင်အောင် ကြိုးစားပါ။

တကယ်လို့ သင့်အနေနဲ့ လေယာဉ်နဲ့ ပထမဦးဆုံး ခရီးသွားဖူးတာဆိုရင် အပေါ်စီးမှ မြင်တွေ့ရမယ့် သဘာဝရှုခင်း၊ မြင်ကွင်းတွေကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ (တကယ်လို့ ပြတင်းပေါက်ဘေးမှာသာ ထိုင်မယ်ဆိုရင်ပေါ့) ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရှုခင်းတွေ၊ မြင်ကွင်းတွေကို ရိုက်ယူနိုင်ဖို့အတွက်လည်း ဖုန်းကို အဆင့်သင့်ထုတ်ထားပါ။ (Airplane Mode တော့ လုပ်ထားပေးဖို့ လိုပါတယ်နော် . . .)

 

၁၃။     လေယာဉ်ပထမဆုံးစီးဖူးတဲ့သူဆိုရင် လေယာဉ်မူးခြင်းဒုက္ခကို ကြုံတွေ့နိုင်ပါတယ်။

သင့်ရဲ့ ခရီးစဉ်ဟာ ပျင်းဖို့ကောင်းနေတယ်ဆိုရင်တောင် ချောချောမွေ့မွေ့ဖြစ်ဖို့က အရေးကြီးပါတယ်။ တကယ်လို့ သင့်အနေနဲ့ မူးဝေပြီး အော့အန်ချင်တယ်လို့ ခံစားရတယ်ဆိုရင် သင့်ထိုင်ခုံမှာ အသင့်ရှိနေတဲ့ အိတ်ကို အသုံးပြုလို့ရပြီး လေယာဉ်ပေါ်မှ တာဝန်ရှိသူတွေထံမှ  သောက်ရေကို  တောင်းလို့ရပါတယ်။ တကယ်လို့ အခြေအနေဆိုးတစ်ခုခုကြုံတွေ့ရပါက (ရာသီးဥတု ဆိုးရွားခြင်း၊ မြူနှင်းများ ဖုံးနေခြင်း) လေယာဉ်မှူးမှ ကြိုတင် သတိပေးမှာ ဖြစ်ပါတယ်။

 

၁၄။     လေယာဉ်ပေါ်ရောက်ပြီဆိုတာနဲ့ ဖုန်းကို Airplane Mode လုပ်ဖို့ မမေ့ပါနဲ့။

လေယာဉ်ပေါ်သို့မတက်မီ စာပို့ခြင်း၊ ဖုန်းပြောခြင်းနဲ့ အခြား ဖုန်းအသုံးပြု၍ လုပ်စရာရှိသည့် ကိစ္စရပ်များကို အပြီးသတ်လုပ်ဆောင်ပါ။ ဘာကြောင့်လဲဆိုတော့ လေယာဉ်ပေါ်သို့  ရောက်ပြီဆိုတာနှင့်တပြိုင်နက် သင့်ဖုန်းကို Airplane Mode လုပ်ထားရမှာ ဖြစ်ပါတယ်။

 

၁၅။     နားပိတ်တဲ့အဆို့ကိုလည်း လိုရမယ်ရ ဆောင်သွားပါ။

တကယ်လို့ သင့်အနေနဲ့ ခရီးရှည်သွားရမယ်ဆိုရင် အော်ဟစ်ငိုယိုနေတဲ့ ကလေးငယ်တွေ၊ အိပ်သည့်အခါ ဟောက်တတ်တဲ့သူတွေ လေယာဉ်ပေါ်မှာ ပါလာခဲ့မယ်ဆိုရင်တော့ သင့်အနေနဲ့ ကောင်းကောင်းမွန်မွန် အနားယူနိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် လိုရမယ်ရ နားပိတ်တဲ့အဆို့လေးကို ယူဆောင်သွားဖို့လည်း အကြံပြုပါရစေ။

 

၁၆။     သင်သွားမယ့်ခရီးစဉ်က နိုင်ငံခြားခရီးစဉ်ဖြစ်နေမယ်ဆိုရင်တော့ Special Form တစ်ချို့ကို ဖြည့်ဖို့ လိုအပ်ပါတယ်။

သင့်အနေနဲ့ နိုင်ငံခြားခရီးစဉ်သွားမယ်ဆိုရင် လေယာဉ်ပေါ်၌ တာဝန်ရှိဝန်ထမ်းများမှ သင့်ရဲ့ ခရီးစဉ်နဲ့ ပက်သက်တဲ့ Custom form အချို့ကို ပေးမှာဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့သာ ထို Form တွေကို လေယာဉ်ပေါ်မှာ မဖြည့်ဘဲ လေဆိပ်ရောက်မှ ဖြည့်မယ်ဆိုရင်တော့ ပိုမိုများပြားတဲ့ Form တွေကို ဖြည့်ရမှာ ဖြစ်ပါတယ်။

 

၁၇။     လေယာဉ်ဆိုက်ပြီးနောက် သင့်ရဲ့ ခရီးဆောင်အိတ်ကို ကိုယ်တိုင်ကိုယ်ကျ သွားယူရမှာဖြစ်ပါတယ်။

လေယာဉ်ဆိုက်ပြီး လေဆိပ်ရောက်ပြီဆိုတာနဲ့ ခရီးဆောင်အိတ်တွေကို Conveyor Belt (ခရီးဆောင်အိတ် သယ်ယူပို့ဆောင်ရေး) မှာ မိမိရဲ့ Boarding Pass ပေါ်မှာပါတဲ့ လေယာဉ် နံပါတ်နဲ့ တိုက်စစ်ပြီး ကိုယ်တိုင် သွားရွေးယူရမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ခရီးဆောင်အိတ် သယ်ယူပို့ဆောင်ရေးဟာ အချိ်န်ကြာတတ်တာကြောင့် သင့်ရဲ့ အိတ်တွေကို မတွေ့လို့ဆိုပြီး မလန့်သွားပါနဲ့။

 

၁၈။     လေယာဉ်တော်တော်များများမှာတော့ ထိုင်ခုံတိုင်းမှာ Persoanl TV Screen တွေ ပါရှိပါတယ်။

သင့်အနေနဲ့ လေယာဉ်စီးနေချိန်မှာ အပျင်းပြေ ကြည့်ရှုနားဆင်ဖို့အတွက် သီချင်းတွေ၊ ရုပ်ရှင်တွေကို Download ဆွဲသွားသင့်ပါတယ်။ သို့ပေမယ့်လည်း တစ်ချို့ လေယာဉ်တွေမှာတော့ ထိုင်ခုံတစ်ခုံချင်းစီအလိုက် Personal TV Screen တွေ ပါရှိပါတယ်။

 

၁၉။     ရေဓာတ်ပြည့်ဝအောင် နေဖို့လည်း အရေးကြီးပါတယ်။

လေယာဉ်ပေါ်၌ သဘာဝလေရရှိမှုမရှိသောကြောင့် သင့်အသားအရည်ကို ခြောက်သွေ့စေနိုင်ပါတယ်။ ထို့ကြောင့် သင့်အနေနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းမဖြစ်ရလေအောင် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

 

၂၀။     Neck Pillow ကို ယူဆောင်သွားပါ။

တကယ်လို့ သင့်အနေနဲ့ လေယာဉ်ပေါ်မှာ နာရီအတော်ကြာ စီးနင်းလိုက်ပါရမယ်ဆိုရင် သင့်အတွက် သက်တောင့်သက်သာဖြစ်စေမယ့် အရာတွေကို ယူဆောင်သွားသင့်ပါတယ်။ ခြုံစောင် တစ်ထည်၊ ခြေဖျား လက်ဖျားတွေ နွေးနွေးထွေးထွေးဖြစ်စေနိုင်မယ့် ခြေအိတ်၊ လက်အိတ်တွေသာမက လည်ပင်းမှာ စွပ်ထားလို့ရတဲ့ ခေါင်းအုံးကလည်း သင်ခရီးသွားရာမှာ သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။

 

၂၁။     လေကြောင်းလိုင်းပေါ်မူတည်ပြီး အစားအသောက်တွေကလည်း ကွားခြားနိုင်ပါတယ်။

သင့်ခရီးစဉ်ဟာ တိုတောင်းတယ်ဆိုရင်တော့ ထမင်းတစ်နပ်သာ ရရှိမည်ဖြစ်ပြီး အချိန်ကြာမြင့်စွာ စီးနင်းလိုက်ပါရမယ်ဆိုရင် တစ်ကြိမ်ထက်မက ပိုမို ရရှိမှာဖြစ်ပါတယ်။

 

၂၂။     လေယာဉ်ဆိုက်ဆိုက်ချင်း အလျင်စလို မထလိုက်ပါနဲ့။

လေယာဉ်ပေါ်မှ တာဝန်ရှိသူတွေမပြောမချင်း မိမိရဲ့ ထိုင်ခုံနေရာမှာပဲ စိတ်ရှည်လက်ရှည် ထိုင်စောင့်နေရပါမယ်။ လေယာဉ်ပေါ်မှ ဆင်းလို့ရပြီပြောတော့မှသာ မိမိပစ္စည်းတွေကိုယူ၍ လေယာဉ်ပေါ်မှ ဆင်းရပါမယ်။

 

သင့်အနေနဲ့ ပထမဦးဆုံးအကြိမ် လေယာဉ်စီးပြီး ခရီးထွက်မယ်ဆိုရင် လူပင်ပန်း စိတ်ပင်ပန်းရုံသာမက အခြားအခက်အခဲတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း စိတ်မပူပါနဲ့ . . . အထက်မှာ ဖော်ပြပေးထားတဲ့ အချက်အလက်တွေအတိုင်းသာ လိုက်လုပ်မယ်ဆိုရင်တော့ သင့်အနေနဲ့ ခက်ခဲမှာ မဟုတ်ပါဘူး။ ဒါ့အပြင် လေယာဉ်ပေါ်ကနေ မြင်တွေ့ရမယ့် မြင်ကွင်းတွေကလည်း သင့်အတွက် အဖိုးဖြတ်နိုင်မှာ မဟုတ်ပါဘူး . . .

<Unicode Version>

 

 

 

သင့္အေနနဲ႕ ပထမဦးဆုံးအႀကိမ္အျဖစ္ ေလယာဥ္ျဖင့္ ခရီးသြားေတာ့မယ္ဆိုရင္ အေျခခံအားျဖင့္ သိထားသင့္သည့္အခ်က္မ်ား။

 

၁။       ေလယာဥ္ေပၚကို သယ္ေဆာင္ခြင့္မျပဳသည့္ ပစၥည္းမ်ားကို သိရွိေအာင္ အရင္ ျပဳလုပ္ပါ။

တကယ္လို႕ သင့္အေနနဲ႕ ခရီးထြက္ဖို႕ အထုပ္အပိုးျပင္ေတာ့မယ္ဆိုရင္ သင္ ယူေဆာင္လာမယ့္ ပစၥည္းေတြဟာ ေလယာဥ္ေပၚကို သယ္ေဆာင္ခြင့္ျပဳ၊ မျပဳ အရင္ဆုံးသိေအာင္ ျပဳလုပ္သင့္ပါတယ္။ ထို႕ေနာက္မွသာ အထုပ္အပိုးထည့္တာက အေကာင္းဆုံး ျဖစ္ပါလိမ့္မယ္။

 

၂။       ေလဆိပ္သို႔ မသြားမီ မိမိသြားရမယ့္ Terminal နံပါတ္ကို သိေအာင္ လုပ္ပါ။

အထူးသျဖင့္ ေလဆိပ္ႀကီးေတြမွာဆိုရင္ Terminal ေတြ တစ္ခုနဲ႕တစ္ခု အရမ္းေဝးကြာေနတတ္ပါတယ္။ ထို႕ေၾကာင့္ မိမိသြားရမယ့္ Terminal နံပါတ္ကို ႀကိဳတင္သိရွိမယ္ဆိုရင္ အခ်ိန္ကုန္၊ လူပင္ပန္း သက္သာေစမွာ ျဖစ္ပါတယ္။

 

 

၃။       ေလယာဥ္မထြက္ခြာမီ ေလဆိပ္မွာ ေစာင့္ေနရမယ့္အခ်ိန္ေတြအတြက္ ႀကိဳတင္ျပင္ဆင္ထားပါ။

မုံမွန္အားျဖင့္ ျပည္တြင္းခရီးဆိုရင္ (၂)နာရီ၊ ျပည္ပခရီးဆိုရင္ (၃)နာရီ ေလယာဥ္မထြက္မီအလ်င္ ေလဆိပ္သို႕ေရာက္ေအာင္သြားဖို႕ လိုအပ္ပါတယ္။ ထိုသို႕ ေလယာဥ္ေစာင့္ဆိုင္းေနရမယ့္ အခ်ိန္မ်ိဳးမွာ အခ်ိန္ကို အက်ိဳးရွိရွိအသုံးခ်ႏိုင္ေအာင္ မိမိလုပ္စရာရွိသည့္ ကိစၥရပ္မ်ားအတြက္ ႀကိဳတင္ ျပင္ဆင္သြားသင့္ပါတယ္။

 

၄။       Check in လုပ္ဖို႕လည္း မေမ့ပါနဲ႕။

ပုံမွန္အားျဖင့္ ေလယာဥ္မထြက္ခြာမီ တစ္နာရီအလိုျဖစ္ေစ၊ Online ကေန အခ်ိန္ေစာ၍ျဖစ္ေစ ႀကိဳတင္ Check in လုပ္လို႕ရပါတယ္။ မိမိထိုင္ခ်င္တ့ဲ ေနရာကို စိတ္ႀကိဳက္ ေရြးခ်ယ္လို႕ရတာေၾကာင့္ Check in ေစာေစာ ျပဳလုပ္ဖို႕ကလည္း အေရးႀကီးပါတယ္။

 

၅။       အေရးႀကီးပစၥည္းမ်ားကို လက္ကိုင္အိတ္ထဲသို႕ ထည့္၍ မိမိနဲ႕အတူတူ သယ္ေဆာင္သြားပါ။

ေလယာဥ္ေပၚသို႕ ခရီးေဆာင္အိတ္ကို မိမိနဲ႕အတူတူ ယူေဆာင္သြားလို႕မရေပမယ့္ လက္ကိုင္အိတ္ (Hand Carry) ေတာ့ ယူသြားလို႕ရပါတယ္။ ဖုန္း၊ ပိုက္ဆံအိတ္၊ Lap Top ၊ Passport နဲ႕ အျခားအေရးႀကီးပစၥည္းမ်ားကို ထိုလက္ကိုင္အိတ္ထဲသို႕ ထည့္ထားလို႕ရပါတယ္။

SONY DSC

 

၆။       အျပင္မွာ ပူသည္ျဖစ္ေစ၊ ေအးသည္ျဖစ္ေစ၊ မိမိနဲ႕အတူ ေလယာဥ္ေပၚသို႕ ဆြယ္တာတစ္ထည္ ယူေဆာင္သြားပါ။

မိမိသြားမယ့္ ေနရာအေပၚ မူတည္ၿပီး ျပင္ပ ရာသီဥတု အေျပာင္းအလဲေၾကာင့္ျဖစ္ေစ၊ အပူခ်ိန္အေျပာင္းအလဲေၾကာင့္ျဖစ္ေစ၊ ေလယာဥ္ေပၚတြင္ အလြန္ေအးႏိုင္ေသာေၾကာင့္ ဆြယ္တာတစ္ထည္ ယူေဆာင္သြားသင့္ပါတယ္။

 

၇။       ခရီးေဆာင္အိတ္ အမ်ားႀကီး သယ္ေဆာင္သြားျခင္မ်ိဳးကို ေရွာင္ၾကဥ္ပါ။

ေလယာဥ္ေပၚသို႕ သယ္ေဆာင္လို႕ရတ့ဲ အေလးခ်ိန္ပမာဏကို သတ္မွတ္ထားေသာေၾကာင့္ ယူေဆာင္သြားလို႕ရတ့ဲ ပမာဏနဲ႕ ခ်ိန္ဆၿပီး ခရီးေဆာင္အိတ္ကို ျပင္ဆင္သင့္ပါတယ္။

 

၈။       ခရီးရွည္ျဖစ္ပါက သက္ေတာင့္သက္သာျဖစ္ေစမယ့္ အဝတ္အစားကိုသာ ဝတ္ဆင္ပါ။

သင့္ရဲ႕ ဝတ္ပုံစားပုံနဲ႕ ပက္သက္ၿပီး အရမ္းႀကီး မစိုးရိမ္ပါနဲ႕။ အဓိကကေတာ့ အၾကာႀကီးသြားရမယ့္ ခရီးရွည္တစ္ခုကို သက္ေတာင့္သက္သာျဖစ္ေအာင္ သြားဖို႕ကသာ အေရးႀကီးပါတယ္။

 

၉။       လုံၿခံဳေရးအရ စစ္ေဆးခံရၿပီးေနာက္ ေလယာဥ္ထြက္ခြာမည့္ေနရာတြင္ ေစာင့္ဆိုင္းပါ။

လုံၿခံဳေရးအရ စစ္ေဆးခံရၿပီးေနာက္ပိုင္း သင့္ ေလယာဥ္ထြက္ခြာမည့္ ဂိတ္ကို သိရွိေအာင္ လုပ္ပါ။ သင့္ရဲ႕ Boarding Pass တြင္သာမကပဲ ေလဆိပ္အတြင္းရွိ Monitor အခ်ိဳ႕မွာလည္း ေလယာဥ္ထြက္ခြာမည့္ Gate ကို ေဖာ္ျပေပးေနပါလိမ့္မယ္။

 

၁၀။     ေလယာဥ္ေပၚတက္ကာနီးတြင္ သင့္ရဲ႕ ထြက္ခြာခြင့္ (သို႕) Passport ကို စစ္ေဆးပါလိမ့္မယ္။

သင့္ရဲ႕ ထြက္ခြာခြင့္ (သိို႕) Passport နဲ႕ အျခားသက္ဆိုင္တ့ဲ စာရြက္စာတမ္းေတြကို ဂရုစိုက္၍ လက္ကကိုင္ေဆာင္သြားပါ။ တကယ္လို႕ ျပည္တြင္း ခရီးစဥ္ဆိုရင္ေတာ့ သင့္အေနနဲ႕ Passport ျပစရာ မလိုပါဘူး။

 

၁၁။     ေလယာဥ္စီးေနခ်ိန္တြင္ ပီေကဝါးျခင္းက သင့္ကို သက္ေတာင့္သက္သာ ျဖစ္ေနပါလိမ့္မယ္။

ေလယာဥ္ ထြက္ခြာခ်ိန္နဲ႕ ေလယာဥ္ ဆိုက္ေရာက္ခ်ိန္တို႕တြင္ ရုတ္တရက္ျဖစ္ေပၚလာေသာ ေလထုအေျပာင္းအလဲေၾကာင့္ နားအူျခင္း၊ နားပိတ္ျခင္းတို႕ကို ျဖစ္ေပၚေစပါတယ္။ ဖိအားအခ်ိဳ႕ကို ေလ်ာ့က်ဖို႕ဆိုရင္ ႏွာေခါင္းကိုပိတ္ထားၿပီး ပါးစပ္ျဖင့္ ေလကို ရွဴထုတ္ေပးပါ။ ေနာက္တစ္နည္းအားျဖင့္ ပီေကဝါးေနျခင္းကလည္း ေလဖိအားအေျပာင္းအလဲဒဏ္ကို သက္သာေစပါတယ္။

 

၁၂။     ျပတင္းေပါက္နဲ႕ ကပ္လ်က္ထိုင္ခံုမွာ ထိုင္ႏိုင္ေအာင္ ႀကိဳးစားပါ။

တကယ္လို႕ သင့္အေနနဲ႕ ေလယာဥ္နဲ႕ ပထမဦးဆုံး ခရီးသြားဖူးတာဆိုရင္ အေပၚစီးမွ ျမင္ေတြ႕ရမယ့္ သဘာဝရႈခင္း၊ ျမင္ကြင္းေတြကို ၾကည့္ရႈခံစားႏိုင္မွာ ျဖစ္ပါတယ္။ (တကယ္လို႕ ျပတင္းေပါက္ေဘးမွာသာ ထိုင္မယ္ဆိုရင္ေပါ့) ရင္သပ္ရႈေမာဖြယ္ေကာင္းတ့ဲ ရႈခင္းေတြ၊ ျမင္ကြင္းေတြကို ရိုက္ယူႏိုင္ဖို႕အတြက္လည္း ဖုန္းကို အဆင့္သင့္ထုတ္ထားပါ။ (Airplane Mode ေတာ့ လုပ္ထားေပးဖို႕ လိုပါတယ္ေနာ္ . . .)

 

၁၃။     ေလယာဥ္ပထမဆုံးစီးဖူးတ့ဲသူဆိုရင္ ေလယာဥ္မူးျခင္းဒုကၡကို ႀကံဳေတြ႕ႏိုင္ပါတယ္။

သင့္ရဲ႕ ခရီးစဥ္ဟာ ပ်င္းဖို႕ေကာင္းေနတယ္ဆိုရင္ေတာင္ ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ဖို႕က အေရးႀကီးပါတယ္။ တကယ္လို႕ သင့္အေနနဲ႕ မူးေဝၿပီး ေအာ့အန္ခ်င္တယ္လို႕ ခံစားရတယ္ဆိုရင္ သင့္ထိုင္ခုံမွာ အသင့္ရွိေနတ့ဲ အိတ္ကို အသုံးျပဳလို႕ရၿပီး ေလယာဥ္ေပၚမွ တာဝန္ရွိသူေတြထံမွ  ေသာက္ေရကို  ေတာင္းလို႕ရပါတယ္။ တကယ္လို႕ အေျခအေနဆိုးတစ္ခုခုႀကံဳေတြ႕ရပါက (ရာသီးဥတု ဆိုးရြားျခင္း၊ ျမဴႏွင္းမ်ား ဖုံးေနျခင္း) ေလယာဥ္မွဴးမွ ႀကိဳတင္ သတိေပးမွာ ျဖစ္ပါတယ္။

 

၁၄။     ေလယာဥ္ေပၚေရာက္ၿပီဆိုတာနဲ႕ ဖုန္းကို Airplane Mode လုပ္ဖို႕ မေမ့ပါနဲ႕။

ေလယာဥ္ေပၚသုိ႕မတက္မီ စာပို႕ျခင္း၊ ဖုန္းေျပာျခင္းနဲ႕ အျခား ဖုန္းအသုံးျပဳ၍ လုပ္စရာရွိသည့္ ကိစၥရပ္မ်ားကို အၿပီးသတ္လုပ္ေဆာင္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ ေလယာဥ္ေပၚသို႕  ေရာက္ၿပီဆိုတာႏွင့္တၿပိဳင္နက္ သင့္ဖုန္းကို Airplane Mode လုပ္ထားရမွာ ျဖစ္ပါတယ္။

 

၁၅။     နားပိတ္တ့ဲအဆို႕ကိုလည္း လိုရမယ္ရ ေဆာင္သြားပါ။

တကယ္လို႕ သင့္အေနနဲ႕ ခရီးရွည္သြားရမယ္ဆိုရင္ ေအာ္ဟစ္ငိုယိုေနတ့ဲ ကေလးငယ္ေတြ၊ အိပ္သည့္အခါ ေဟာက္တတ္တ့ဲသူေတြ ေလယာဥ္ေပၚမွာ ပါလာခ့ဲမယ္ဆိုရင္ေတာ့ သင့္အေနနဲ႕ ေကာင္းေကာင္းမြန္မြန္ အနားယူႏိုင္မွာ မဟုတ္ပါဘူး။ ထို႕ေၾကာင့္ လိုရမယ္ရ နားပိတ္တ့ဲအဆို႕ေလးကို ယူေဆာင္သြားဖို႕လည္း အႀကံျပဳပါရေစ။

 

၁၆။     သင္သြားမယ့္ခရီးစဥ္က ႏိုင္ငံျခားခရီးစဥ္ျဖစ္ေနမယ္ဆိုရင္ေတာ့ Special Form တစ္ခ်ိဳ႕ကို ျဖည့္ဖို႕ လိုအပ္ပါတယ္။

သင့္အေနနဲ႕ ႏိုင္ငံျခားခရီးစဥ္သြားမယ္ဆိုရင္ ေလယာဥ္ေပၚ၌ တာဝန္ရွိဝန္ထမ္းမ်ားမွ သင့္ရဲ႕ ခရီးစဥ္နဲ႕ ပက္သက္တ့ဲ Custom form အခ်ိဳ႕ကို ေပးမွာျဖစ္ပါတယ္။ တကယ္လို႕ သင့္အေနနဲ႕သာ ထို Form ေတြကို ေလယာဥ္ေပၚမွာ မျဖည့္ဘဲ ေလဆိပ္ေရာက္မွ ျဖည့္မယ္ဆိုရင္ေတာ့ ပိုမိုမ်ားျပားတ့ဲ Form ေတြကို ျဖည့္ရမွာ ျဖစ္ပါတယ္။

 

၁၇။     ေလယာဥ္ဆိုက္ၿပီးေနာက္ သင့္ရဲ႕ ခရီးေဆာင္အိတ္ကို ကိုယ္တိုင္ကိုယ္က် သြားယူရမွာျဖစ္ပါတယ္။

ေလယာဥ္ဆိုက္ၿပီး ေလဆိပ္ေရာက္ၿပီဆိုတာနဲ႕ ခရီးေဆာင္အိတ္ေတြကို Conveyor Belt (ခရီးေဆာင္အိတ္ သယ္ယူပို႕ေဆာင္ေရး) မွာ မိမိရဲ႕ Boarding Pass ေပၚမွာပါတ့ဲ ေလယာဥ္နံပါတ္နဲ႕ တိုက္စစ္ၿပီး ကိုယ္တိုင္ သြားေရြးယူရမွာ ျဖစ္ပါတယ္။ တစ္ခါတစ္ရံမွာေတာ့ ခရီးေဆာင္အိတ္ သယ္ယူပို႕ေဆာင္ေရးဟာ အခ်ိ္န္ၾကာတတ္တာေၾကာင့္ သင့္ရဲ႕ အိတ္ေတြကို မေတြ႕လို႕ဆိုၿပီး မလန္႕သြားပါနဲ႕။

 

၁၈။     ေလယာဥ္ေတာ္ေတာ္မ်ားမ်ားမွာေတာ့ ထိုင္ခုံတိုင္းမွာ Persoanl TV Screen ေတြ ပါရွိပါတယ္။

သင့္အေနနဲ႕ ေလယာဥ္စီးေနခ်ိန္မွာ အပ်င္းေျပ ၾကည့္ရႈနားဆင္ဖို႕အတြက္ သီခ်င္းေတြ၊ ရုပ္ရွင္ေတြကို Download ဆြဲသြားသင့္ပါတယ္။ သို႕ေပမယ့္လည္း တစ္ခ်ိဳ႕ ေလယာဥ္ေတြမွာေတာ့ ထိုင္ခုံတစ္ခုံခ်င္းစီအလိုက္ Personal TV Screen ေတြ ပါရွိပါတယ္။

 

၁၉။     ေရဓာတ္ျပည့္ဝေအာင္ ေနဖို႕လည္း အေရးႀကီးပါတယ္။

ေလယာဥ္ေပၚ၌ သဘာဝေလရရွိမႈမရွိေသာေၾကာင့္ သင့္အသားအရည္ကို ေျခာက္ေသြ႕ေစႏိုင္ပါတယ္။ ထို႕ေၾကာင့္ သင့္အေနနဲ႕ ေရဓာတ္ခမ္းေျခာက္ျခင္း မျဖစ္ရေလေအာင္ ေရမ်ားမ်ားေသာက္ေပးဖို႕ လိုအပ္ပါတယ္။

 

၂၀။     Neck Pillow ကို ယူေဆာင္သြားပါ။

တကယ္လို႕ သင့္အေနနဲ႕ ေလယာဥ္ေပၚမွာ နာရီအေတာ္ၾကာ စီးနင္းလိုက္ပါရမယ္ဆိုရင္ သင့္အတြက္ သက္ေတာင့္သက္သာျဖစ္ေစမယ့္ အရာေတြကို ယူေဆာင္သြားသင့္ပါတယ္။ ၿခံဳေစာင္ တစ္ထည္၊ ေျခဖ်ား လက္ဖ်ားေတြ ေႏြးေႏြးေထြးေထြးျဖစ္ေစႏိုင္မယ့္ ေျခအိတ္၊ လက္အိတ္ေတြသာမက လည္ပင္းမွာ စြပ္ထားလို႕ရတ့ဲ ေခါင္းအုံးကလည္း သင္ခရီးသြားရာမွာ သက္ေတာင့္သက္သာ ျဖစ္ေစႏိုင္ပါတယ္။

 

၂၁။     ေလေၾကာင္းလိုင္းေပၚမူတည္ၿပီး အစားအေသာက္ေတြကလည္း ကြားျခားႏိုင္ပါတယ္။

သင့္ခရီးစဥ္ဟာ တိုေတာင္းတယ္ဆိုရင္ေတာ့ ထမင္းတစ္နပ္သာ ရရွိမည္ျဖစ္ၿပီး အခ်ိန္ၾကာျမင့္စြာ စီးနင္းလိုက္ပါရမယ္ဆိုရင္ တစ္ႀကိမ္ထက္မက ပိုမို ရရွိမွာျဖစ္ပါတယ္။

 

၂၂။     ေလယာဥ္ဆိုက္ဆိုက္ခ်င္း အလ်င္စလို မထလိုက္ပါနဲ႕။

ေလယာဥ္ေပၚမွ တာဝန္ရွိသူေတြမေျပာမခ်င္း မိမိရဲ႕ ထိုင္ခုံေနရာမွာပဲ စိတ္ရွည္လက္ရွည္ ထိုင္ေစာင့္ေနရပါမယ္။ ေလယာဥ္ေပၚမွ ဆင္းလို႕ရၿပီေျပာေတာ့မွသာ မိမိပစၥည္းေတြကိုယူ၍ ေလယာဥ္ေပၚမွ ဆင္းရပါမယ္။

 

သင့္အေနနဲ႕ ပထမဦးဆုံးအႀကိမ္ ေလယာဥ္စီးၿပီး ခရီးထြက္မယ္ဆိုရင္ လူပင္ပန္း စိတ္ပင္ပန္းရုံသာမက အျခားအခက္အခဲေတြလည္း ရွိႏိုင္ပါတယ္။ ဒါေပမယ့္လည္း စိတ္မပူပါနဲ႕ . . . အထက္မွာ ေဖာ္ျပေပးထားတ့ဲ အခ်က္အလက္ေတြအတိုင္းသာ လိုက္လုပ္မယ္ဆိုရင္ေတာ့ သင့္အေနနဲ႕ ခက္ခဲမွာ မဟုတ္ပါဘူး။ ဒါ့အျပင္ ေလယာဥ္ေပၚကေန ျမင္ေတြ႕ရမယ့္ ျမင္ကြင္းေတြကလည္း သင့္အတြက္ အဖိုးျဖတ္ႏိုင္မွာ မဟုတ္ပါဘူး . . .

<Zawgyi Version>

 

#ST (Soshwe)

#soshwelifestyle

#soshweforyourdailylife

#likeandshare

About admin

Check Also

ဘယ်ဘက်ဖြင့် လုံးဝမပြုလုပ်သင့်သည့်အရာများ။

၁။ ထမင်းဝိုင်း။ ကောင်းမွန်သည့် ထမင်းဝိုင်း၌ အစားအသောက်၊ သောက်ရေတို့နဲ့ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာရန်လိုအပ်ပါတယ်။ ထမင်းဝိုင်းမှ ဟင်းပန်းကန်များကို တူညီသည့်ဘက်တစ်ခုတည်းကိုသာ ပေးသင့်သည်ဟုဆိုကြပြီး “ဘယ်ဘက်ကိုပေးလိုက်။” ဟု …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro